ကမ္ဘောဒီးယား ခမာတိုင်းရင်းဆေးပညာ ပြန်လည်ဖော်ထုတ်

ကမ္ဘောဒီးယား ခမာတိုင်းရင်းဆေးပညာ ပြန်လည်ဖော်ထုတ်

မနွမ်းပင် - ၀ိုင်အရက်ထဲ နျစ်စိမ်ထား တဲ့ အိမ်မြောင်တစ်ကောင်ကို ရင်ကျပ် ရောဂါဆေးလို့
ဘယ်လိုမှ မထင်ရပါဘူး။ ဒါပေမဲ့ ဒီနေ့မှာ ကမ္ဘောဒီးယား တိုင်းရင်း ဆေးဆရာတွေက သူတို့ရဲ့
ရှေးရိုးရာ ကုထုံးတွေကို အထင်အရှား ဖော်ထုတ်နေကြတာကြောင့် ခုလို တိုင်းရင်းဆေးဝါးတွေနဲ့
ကုထုံးတွေကို ဆေးပညာသင်ကျောင်းတွေမှာ သင်ကြားပို့ချပေးနေကြပါပြီ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာတော့ ခရူး ခမာ လူမျိုးတွေရဲ့ တိုင်းရင်းဆေး နည်းကားတွေဟာ အဖေမှ
သား၊ ဉားမှမြေးဆိုသလို အဆင့်ဆင့် တိုးတိုးတိတ်တိတ် ပြောပြမှတ်သား လက်ဆင့်ကမ်း အသုံးချ
ခဲ့ကြရာက ကျွမ်းကျင်တဲ့ တိုင်းရင်းဆေးဆရာတွေလည်း ရှိခဲ့ ကြပါတယ်။

ကမ္ဘောဒီးယားအစိုးရ ကျန်းမာရေး ၀န်ကြီးဌာနဟာ တိုင်းရင်းဆေး အတတ် ပညာကို ပြန်လည်
ဖော်ထုတ်ပြီး လူသိပိုများ ခေတ်စားလာစေဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်ဖောင်ဒေးရှင်းတစ်ခုရဲ့ ငွေကြေး
အကူအညီကိုယူပြီး တိုင်းရင်း ဆေး ပညာသင်ကျောင်း တစ်ကျောင်း ကို ဖွင့်လှစ်ထားပြီး ဖြစ်ပါ
တယ်။

ကမ္ဘောဒီးယားမှာ ခရူးခမာလူမျိုး တိုင်းရင်းဆေးဆရာ ထောင်ချီ ရှိနေပါ တယ်။ သူတို့ဟာ ဆေး
ဖက်ဝင် အပင် တွေရဲ့ အမြစ်၊ ွှခေါက်၊ ွှရွက် စတာတွေကို စနစ်တကျ ပေါင်းစပ်ပြီး အပယိက နာ
ဖျားတာတွေကို ကျွမ်းကျင် ပိုင်နိုင်စွာ ကုသပေးနိုင်ကြပါ တယ်။ ၂၀၀၉ ခုနှစ်က ဖွင့်လှစ်လာခဲ့တဲ့
ကမ္ဘောဒီးယား တိုင်းရင်းဆေး ပညာသင် ကျောင်းဟာ ဒီနေ့အထိ ကျန်းမာရေးနဲ့ ခန္ဓာဗေဒပညာ
ကို အထူး အခြေခံ ထားပြီး ခရူးခမာလူမျိုး သင်တန်းသားပေါင်း ၃၄၅ ဦးကို တိုင်းရင်း ဆေးဆရာ
လောင်းများအဖြစ် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

"ဒီကျောင်းကြီးက မှန်ကန်ပြီး စိတ်ချရတဲ့ ဆေးနည်းကားနဲ့ ကုထုံးတွေကို သင်ကြားပေးတာမို့ ဒီလို
သင်တန်းမျိုး တက်ခွင့်ရတာ ကံကောင်းတယ်ဗျ" လို့ သင်တန်းသားတစ်ဦးက ပြောတယ်။ အပင်
တစ်မျိုးရဲ့ အခေါက်ဟာ ကိုယ့် ရင်နို့ တိုက်ကျွေးတဲ့၊ မိခင်တွေ နို့ရည်အထွက် ကောင်းစေပြီး အန့ံ
အသက် ပြင်းတဲ့ ဒူးရင်းသီးကတော့ ဒူလာရောဂါ အတွက် လူသိများတဲ့ ဆေးနည်းကားတစ်ခု ဖြစ်
တယ်လို့ ဆိုပါတယ်။

