မိမိဆန္ဒအလျောက် ပြည်ပတွင်နေထိုင်လျက်ရှိသည့် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်
ဆမ်ရိန်စီ သည် ယခုလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများ၌ ပါ၀င်ယှဉ်ပြိုင်နိုင် သည့် အခွင့်
အရေးများ ရှိနေကြောင်း ၎င်း၏ပါတီက ဇူလိုင်လ ရ ရက်နေ့တွင် ကြိုဆိုဖိတ်ခေါ်စကား ဆိုခဲ့သဖြင့်
မိခင်နိုင်ငံသို့ ပြန်လာမည်ဟု ကတိပြုပြောကြားလိုက်သည်။
အာဏာရှင်ဆန်သည့် ခေါင်းဆောင် ဟွန်ဆန်၏ အဓိက ယှဉ်ပြိုင်ဘက်ဟု အများက ရှုမြင်
ထားကြသည့် ဆမ်ရိန်စီသည် ဇူလိုင်လ ၂၈ ရက် ရွေးကောက်ပွဲရက်မတိုင်မီ ကမ္ဘောဒီးယားနိုင်ငံ
သို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နျာပေါ်၌ ရုပ်သံ ဗီဒီယိုတစ်ခု တင်ခဲ့
သည်။
ကမ္ဘောဒီးယားနိုင်ငံကို နျစ်ပေါင်း ၂၈ နျစ်မျှအုပ်ချုပ်ခဲ့သည့် ၀န်ကြီးချုပ် ဟွန်ဆန်မှာ ရွေးကောက်ပွဲ
များတွင် အများစုအနိုင်ရမည်ဟု အများက မျှော်လင့်ထားကြသည်။ ရိန်စီသည် ပြင်သစ်နိုင်ငံ၌ နေ
ထိုင် လျက်ရှိကာ ဗီယက်နမ်နယ်စပ်နျင့် စပ်လျဉ်းသော မြေပုံမှားတစ်ခုထုတ်ဝေခဲ့ခြင်းအပါအဝင် စွဲ
ချက်များ အတွက် ၎င်းမျက်ကွယ်တွင် တရားရုံးက စီရင် ချက်ချမှတ်ခဲ့ပြီးနောက် ပြည်တော်ပြန်လာ
ပါက ထောင်ဒဏ် ၁၁ နှစ်ကျခံ ရမည်ဖြစ်သည်။
"နိုင်ငံ့အတွက် ကျွန်တော့်ဘဝကို စွန့် သွားမှာပါ။ နိုင်ငံကို ဘေးအန္တရာယ် ကနေကယ်တင်ဖို့အ
တွက် ကျွန်တော် သေရဲပါတယ်" ဟု ရိန်စီက ဖေ့စ်ဘွတ်ခ် ရုပ်သံဗီဒီယိုထဲတွင် ပြောကြားခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံမှ စွန့်ခွာထွက်ပြေးခဲ့သူ အတိုက်အခံခေါင်းဆောင်သည်
လွန်ခဲ့သည့်နှစ်က ပြည်တော်ပြန်မည့် အကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့သည့်တိုင် ဖြစ်မလာ
ခဲ့သေးချေ။
"သူပြန်လာမလာဆိုတာ ကျွန်တော်တို့စောင့်ကြည့်ရဦးမှာပါ။ ပြန်လာရင် ဖမ်းခံရမလားဆိုတာကို
လည်း တရား ရုံးကို မေးရပါမယ်" ဟု အစိုး ရပြောခွင့်ရ ပုဂ္ဂိုလ် ခီရူကန်ဟာရစ်က ပြောကြား ခဲ့သည်။
(အေအက်ဖ်ပီ)

















