အိန္ဒိယတွင် အဆောက်အအုံပြိုကျပြန်

အိန္ဒိယတွင် အဆောက်အအုံပြိုကျပြန်

အိန္ဒိယတောင်ပိုင်းရှိ ဆီကန်ဒဲရာဘတ် မြို့တွင် ဇူလိုင်လ ၈ ရက်နေ့
အထပ် နှစ်ထပ်ရှိ ဟိုတယ်တစ်လုံး ပြိုကျရာ တွင် စားသောက်ဆိုင် အလုပ်သမား ငါးဦး
သေဆုံးပြီး အခြားသူ ၁၅ ဦး ဒဏ်ရာရသွားသည်ဟု ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက
ဆိုသည်။

"ဒီနေ့နံနက်စောစောပိုင်းက စီးတီးလိုက် ဟိုတယ်ပြိုကျရာမှာ လူငါးဦးသေဆုံးပြီး ၁၅ ဦးကျော်
ဒဏ်ရာရခဲ့ပါတယ်"ဟု ဒေသဆိုင်ရာ ရဲအရာရှိက ဆိုသည်။ မီးဖိုနံရံတစ်ခု ပြိုကျပြီးနောက်
အကျိုးအပဲ့ အပျက်အစီးများအောက်တွင် ၀န်ထမ်းများ ပိနေခဲ့သည်။

"အလုပ်သမားငါးဦးဟာ ပြင်းထန် တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကိုရောက်လာ ကြတယ်။
ကျွန်တော်တို့ဟာ အုတ်ကျိုး အုတ်ပဲ့တွေကို ရှင်းလင်းဖို့ ကျန်လူတွေကိုရှာဖွေဖို့ အလုပ်လုပ်
နေကြဆဲပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လူမည်မျှ ပိတ်မိနေသလဲဆိုသည် ကိုမူ အတိအကျ မသိရသေးပါဟုဆို သည်။

"အဆောက်အအုံဟာ သိပ်ဟောင်း နွမ်းနေပြီး နံရံတွေမှာ အက်ကြောင်းတွေပေါ်နေပါတယ်ဟု
အဆောက်အအုံ အနီး အလုပ်လုပ်နေတဲ့ လူတွေက ပြောကြောင်း ၎င်းကပြောသည်။ မကြာ
သောလများက အိန္ဒိယနိုင်ငံတွင် အဆောက်အအုံများစွာ ပြိုကျခဲ့ရာ အများစုသည် စီးပွားရေး
မြို့တော် မွမ်ဘိုင်းရှိ တိုက်ခန်းအများစုပင်ဖြစ် သည်။

ယခုနှစ်ဧပြီလက ပြိုကျမှုတွင် လူ ရ၄ ဦးသေဆုံးခဲ့သည်။

(အေအက်ဖ်ပီ)