ဇူလိုင်လ ရ ရက်နေ့ ဗုဒ္ဓဂယာ ဗုံးခွဲ တိုက်ခဲ့ကြသူများသည် ကြီးမားသော ကျောက်သား ဗုဒ္ဓ
ဆင်းတုတော်ကြီး အနီးတွင် ဗုံးတစ်လုံးကို ထားခဲ့ကြကြောင်း၊ သို့ရာတွင် အဆိုပါဗုံးမှာပေါက်
ကွဲခဲ့ခြင်းမရှိဟု အိန္ဒိယရဲများက ဇူလိုင်လ ၉ ရက်နေ့တွင် ပြောသည်။
ပေါက်ကွဲစေနိုင်သည့် ပစ္စည်းတစ်ခု ကို ဉာဏ်တော် ပေ ၈၀ (၂၄ မီတာ) အမြင့်ရှိသော ဗုဒ္ဓ
ဆင်းတုတော်ကြီး တစ်ဆူပေါ်သို့ တက်ရာ လမ်းတစ်ဝက် ခန့်တွင် တပ်ဆင်ထားခဲ့ကြောင်း
ရဲများ နှင့် ကျောင်းတော်ရာ ဂေါပကများက ပြောကြားခဲ့သည်။
ယင်းဆင်းတုတော်ကြီးသည် ဂျပန်နိုင်ငံ၏ လှူဒါန်းငွေဖြင့် ၁၉၈၁ ခုနှစ်က တည်ဆောက် ခဲ့ခြင်း
ဖြစ်သည်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း မဇ္စျိမဒေသ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ထားရာ ဗုဒ္ဓ
ဂယာတွင် ဇူလိုင်လ ရ ရက်နေ့က ဗုံးများဆက်တိုက်ပေါက် ကွဲခဲ့ရာ ဗုဒ္ဓဘာသာ ရဟန်းနှစ်ပါး
ဒဏ်ရာရရှိသွားသည်။
သမိုင်းဝင် ဘုရားကျောင်းတော်မှာမူ ပျက်စီးခြင်း မရှိခဲ့ဟု သိရသည်။ ဗုဒ္ဓဘာသာဝင် ဘုရားဖူး
များနှင့် အခြားဧည့်သည်များ လာရောက်လည်ပတ်ရာ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓ ဂယာတွင် ဗုံးကိုး
လုံး ပေါက်ကွဲခဲ့ရာ အိန္ဒိယအစိုးရက အကြမ်းဖက်တိုက်ခိုက် မှုဟု ပြောခဲ့သည်။
မည်သူကမျှ ၎င်းတို့ ၏လက်ချက်ဟု ထုတ်ဖော်ဝန်ခံမှု မပြု သေးချေ။ ဗုံးလေးလုံးမှာ ဂူဘုရား
အတွင်း၌ လည်းကောင်း၊ သုံးလုံးမှာ ကာမပ ဘုန်းတော်ကြီးကျောင်း အနီးတွင်လည်းကောင်း၊
ဗုဒ္ဓရုပ်ပွားဆင်းတုတော်အနီး၌ တစ်လုံးနှင့် ကမ္ဘာလှည့်ခရီးသည်များ ဘတ်စ်ကားဂိတ်အနီး၌
တစ်လုံး အသီးသီး ပေါက်ကွဲခဲ့သည်။
ဘီစီ ၅၃၁ က မြတ်စွာဘုရားသည် ဗောဓိပင်နှင့်ရွှေပလ္လင် အောင်တော်မူရာ ဗောဓိညောင်ပင်
ရှိသည်ဟု ဗုဒ္ဓ ဘာသာဝင်တို့ ယုံကြည်ကြသော ဗုဒ္ဓ ဂယာတွင် ဂူဘုရား၊ စေတီများနှင့် အတူ
ကမ္ဘာတစ်ဝန်းမှ ရဟန်း သံဃာတော်များ သီတင်းသုံးနေထိုင်ရာ ဘုန်းတော်ကြီး ကျောင်းပေါင်း
များစွာ လည်းရှိသည်။

"ဗောဓိပင်ကို ဘာမှ ထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး"ဟု ဘီဟာပြည်နယ် ရဲအရာရှိက ပြောသည်။
ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားသော ဘာသာရေး
အထွတ်အမြတ် နေရာတွင် ဤသို့ အကြမ်းဖက်လုပ်ရပ် ကို ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ရှုတ်
ချ လိုက်သည်။
အငယ်တန်း ပြည်ထဲရေး ၀န်ကြီး အာရ်ပီအင်န်ဆင်းက သတင်း ထောက်များအား "ဒါက အကြမ်း
ဖက် လုပ်ရပ်ဆိုတာရှင်းပါတယ်။ စုံစမ်းရေး အဖွဲ့က စုံစမ်းနေပါတယ်"ဟု ပြော ကြားသည်။
