အလုပ်သမားအခွင့်အရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတိုးမြှင့်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ကတိပြု

အလုပ်သမားအခွင့်အရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတိုးမြှင့်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ကတိပြု

ဂျနီဗာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူအမြောက်အမြား သေဆုံးခဲ့သော အဝတ်အထည်စက်ရုံ
ပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားများ၏ အခွင့်အရေးနျင့် လုပ်ငန်းခွင် ဘေးအန္တရာယ်
ကင်းရှင်းရေး တိုးမြှင့်ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဇူလိုင်လ ၈ ရက် နေ့၌ ကတိပြုခဲ့ပြီး
အလုပ်သမားအခွင့် အရေးနှင့်ပတ်သက်ပြီး ထိရောက်သည့် တိုးတက်မှုများ မလုပ်ဆောင်လျှင်
ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုကိုထိခိုက် နိုင်မည်ဟု ဥရောပသမဂ္ဂက သတိပေးထားသည်။

"ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သင့်လျော်တဲ့ လုပ်ခလစာ၊ ဗကာင်းမွန်တဲ့ အလုပ်
ခွင် အခြေအနေ တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ် အလုပ်သမား တွေရဲ့အခွင့်အရေးကို ထိန်းသိမ်းပေး
နိုင်တဲ့၊ ွှလုပ်သမားတွေကို လုံခြံုပြီး အန္တရာယ်ကင်းရှင်းတဲ့ ပတ်ဝန်းကျင် တစ်ခုကို ပေးစွမ်းနိုင်တဲ့
အဝတ်အထည် လုပ်ငန်း စက်ရုံတွေ စုဝေးတည်ရှိတဲ့ နေရာတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားပါ
တယ်" ဟု နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ က ဂျနီဗာမြို့၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက အလုပ်သမား အခွင့်အရေးနျင့် အလုပ်ခွင်ဘေးအန္တရာယ် ကင်းရှင်းရေး
တိုးမြှင့်လုပ်ဆောင်ရန် ဥရောပသမဂ္ဂက အဆိုပြုထားသော စာချုပ်တစ်ရပ်ကို သဘောတူခဲ့ပြီးနောက်
၎င်းက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သဘော တူညီချက်တွင် အလုပ်သမားများ၏အခွင့်အရေးကို ထိန်းသိမ်းရန်ကတိပြု
ထားပြီး ယခုနှစ်ကုန်တွင် စက်ရုံစစ်ဆေး ရေးအရာရှိ ၂၀၀ ကျော်ထပ်တိုးမည် ဖြစ်ရာ ဘင်္ဂလား
ဒေ့ရှ်နိုင်ငံတွင် စစ်ဆေး ရေးအရာရှိ စုစုပေါင်း ၈၀၀ ရှိလာ မည်ဖြစ်သည်။

ယင်း သဘောတူညီမှုက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၌ ဧပြီလက ဖြစ်ပွားခဲ့သော လူပေါင်း ၁,၁၂၉ ဦး
သေဆုံးခဲ့သည့် ရာနာပလာဇာ အဆောက်အအုံ ပြိုကျမှု ကဲ့သို့ အဖြစ်ဆိုးမျိုး ထပ်မံဖြစ်ပွားမည်
ကို ရှောင်ရှားရန်ရည်ရွယ်သည်။

"ပြီးခဲ့တဲ့နှစ်လကျော်က ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဟာ တကယ့် ကို လက်မခံနိုင်စရာပါ။
ဒီအခြေအနေ ကို အမြန်ဆုံးပြောင်းလဲဖို့က ကျွန်တော် တို့တာဝန်ဖြစ်ပါတယ်" ဟု ဥရောပ သမဂ္ဂ
ကုန်သွယ်ရေး မဟာမင်းကြီး ကာရဲလ်ဒီဂွတ်ချ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ပါလီမန်က ယခုလ တွင် ဥပဒေသစ်တစ်ရပ် အတည်ပြု နိုင်ရေးအတွက် မျှော်မှန်း
လျက်ရှိသည်။ အဆိုပါဥပဒေမှာ အဝတ်အထည် စက်ရုံ များတွင် အလုပ်သမား အစည်းအရုံးများ
တည်ထောင်ရာ၌ ပိုမို လွယ်ကူစေရန်နျင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားများ
ကို လျော်ကြေးပေး ရန်အတွက် ရည်ရွယ်သည်။

ပထမဦးဆုံးအနေဖြင့် အရေးကြီး သည်မှာ ဥပဒေသစ်ကို အတည်ပြုနိုင် ရေးပင်ဖြစ်ကြောင်း
ဒီဂွတ်ချ်က ပြော ကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ချက်များ
ကို တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂကလည်း ရာနာပလာဇာ ပြိုကျမှုကြောင့် ဒုက္ခိတ ဘဝ
ရောက်သွားရသူများကို အကူအညီ ပေးရန် ကတိပြုခဲ့သည်။

ဥရောပသမဂ္ဂအနေဖြင့် လက်ရှိ အစီအစဉ်များမှ ဘဏ္ဍာငွေများကို ပြန်လည် ခွဲဝေ သတ်မှတ်
သွားဖွယ်ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နည်းပညာ အထောက်အပံ့များလည်း တိုးမြှင့်ပေးသွားမည်
ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆိုပါ ကတိကဝတ်ကို ဒီဂွတ်ချ်က ချီးကျူးပြောဆိုခဲ့သော်လည်း ဘင်္ဂလား
ဒေ့ရှ် အလုပ် သမားများအတွက် တိုးတက်မှု တစ်စုံ တစ်ရာမရှိလျှင် သို့မဟုတ် ထိထိရောက်
ရောက်တိုးတက်မှုမရှိပါက ထိုက်တန် သည့် အရေးယူမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း
သတိပေးပြော ကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလုပ်သမား များ၏ အခြေခံ အခွင့်အရေးများကိုအကာအကွယ်ပေးရန်
ပျက်ကွက်သည့် အတွက် အမေရိကန်အစိုးရက အထူး ကုန်သွယ်ခွင့်များကို ပြီးခဲ့သည့်လနှောင်း
ပိုင်းက ပြန်လည်ရုပ်သိမ်းခဲ့သည်။

(အေအက်ဖ်ပီ)