အန္တရာယ်မကင်းတဲ့ ရိုးရာကုထုံး တချို့လည်း ရှိပါတယ်။ဥပမာတစ်ခုပြောရရင် အိမ်မှာ ဆန်နဲ့ လုပ်
လို့ရတဲ့ ၀ိုင်အရက် (မငခန တငညန) ကို ကိုယ်ဝန်ဆောင်တွေ တောင် သောက်နိုင်တယ်လို့ ညွှန်း
တာမျိုးတွေပေါ့။ "သင်တန်းသားတွေ ဘိုးစဉ်ဘောင် ဆက် အဆင့်ဆင့် ကြားနာမှတ်သားခဲ့ရတာ
တွေနဲ့နငိင်းရင် ဒီသင်တန်းကတော့ ပိုပြီး လုပ်ငန်းနဲ့ပညာသဘော ပိုပါပါတယ်" လို့ သင်တန်းကို
စီစဉ်ဖွင့် လှစ်တဲ့ တိုင်းရင်းဆေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Cat Mo ရဲ့ ပရောဂျက် မန်နေဂျာ
ကောင်ဆွတ်ဒီနာက ပြောပါ တယ်။

"ကျောင်းသားတွေ သိမှာမဟုတ် တဲ့ ကုသမှုဆိုင်ရာ လူကျင့်ဝတ်စတဲ့ ဘာသာရပ် အတော်များများ
သင်ကြား ပို့ချပေးပါတယ်။" သင်တန်းကာလ ငါးလမှာ ဒေသထဲပေါက်ရောက်တဲ့ ဆေးပင်မျိုးစုံ
လေ့လာ ရေး ခရီးတွေ ပုံမှန်ပို့ဆောင်ပေးပြီး ဒီအပင်တွေရဲ့ သဘာဝ အစွမ်းအာနိသင် တွေကို
လေ့လာစေပါတယ်။ ဥပမာ- ပဋိဇီဝဆေးလို အစွမ်းထက်တဲ့ အပင် တွေ၊ သွေးပြည် မတည်စေနိုင်
တဲ့ အပင် မျိုးတွေ ဖြစ်ပါတယ်။ သင်တန်း နောက်ဆုံး ကွင်းဆင်း လေ့လာရေး ခရီးမှာ အလွန်ထူးခြား
ရှားပါးတဲ့ အပင်မျိုးစိတ်တွေ အများဆုံး ရှိတဲ့ ကမ်းပေါ့ပြည်နယ်ကို သွားခဲ့ကြ တယ်။

"ဘယ်မှာမှ မရှိတော့တဲ့ ဆေးမြစ် တွေကို ကျွန်တော်တို့ အဲဒီဒေသမှာ တွေ့နိုင်ပါသေးတယ်" လို့
ကမ္ဘောဒီး ယားလူမျိုး တိုင်းရင်းဆေးဆရာများ အသင်းဥက္ကဋ္ဌ ကီဘောင်ဟန်က ဆိုပါတယ်။ ကမ္ဘော
ဒီးယားနိုင်ငံရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပါတယ်။ ဒီကျေး
လက်ဒေသ ရွာတွေဆိုတာလည်း ဆေးရုံရှိဖို့နေနေ သာသာ ဆရာဝန်တစ်ယောက်တောင် ရှိချင်မှ
ရှိတတ်ကြပါတယ်။