လွန်ခဲ့သော ဆောင်းရာသီအတွင်း ကပင် နယူးဒေလီရှိ ရဲဌာနက ပြည်နယ် ရဲတပ်ဖွဲ့များသို့ သတိ
ပေးညွှန်ကြားမှု များ ပြုလုပ်ခဲ့သေးသည်။ အိန္ဒိယ မူဂျာ ဟစ်ဒင်အုပ်စုမှ အစ္စလမ္မစ် စစ်သွေးကြွ များ
သည် ဗုဒ္ဓဂယာတွင် အကြမ်းဖက် တိုက်ခိုက်မှုများလုပ်ရန် စီစဉ်ကြံစည် နေကြောင်း သတိပေးခဲ့သေး
သည်။
အိန္ဒိယ မူဂျာဟစ်ဒင်များသည် မကြာ မီနှစ်များအတွင်း အကြမ်းဖက် တိုက် ခိုက်မှုများပြုလုပ်ခဲ့
ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ကြသည်။ သို့သော် ဗုဒ္ဓဘာသာ ၀င်များအပေါ် တိုက်ခိုက်မှုမျိုးမှာ
အိန္ဒိယတွင် အလွန်ရှားပါးသည်။
ယခု ဗုံးပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် တိဗက်ဘုန်းတော်ကြီး တစ်ပါးနှင့် အသက် ၃၀
အရွယ် မြန်မာ သံဃာတော်တစ်ပါးတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့ ခဲ့ရ
သည်။
"ထူးခြားအံ့ဩဖွယ်ကောင်းတာက ဗုဒ္ဓရုပ်ပွားဆင်းတုတော် လုံးဝ ထိခိုက် ပျက်စီးမှုမရှိခဲ့ဘူး။
ဆင်းတုတော် တစ်ဆူရဲ့ ခြေတော်ရင်းမှာ ဗုံးတစ်လုံး ထောင်ထားတယ်။ ဒါပေမဲ့ အဲဒီဗုံးက
မပေါက်ခဲ့ဘူး"ဟု ယင်းနေရာရှိ သီရိ လင်္ကာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဟီမာရာသာနက
ဆိုသည်။
ဇူလိုင်လ ၆ ရက်နေ့ ဗုဒ္ဓဂယာ ဗုံးခွဲ တိုက်ခိုက်ခံရမှုနှင့်စပ်လျဉ်း၍ အိန္ဒိယ ရဲများက ဇူလိုင်လ ရ
ရက်နေ့မှာပင် လူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် ပေါက်ကွဲစေသောပစ္စည်း
များထောင်နေသည့် အမျိုးသားနှစ်ဦး၏ ရုပ်မြင်သံကြား ဗီဒီယိုကင်မရာဖြင့် ဖမ်းယူထားသည့်
စီစီတီဗီကို အသေးစိတ် စစ်ဆေးလေ့လာလျက်ရှိသည်။
"စီစီတီဗီက ရုပ်သံမှတ်တမ်းအရ ဗုံးထောင်တဲ့ လူနှစ်ဦးဟာ ဘယ်သူဘယ်ဝါတွေလဲဆိုတာကို
ဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့က အစွမ်းကုန် ကြိုးစားနေပါတယ်" ဟု ဒေသခံရဲအရာရှိ ချန်ဒန်ကုရှ်ဝါဟာ
က အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သူ တစ်ဦးတစ်
ယောက်ကမျှ တာဝန်ယူ ပြောဆိုခြင်း မရှိသေးသော်လည်း ပေါက်ကွဲမှုနှင့်ဆက်နွှယ်နေသည့်
လူတစ်ဦးကို ရဲကဖမ်းဆီး၍စစ်ဆေးလျက်ရှိသည်။
"ဗီနော့မစ်ထရီလို့ ဖော်ထုတ်ရမိတဲ့ လူကို ဗုဒ္ဓဂယာ ဗုံးခွဲမှုနဲ့ ဆက်နွှယ်ပြီးတော့ ထိန်းသိမ်းထားပါ
တယ်"ဟု ပြည်နယ်ရဲအရာရှိ အက်စ်ကေဘာရာဝါ့ဂျ်က ဆိုသည်။ ရဲများသည် မစ်ထရီကို မော်ဝါဒီ
သူပုန်များအဓိက ကျက်စားရာ ဘာရာ ချတ်တီဒေသတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဘာရာဝါ့ဂျ်
က ဆိုသည်။
(အေအက်ဖ်ပီ)

















