ဒီဒေသမှာရှိကြတဲ့ ကြီးကျယ်ပြီး အောက်ခြေလွတ်တဲ့လူတွေကို အားမနာ တမ်း ဝေဖန်ရှုတ်ချတဲ့
နေရာမှာ စာရေးသူနဲ့ အရည်အချင်းတူတဲ့သူ နည်းလိမ့်မယ်ဆိုတာ သိကြပါတယ်။
ဒီအကြောင်းကိုသာ ခေါင်းထဲမှာ မှတ်သားထားလိုက်ပြီး အောက်မှာ ရေးသားထားတဲ့ အချို့ဖော်
ပြချက်တွေဟာ အလွန် တရာ ဆိုးရွားတဲ့ ဖော်လံဖား၊ ကပ်ပါး ရပ်ပါး ကိစ္စတွေပဲဖြစ်တယ်။ ဘယ်
အရာမှာမှ အမှန်တရားကနေ ဝေးတာမရှိဘူး။
ဒီပွဲကို ကျွန်တော်က Harish & Ernie Show လို့ခေါ်မယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းကြီး
ဟာရစ်မေထာကို စင်ကာပူမှာ လွန်ခဲ့တဲ့ ၂၃ နှစ်က စတင်သိရှိခဲ့ပါတယ်။ သူဟာ ဘစ်ဇနက်
တိုင်း(မ်)က သတင်းစာဆရာ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အဓိက ဒေသ တွင်း အာရုံစူးစိုက်မှု
ကတော့ ဗီယက်နမ် နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အလားအလာ တွေပဲဖြစ်တယ်။ သူဟာ ရံဖန်ရံခါ
ကမ္ဘောဒီးယားနိုင်ငံ အကြောင်းကိုလည်း ရေးတယ်။ နှစ် အတော်ကြာပြီးတဲ့နောက်မှာ ၀န်ကြီး
ချုပ် ဟွန်ဆန်ရဲ့ အတ္ထုပ္ပတ္တိကို ပထမဆုံး ရေးသားခဲ့သူဖြစ်တယ်လို့ ဆိုတယ်။
လွန်ခဲ့တဲ့ ၁၀ ရက်က ဖနွမ်းပင်ပို့စ် သတင်းစာက ဟာရစ်နဲ့ သူ့ဇနီးတို့ကို တွေ့ဆုံမေးမြန်းခဲ့တဲ့
အကြောင်းကို ဖော်ပြခဲ့တယ်။ သူတို့ဇနီးမောင်နှံဟာ အသစ် ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့
တဲ့ Strongman: The Extraordinary Life of Hun Sen စာအုပ်ကို တွဲဖက်ရေးသားခဲ့ကြ
တယ်။ ဒီစာအုပ်နဲ့ပတ်သက်ပြီး ဝေဖန်ချက် တွေကလည်း အကွဲကွဲအပြားပြား ဖော်ပြ ကြတယ်။
ဒါကတော့ အဆန်းမဟုတ်ပါဘူး။ ကောင်းပါတယ်။ ကျွန်တော်တို့ စာရေး ဆရာတွေဟာ ဒါမျိုးကို
မျှော်လင့်ထား ကြပါတယ်။ တချို့လူတွေဟာ သူတစ်ပါးရဲ့ ပြော ဟန်၊ ဆိုဟန်၊ ရေးဟန်တွေကို
တမင် ဖျက်ပြီး ပြက်လုံးထုတ်ခြင်း၊ သရော်ခြင်း ကို မခံစားတတ်ကြပေ။
ဟာရစ်နဲ့ ကျွန်တော်ကတော့ ခံစားတတ်တယ်။ မင်းအတွက်ကတော့ ကောင်းပါ တယ် ဟာရစ်ရေ။
Samdech Decho ရဲ့ သစ္စာခံတွေကတော့ မင်းရဲ့ပြောင်မြောက်တဲ့ အရေးအသားကို အလွန်
