ဂျိုးဘိုင်ဒင်၏ အိန္ဒိယခရီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်

ဂျိုးဘိုင်ဒင်၏ အိန္ဒိယခရီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်

အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင် သည် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ကုန်
သွယ်ရေး တိုးမြင့်လာရေးအတွက် လေးရက်ကြာ ချစ်ကြည် ရေးခရီးအဖြစ် အိန္ဒိယနိုင်ငံသို့ ဇူလိုင်
၂၂ ရက်နေ့က ရောက်ရှိလာခဲ့သည်။

အိန္ဒိယနိုင်ငံသို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး ဒုတိယသမ္မတအဖြစ် လာ ရောက် လည်ပတ်
သည့် ဘိုင်ဒင်သည် ဇူလိုင် ၂၃ ရက်နေ့တွင် နယူးဒေလီ၌ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း အပါ
အဝင် ထိပ်တန်းခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် မွမ်ဘိုင်းရှိ ကုန်သွယ်ရေးဆိုင်ရာအရေး ကြီးပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။ ဇနီးဖြစ်သူ
ဂျီးလ် လိုက်ပါလျက် ဘိုင်ဒင်သည် ညနေ ၅ နာရီကျော်ကျော် တွင် နယူးဒေလီသို့ ရောက်ခဲ့သည်။
၎င်းနောက် ဘိုင်ဒင်သည် လွတ်လပ်ရေး သူရဲကောင်းကြီး မဟတ္တမဂန္ဓီ ပြတိုက်သို့ သွားရောက်
လည်ပတ်ခဲ့သည်။ "ကမ္ဘာကြီးကို ပြောင်းလဲတဲ့ ဒီအထွတ် အမြတ်နေရာမှ အောက်မေ့ဖွယ် လူ
တစ်ဦးရှိရာ နေရာကို ရောက်လာတာ မြင့်မားတဲ့ဂုဏ်နဲ့ ကြီးကျယ်တဲ့ အထူး အခွင့်အရေးပဲ ဖြစ်
ပါတယ်" ဟု ၎င်းက ဂန္ဓီစမရီတီရှိ ဧည့်သည်တော်မှတ်တမ်း တွင် ရေးသားခဲ့သည်။

"ကျွန်တော်တို့ နိုင်ငံဟာ ဂန္ဓီရဲ့ အဆုံး အမတွေကြောင့်လည်း ပြောင်းလဲခဲ့တာပါ။ ဒေါက်တာကင်း
က လူမည်းအမျိုးသား၊ အမျိုးသမီးအားလုံးသာ မက အမေရိကန် လူမျိုးအားလုံးကို လွတ်မြောက်
ဖို့ ယင်းအဆုံးအမတွေကို အတုယူခဲ့တယ်" ဟု မာတင်လူသာကင်း ဂျူနီယာ၏ လူ့အခွင့်အရေး
လှုပ်ရှားမှု ကို ရည်ညွှန်း၍ ဒုတိယသမ္မတက ပြောသွားခဲ့သည်။

၎င်းအလည်အပတ်မရောက် Times of India သတင်းစာတွင် ထုတ်ပြန်ခဲ့သည့် တွေ့ဆုံမေးမြန်း
မှု တစ်ခုတွင် ဘိုင်ဒင်က ကမ္ဘာ့အကြီးကျယ်ဆုံး ဒီမို ကရေစီနိုင်ငံကြီး နှစ်နိုင်ငံတွင် အလုပ် အတူ
တူ လုပ်ကြရန် ကြီးမားသော စွမ်းရည်များရှိကြသော်လည်း ယခု ထက် ပိုမိုလုပ်ဆောင်သင့်သည်
ဟု ပြောကြားသွားခဲ့သည်။

၎င်းက နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြှင့်ရန် မြင်တွေ့လိုကြောင်း အလေး ထားပြောကြား၍
ဤနှစ်တွင် အမေရိ ကန် ဒေါ်လာ ဘီလျံ ၁၀၀ အထိရှိရန် မျှော် မှန်းသည်ဟု ပြောကြားသွား
ခဲ့သည်။

"အမေရိကန်ပြည်ထောင်စုက အိန္ဒိယ နိုင်ငံ အထင်ကရဖြစ်လာတာ ကြိုဆိုပါတယ်။ ဒါ့ပြင် နှစ်နိုင်
ငံဟာ အဲဒီအကျိုး အမြတ်ရလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ အဖြစ်
တိုးတက်လာတာဟာ ၂၁ ရာစုနှစ် အင်အားအကြီးမားဆုံး ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်" ဟု
ဘိုင်ဒင်က ပြောသည်။

(အေအက်ဖ်ပီ)