တရုတ်ဝန်ကြီးဟောင်း ဆိုင်းငံ့သေဒဏ်ချခံရ

တရုတ်ဝန်ကြီးဟောင်း ဆိုင်းငံ့သေဒဏ်ချခံရ

ပေကျင်း  - တရုတ် တရားရုံးတစ်ရုံးက မီးရထားဝန်ကြီးဟောင်း လျူကျီကျွင်း အား
ဇူလိုင်လ ၈ ရက်နေ့၌ ဆိုင်းငံ့သေဒဏ်ချမှတ်လိုက်သည်။ တရုတ်ခေါင်းဆောင်သစ်များသည်
အာဏာရကွန်မြူ နစ်ပါတီကို ဒုစရိုက်ကင်းရှင်းရေးအတွက် သန္နိဋ္ဌာန်ချထားကတည်းက အကျင့်
ပျက်မှုများကို အရေးယူလျက်ရှိရာ ၎င်းသည် ပြစ်ဒဏ်ချမှတ်ခံရသည့် ရာထူးအမြင့်ဆုံး တာဝန်
ရှိသူဖြစ်သည်။

တစ်ချိန်က တရုတ်နိုင်ငံ၏ အထင် ကရဖြစ်သော အလွန်မြန်သည့် မီးရထား ကွန်ရက်၏ဖခင်ကြီး
ဟု တင်စားခံရသော လျူ (၆၀ နျစ်) သည် လာဘ်စားမှုနျင့် အာဏာအလွဲသုံးစားပြုမှုကို ကျူးလွန်
သည်ဟု ပေကျင်းရှိ တရားရုံးတစ်ရုံးက စွပ်စွဲခဲ့သည်။

ထိုရာထူးတွင် ရှစ်နှစ်ကြာပြီးနောက် ၂၀၁၁ ခုနှစ်၌ လျူသည် မီးရထားဝန်ကြီး အဖြစ်မှ အထုတ်
ခံရပြီး ၎င်း၏ပတ်လည် ရှိ မကောင်းသတင်းများက ၎င်းသည် ယွမ် သန်း ၈၀၀ (ဒေါ်လာသန်း
၁၃၀) နျင့် ပတ်သက်နေသည်ဟုဆိုသည်။ လူ ၁၁ ဦးအား ကန်ထရိုက်များ၊ ရာထူးတိုးခြင်းများ
ရရှိစေရန် အကူအညီ ပေး၍ လာဘ်ငွေ ယွမ် ၆၄ သန်းကို လက်ခံမှုဖြင့် စွပ်စွဲခံရပြီး ၎င်း၏ရာထူး
များအပေါ် အခွင့်အရေးယူကာ နိုင်ငံ နှင့်ပြည်သူ၏ အခွင့်အရေးများနျင့် အကျိုးစီးပွားကို ချိုးဖောက်
၍ ပြည်သူပိုင် ပစ္စည်းများတွင် များစွာဆုံးရှုံးစေခဲ့သည်။ လျူကျီကျွင်းသည် နှစ်နှစ် ဆိုင်းငံ့ သေဒဏ်
ပေးခံရခြင်းဖြစ်သည်။

တရုတ်ဥပဒေအရ ယွမ် ၁၀၀,၀၀၀ ထက်ပိုသော လာဘ်စားမှုကို သေဒဏ် ပေးနိုင်သည်။ ဆိုင်းငံ့
သေဒဏ်များသည် ပုံမှန်အားဖြင့် ထောင်ဒဏ် တစ်သက်သို့ လျော့သွားသည်။ တရားရုံးက လူ၏
ကိုယ်ပိုင်ပစ္စည်းအားလုံးကိုလည်း သိမ်းရန် အမိန့် ချမှတ်ပြီး အာဏာအလွဲသုံးစားပြုမှုဖြင့် သီးခြား
ထောင်ဒဏ် ၁၀ နှစ်ချမှတ် ကြောင်း ရှင်ဟွာက ဖော်ပြခဲ့သည်။

မီးရထားဝန်ကြီးဌာနကို ဖျက်သိမ်းပြီး စီမံအုပ်ချုပ်မှုကို သယ်ယူပို့ဆောင် ရေး ၀န်ကြီးဌာနသို့လည်း
ကောင်း၊ စီးပွားရေးကဏ္ဍကို အသစ်ဖြစ်သော တရုတ်မီးရထားကော်ပိုရေးရှင်းသို့ လွှဲပြောင်းခဲ့သည်။

(အေအက်ဖ်ပီ)