တရုတ်နိုင်ငံတွင် မိုးသည်းထန်၍ မြေပြိုရာမှ လူ ၄၀ ခန့် သေဆုံး

တရုတ်နိုင်ငံတွင် မိုးသည်းထန်၍ မြေပြိုရာမှ လူ ၄၀ ခန့် သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ ဇူလိုင်လ ၁၀ ရက်နေ့က မိုး သည်းထန်၍ မြေပြိုခြင်းများဖြစ်
ခဲ့ရာ လူနေအိမ်ခြေများနှင့် တံတားများ ပျက်စီးခဲ့ပြီး လူ ၃၀ ကျော်မှ ၄၀ ခန့်အထိ မြေများ ပိ၍
သေဆုံးသွားခဲ့ကြောင်း တရုတ်အရာရှိများက ပြောသည်။

စီချွမ်ပြည်နယ်ရှိ ကျုံရှင်းဒေသ၌ မိုးကြီးရာမှ မြေပြိုကျခဲ့သဖြင့် အိမ် ထောင်စု ၁၁ စု မြေမြုပ်
သွားခဲ့ပြီး ဒေသခံ အခြားလူ ၂၀၀ကျော်ကိုလည်း ဘေးလွတ်ရာသို့ ဖယ်ရှားခဲ့ရကြောင်း စီချွမ်
ပြည်နယ်မြို့တော် ချိန်သူမြို့၏ မီးသတ်ဌာနအရာရှိက ပြောသည်။

"တခြားသူတွေကိုလည်း ကယ်ဆယ်ရေးတွေက ရှာဖွေနေတုန်းပါ။ အခု အထိတော့ မိသားစု
၁၁ စု မြေကြီးထဲမြုပ်သွားတယ်ဆိုတာ သိရပါတယ်" ဟု ၎င်းက အေအက်ဖ်ပီ သတင်းဌာနကို
ဖုန်းဖြင့် ပြောသည်။ စီချွမ်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံဒေသအတော်များများ၌ လွန်ခဲ့သည့်
ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တံတား သုံးစင်းပျက် စီးခဲ့သည်။

ကျန်းယိုဒေသရှိ တံတား တစ်စင်း ဇူလိုင်လ ၉ ရက်နေ့က ပြိုကျခဲ့ ပြီးနောက် ပျောက်ဆုံးသွားသည့်
လူ ၁၂ ဦးကိုရှာဖွေရန် ကယ်ဆယ်ရေး လုပ်သား ၂,၇၀၀ ကိုတာဝန်ပေးထား ကြောင်း အရာရှိများ
ကဆိုသည်။

ယင်းမတော်တဆ ဖြစ်စဉ်များ၌ ပျောက်ဆုံးခဲ့ရသည့် ယာဉ်စီးရေမှာမူ အမျိုးမျိုးကွဲပြားလျက်ရှိသည်။
တံတားပေါ်၌ မီနီဗင်ကားတစ်စီးကို မောင်းနှင်ခဲ့သည့် လင်ရွီဆိုသူက တံတားကျိုးကျစဉ် ရေစီးကြမ်း
သည့် မြစ်တစ်စင်းကိုဖြတ်၍ လက်ပစ်ကူး ခဲ့ရပြီး ဘေးလွတ်ရာသို့ ပြေးခဲ့ရကြောင်း နှင့် တံတားပေါ်
၌ ယာဉ် ၁၅ စီးမှ ၁၈ စီးအထိတွေ့မြင်ခဲ့ရကြောင်း ပြော သည်။

တစ်ချိန်တည်းမှာပင် စီချွမ် ပြည်နယ်နှင့် ယင်းနှင့်ကပ်လျက် ယူနန် ပြည်နယ်တို့ရှိ အိမ်ခြေ ၃၀၀
ခန့်ပျက်စီး ခဲ့ရပြီး လူပေါင်း ၃၆,၈၀၀ ကို နေရာ ပြောင်းရွှေ့ပေးခဲ့ရကြောင်း ရှင်ဟွာ သတင်းကဆို
သည်။

တရုတ်ပြည်၏ အဓိကမြစ်ကြီး အတော်များများမှာ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့ကြသည်
ဟု ယင်းသတင်းကဆိုသည်။ တရုတ်ပြည် အနောက်တောင်ပိုင်း တောင်ထူထပ်သောဒေသမှာ
မြေပြို ရန်နှင့် ငလျင်ဘေးဒဏ်များကို ကြံုနိုင် သည့် အခြေအနေများရှိနေသည့် ဒေသ များဖြစ်
သည်။

တရုတ်ပြည်တွင် အသေအပျောက် အများဆုံး သဘာဝဘေးကြီးကို ၂၀၀၈ ခုနှစ်က စီချွမ်ပြည်
နယ်၌ပင် ငလျင် ဒဏ်ကြံုခဲ့ရပြီး လူပေါင်း ၈၀,၀၀၀ ကျော် သေဆုံးခဲ့သည်။

(အေအက်ဖ်ပီ)