ရွာခံ ကျန်းမာ ရေးစောင့်ရှောက်မှုတွေ ရှိနေပေမယ့် လည်း ရွာသူရွာသား အတော်များများ ဟာ
တတ်သိကျွမ်းကျင်တဲ့ ဆေးဝါးကုသ မှုကိုယူဖို့ ငွေကြေး မရှိရှာကြပါဘူး။ ခရူးခမာ တိုင်းရင်းဆေး
ဆရာတွေမှာ အကုန်အကျ ပိုသက်သာတဲ့ နည်းတစ်ခုတော့ ရှိနေပါတယ်။ ဒီနည်းနဲ့ သူတို့ အဆင်
ပြေ ကြီးပွားနေကြတယ်လို့ ဆိုနိုင်ပါတယ်။ ဖနွမ်းပင်မြိုကတော် အစွန်အဖျားက အော်ရပ်ဆေးဈေး
မှာ ခရူးခမာ အမျိုးသားတွေ ချထားတဲ့ စားပွဲတွေကို ကြည့်လိုက်ရင် ဆေးပင်ဆေးရွက်နဲ့ တိရစ္ဆာန်
ခန္ဓာကိုယ် အစိတ်အပိုင်းအခြောက်တွေ၊ ဥစ်မြစ်သစ်ခေါက်တွေ တစ်ပုံတစ်ပင်ကြီး စုပုံထားတာ
တွေ့နိုင်ပါတယ်။

အဲဒီမှာ တိုင်းရင်းဆေးကုနည်း တွေနဲ့လည်း ကုသပေးနေပါသေးတယ်။ သော့ဆရေးသွမ်ဆိုတဲ့
သင်တန်းသူလေးဟာ သင်တန်းဆင်းပြီးတာနဲ့ အော်ရပ်ဆေးဈေးမှာ တိုင်းရင်းဆေးဆိုင် တစ်ဆိုင်
ဖွင့်လိုက်တယ်။

"ဈေးဝယ်လာသူတချို့က အဖျားသွေးကျဖို့ ဘယ် ဆေးပင် လိုချင်တယ်ဆိုပါစို့။ကျွန်မက ဆေးမြစ်
လေးငါးမျိုးကို ရောစပ်ပြီး ပေး လိုက်တာပါပဲ" လို့ သူက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ဝေဒနာသည်တွေကလည်း နည်းနည်း ပါးပါး ဗိုက်နာ၊ ဗလအောင့် အမော ဖောက်တာမျိုးဆိုရင်
ခရူးခမာ တိုင်းရင်း ဆေးဆရာတွေဆီပဲ သွားတတ်ကြ တယ်။ ဒီဝေဒနာတွေက သိပ်ပြီး ဂရုစိုက်
စရာလည်း မလိုအပ်၊ ျွှကယ့် ဆရာဝန်တစ်ယောက်ကို ပေးရသလောက်လည်း မများတာကြောင့်
ပါပဲ။

နိုင်ငံသားတွေမှာ ဆေးရုံတက် ဆရာ ၀န်နဲ့ ကုသခံကြဖို့ ငွေကြေး အလုံ အလောက် မရှိကြရာမှာ
တိုင်းရင်းဆေးဝါးများနဲ့ နိုင်ငံရဲ့ အဆင်းရဲဆုံး လူသားတွေကို ကုသပေးနေနိုင်တဲ့ အခြေအနေ တစ်
ခုကိုတွေ့ရကြောင်း ခရူးခမာ တိုင်းရင်းဆေးကျောင်းသား ဆောင်းကင်းမ်ဆက်က ပြောပါတယ်။

ပေါ့ရန်နီဟာ သူ့ရင်ဘတ်ပေါ်မှာ အရည်အိတ်ကလေးတစ်ခုကို စတွေ့ ချိန်ကတည်းက တိုင်းရင်း
ဆေးဆရာတွေနဲ့ပဲ ပုံမှန်တွေ့ဆုံခဲ့တာပါ။ "တိုင်းရင်းဆေးကို ကျွန်မယုံတယ်။ တိုင်းရင်းဆေးက
ထိရောက်ပြီး ကျွန်မ ကျန်းမာရေးအတွက်လည်း ကောင်း တယ်။ ခေတ်ပေါ်ဆေးတွေမှာ ဓာတု
ပစ္စည်းတွေ ပါနေတယ်။ အတုအပတွေ လည်းများတော့ ကျွန်မ ခေတ်ပေါ်ဆေး တွေကို မသုံးပါ
ဘူး" လို့ သူကပြောတယ်။

(အေအက်ဖ်ပီ)