ဆိုးလ် - မျိုးဆက်သစ် တာဝေးဒုံးပျံ ပစ်လွှတ်စင် တည်ဆောက်မှုကို မြောက်ကိုရီးယားက
ရပ်တန့်လိုက်ပုံရကြောင်း အသစ်ရိုက်ကူးရရှိထားသော ဂြိုဟ်တု ပုံရိပ်များအရသိရှိရကြောင်း
အမေရိ ကန်သုတေသနဌာန က ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
'တုံဟေ ဂြိုဟ်တုလွှတ်စင်'တွင် ဆောက်လုပ်လျက်ရှိသော ဒုံးပျံ တပ်ဆင်ရေးအဆောက်အအုံ
လွှတ် တင်မှုထိန်းချုပ်ရေးဌာနနှင့် ပစ်လွှတ် စင်သစ်တည်ဆောက်မှု လုပ်ငန်းများ နှေးကွေးသွား
ပြီးနောက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလောက်တွင် လုံးဝရပ် ဆိုင်းသွားခဲ့သည်။
၂၀၁၃ ခုနှစ်၊ မေလ နှောင်းပိုင်းအထိ ပြန်လည်စတင်မှု မရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၊
အမေရိကန် ကိုရီးယားဌာနမှ တင် ထားသော မြောက် ၃၈ ဒီဂရီမျဉ်းပြိုင် (38 North website)
တွင် ဖော်ပြထား သည်။
ယခု တုံဟေ ဂြိုဟ်တုပစ်လွှတ်စင် သစ်သည် လွန်ခဲ့သောနှစ် ဒီဖင်ဘာလ က ဂြိုဟ်တုကို ကမ္ဘာ
ပတ်လမ်းအတွင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော မြောက်ကိုရီးယား၏ Unha-3 Space
Launch Vehicle (SLV) ထက် ပိုမို ကြီးမားသော ဒုံးပျံများကို လွှတ်နိုင်ရန် ရည်ရွယ်၍ တည်
ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ တုံဟေ ဒုံးပျံပစ်လွှတ်စင် တည်ဆောက်ရေး အဘယ်ကြောင့် ရပ်သွားရသည်မှာ
ကွဲကွဲပြားပြားမသိ ရှိနိုင်သေးဟု 38 North website က ပြောပြသည်။ ယခု ပြန်စမည်ဆိုလျှင်
သော်မှ ပစ် လွှတ်စင်သစ် ပြီးစီးနိုင်မည့်ရက်မှာ မူလ ခန့်မှန်းသတ်မှတ်ထားသော ၂၀၁၆ ခုနှစ်ထက်
အနည်းဆုံး တစ်နှစ်ခန့် နောက်ကျတော့မည်ဟု ဆိုသည်။
မြောက်ကိုရီးယားက ဒီဇင်ဘာလ အတွင်း ဒုံးပျံပစ်လွှတ်စမ်းသပ်ခဲ့ပြီး ဖေဖော်ဝါရီလတွင် နျူကလီး
ယား ဖောက်ခွဲစမ်းသပ်ခဲ့ပြီးနောက် ကိုရီး ယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှု များ ထပ်မံဖြစ်ပွား
လာစဉ်က မြောက် ကိုရီးယားသည် အမေရိကန် ပြည်မ ကြီးဆီသို့တိုင်အောင် နျူကလီးယား ထိပ်
ဖူးလက်နက်များ ပစ်လွှတ်နိုင်စွမ်း ရှိသည်ဟု သတိပေးဖူးသည်။ကျွမ်းကျင် သူများကမူ ဤခြိမ်း
ခြောက်မှုကို ချဲ့ကား မှုသက်သက်ဟုသာ ယုံကြည်ကြသည် ဟုဆိုသည်။
(အေအက်ဖ်ပီ) ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
