သဘောကျကြမှာပဲ။ ဒီကော်လံအတွက် မင်းရဲ့ တွဲဖက်လည်းဖြစ်၊ ငါ့ရဲ့မိတ်ဆွေကောင်းလည်း
ဖြစ်တဲ့ Ernest Bower အတွက်ကတော့ ဒီလိုဖြစ်မလာဘူး။
အိမ်ဖြူတော်က သိပ်မဝေးလှတဲ့F လမ်းက Ocean-aire စားတော်ဆက် မှာ Ernie နဲ့ ပထမဆုံး
တွေ့ဆုံခဲ့တယ်။ သူက Centre for Strategic and International Studies (CSIS) က
အရှေ့တောင်အာရှ အစီအစဉ်ညွှန် ကြားရေးမှူးဖြစ်တယ်။ သူနဲ့ မကြာမကြာ နေ့လယ်စာ
စားဖြစ် တယ်။
ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့အပြင် အမေရိကန်နဲ့ အာရှ ဒေသတွင်း အဆက်အသွယ်
အလွန် ကောင်းတဲ့ လူတစ်ယောက်လို့ပြောရင် မှားမယ်မထင်ဘူး။ ဟာရစ် ချီးကျူးမှုနဲ့ ပြဒါးတစ်
လမ်း သံတစ်လမ်းဖြစ်တဲ့ ဃှှုှ က လုပ်ဖော် ကိုင်ဖက် Amy Killian နဲ့ဘာကြောင့် တွဲဖက်ဆောင်း
ပါးရေးခဲ့တာလဲ။ ရှင်းပြဖို့ကတော့ မလွယ်လှဘူး။ လက်ရှိ ရွေးကောက်ပွဲ နီးလာတဲ့အချိန် မှာ ရိုးစင်း
တဲ့ ကမ္ဘောဒီးယား ပြည်သူ တွေဟာ ကွဲပြားတဲ့ဆန်းစစ်ချက်တွေကို အေးအေးဆေးဆေး လုပ်လေ့
လုပ်ထ မရှိဘူးလို့ အရာရှိတွေက ကျွန်တော်တို့ ကို သတိရဖို့ တိုက်တွန်းနေတာကြောင့် ဖြစ်တယ်။
ဒါတွေပြောပြီးတဲ့နောက်မှာ Ernie ရဲ့ အားပါးတရရှိလှတဲ့ CSIS ၀က်ဘ်ဆိုက် မှ တိုက်ရိုက် ထုတ်
လွှင့်အစီရင်ခံချက် ကို စဉ်းစားကြည့်ရအောင်။ ၀က်ဘ်ဆိုက်ကို ၀င်ကြည့်လို့ရဦးမယ်ဆိုရင် သင့်အ
နေနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။ နိဒါန်းမှာ ဖော်ပြထားတဲ့ မကြားသေးမီနှစ်တွေကစပြီး ASEAN နွေ
ဦးပေါ်လာသလို ရှိတယ်ဆိုတာကလည်း အခြေ အမြစ်ရှိပါတယ်။
"အရှေ့တောင်အာရှတစ်ဝန်း ပြည်သူ တွေနဲ့ မဲဆန္ဒရှင်တို့ဟာ လုပ်ပိုင်ခွင့် အာဏာ၊ အုပ်ချုပ်မှုနဲ့
ဥပဒေစိုးမိုးမှုတွေ အပေါ် သူတို့ရဲ့ မြင့်မားလာတဲ့ မျှော်လင့် ချက်တွေကို သူတို့ရဲ့ အစိုးရတွေကို
ပြောခဲ့ ကြတယ်"လို့ Ernie က ရေးသားခဲ့တယ်။ ညီညွတ်ပါပေတယ်။
ဒါပေမဲ့ လွတ်လပ် တဲ့နွေဦးကို ဗီယက်နမ်လည်း ခံစားနေရ တယ်လို့ သဘာဝယုတ္တိနဲ့မညီဘဲ အသုံး
ပြုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဟာ ဒီ ဦးတည်ချက်ကို ဆန့်ကျင်တဲ့နေရာမှာ ထိပ်ဆုံးကဖြစ်တယ်လို့
ပြောတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ အတိုက်အခံပါတီ ဘယ်နှခုရှိနေတယ် ဆိုတာကို သူသတိမှရ
သေးရဲ့လားလို့ တွေးစရာဖြစ် လာတယ်။ အနည်းအကျဉ်းပဲ ရှိတာပဲဖြစ်ဖြစ်၊ သို့မဟုတ် ရက်ရက်
စက်စက် ထောက်လှမ်းခြင်း ခံနေရတာပဲဖြစ်ဖြစ် အတိုက်အခံပါတီ ၁၄ ခုရှိတယ်။
ဗီယက်နမ်မှာ အတိုက်အခံပါတီ လုံးဝ မရှိပါ။ ပါတီစုံစနစ်သို့ ငြိမ်းချမ်းစွာ ဆင့်ကဲပြောင်းလဲဖို့
အကြံပြုလို့ ထောင်ထဲမှာ ဆင်းရဲဒုက္ခခံနေကြတဲ့ ဗီယက်နမ်ပညာရှင်တွေ၊ ရှေ့နေတွေနဲ့ သတင်း
စာဆရာတွေကို သူရေတွက်မိပါသလား။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အိမ်နီးချင်းနိုင်ငံက
သတင်းစာတွေကို ဗီယက်နမ် ကွန်မြူနစ်ပါတီက ပိုင်ဆိုင် ထုတ်ဝေပြီး တင်းတင်းကျပ်ကျပ်
ဆင်ဆာလုပ်ခြင်းခံရတာကိုရော သူ မှတ်မိပါသလား။
ဒီမှာရှိတဲ့ အစိုးရနဲ့ ဗီယက်နမ် အစိုးရတို့မှာရှိတဲ့ လွတ်လပ်စွာပြော ဆိုခွင့်နဲ့ လူသိရှင်ကြား အစိုးရ
ကို ဝေဖန်ခွင့်ကို နှိုင်းယှဉ်ကြည့်ဖို့ NGO ခေါင်းဆောင်တွေနဲ့ သံတမန်တွေကို သူမေးရဲလား။ သူ
သာ ဒီလိုမေးခဲ့ရင် ဒီမိုကရေစီကျင့်သုံးတာနဲ့ပတ်သက်လို့ "ကမ္ဘောဒီး ယားနိုင်ငံဟာ အာဆီယံ
လုပ်ဖော်ကိုင် ဖက်တို့နဲ့အတူ ရှေ့ကို တိုးတက်မနေဘဲ နိုင်ငံရေးတည်ငြိမ်မှု မရှိတာကြောင့် အိမ်
နီးချင်းနိုင်ငံတွေအတွက် စိုးရိမ်စရာပဲ"လို့ ပြောခဲ့မှာ မဟုတ်ဘူး။
Ernie ငါ့ကို အနားပေးပါဦး။ မင်းက ဟာရစ်ရဲ့စာအုပ်ကို ဓမ္မဓိဋ္ဌာန်ကျအောင် လုပ်ပေးနေသလိုပဲ။
ဒီကိစ္စဟာ လူရွှင်တော်တွေဖြစ်တဲ့ Laurel & Hardy တို့ရဲ့ ဆီးနိတ် လွှတ်တော် နိုင်ငံခြားဆက်ဆံ
ရေးကော်မတီကို အထင်ကြီးအောင်လုပ်တဲ့ပွဲမဟုတ်ဘူး။ ဒါဟာ လေးနက်တဲ့ကိစ္စဖြစ် တယ်။
ဒါကြောင့် ကမ္ဘောဒီးယားပြည်သူတွေဟာ ခင်ဗျားတို့နှစ်ယောက်ဆီက ထိုက်ထိုက်တန်တန်ဖြစ်
သင့်တယ်။
(ဤဆောင်းပါးသည် ရော်ဂျာမစ်တန် ၏ အာဘော်သာဖြစ်သည်)

















