တရုတ်မြေငလျင်မှ အသက်ရှင်သူများကို ကယ်ဆယ်ရေးသမားများရှာဖွေ

တရုတ်မြေငလျင်မှ အသက်ရှင်သူများကို ကယ်ဆယ်ရေးသမားများရှာဖွေ

ဒင်းရှိ (တရုတ်) - တရုတ်နိုင်ငံတွင် အတော်အတန် အင်အားရှိ မြေငလျင် နှစ်ခု ဇူလိုင်လ
၂၂ ရက်နံနက်ပိုင်း၌ လှုပ်ခတ်ရာ လူအနည်းဆုံး ၉၂ ဦးထက် မနည်း သေဆုံးပြီး ကယ်ဆယ်
ရေးသမားများက အင်္ဂါနေ့၌ အသက်ရှင်ကျန်သူများအား ရှာဖွေရန် အုတ်ကျိုး အုတ်ပဲ့များကြား
တွင် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။

နိုင်ငံပိုင် စီစီတီဗီရုပ်သံက အနောက် မြောက်ပိုင်းပြည်နယ် ကန်စုတွင် မြေပြို မှုကြောင့် နစ်မြုပ်
နေသော အိမ်များကို အကူအညီပေးရန် မြေကြီးနှင့်သဲများကို စစ်သားများ တူးဖော်နေသည့် ပုံ
များကို ဖော်ပြခဲ့သည်။

ပြင်းထန်စွာ ဒဏ်ရာရသူများအား စောင်များဖြင့် ထွေးပတ်၍ ရဟတ်ယာဉ်များဖြင့် အနီးဆုံး
ဆေးရုံကြီး ရှိသည့် ပြည်နယ် မြို့တော် လန်ကျို့သို့ ပို့ဆောင်ကြသည်။

အမေရိကန် ပြည်ထောင်စု ဘူမိဗေဒ လေ့လာရေးဌာန၏ အဆိုအရ အမြွှာ မြေငလျင်သည်
ပြင်းအား ၅ ဒသမ ၉ နျင့် ၅ ဒသမ ၆ ရှိပြီး မြေအောက်အနက် ၁၀ ကီလိုမီတာ (ခြောက်မိုင်)
တွင် လှုပ်ခဲ့ကာ မြေပေါ်တွင် အကြီးအကျယ် ပျက်စီးသွားကြောင်း သိရသည်။

ကနဦး စစ်ဆေးချက်အရ အိမ်ပေါင်း ၅,၇၈၅ လုံးထက်မနည်း လဲပြိုပြီး အခြား ရ၃,၀၀၀ သည်
အကြီးအကျယ် ပျက်စီး သွားကြောင်း နိုင်ငံပိုင် ရှင်ဟွာ သတင်း ဌာနက ဖော်ပြသည်။ ညတွင်းချင်း
သေဆုံးသူဦးရေမှာ ၈၉ ဦးရှိကြောင်းနျင့် တောင်တန်းဒေသ များ၌ ရာပေါင်းများစွာသော နောက်
ဆက်တွဲ ငလျင်ှုယ်များ လှုပ်သွား ကြောင်းသိရသည်။ ယာယီတဲများဖြင့် ကယ်ဆယ်ရေးစခန်းများ
တည်ဆောက်ပြီး ရေ၊ ချက်ချင်း စားနိုင်သောခေါက်ဆွဲများနျင့် စောင် များ ဝေငှနေသည်ကို
စီစီတီဗီတွင် ဖော်ပြခဲ့သည်။

လန်ကျို့မှ ကယ်ဆယ်ရေး ယာဉ်များ၊ နိုင်ငံအနှံ့မှ ကယ်ဆယ်ရေး အလုပ်သမားများ ငလျင်ဖြစ်ပွား
ရာသို့ ဦးတည်လာနေကြသည်။ အဆိုးရွားဆုံး ထိခိုက် ခံရသော မင်ခရိုင်သို့ စစ်ယာဉ်များ၊ လူနာ
တင်ယာဉ်များပါ၀င်သည့် ယာဉ် တန်းကို ပေကျင်းမှ ကယ်ဆယ်ရေး ၀န်ထမ်းနျင့် စေတနာ့ဝန်ထမ်း
၁၂ ဦးတို့ဦးဆောင်ပြီး ပူးပေါင်း၍ လာနေ ကြသည်။

ဇူလိုင်လ ၂၃ ရက်နေ့ အစောပိုင်း ငလျင်ဖြစ်ပွားရာ ဒေသပေါ်တွင် တိမ် များ အုံ့ဆိုင်းနေရာ
တောင်သူလယ် သမားများသည် ၎င်းတို့၏ဆိတ်များကို ဘေးလွတ်ရာ တောင်နံရံဘေးများသို့
ရွှေကပြောင်းခေါ်ဆောင်လာခဲ့ကြသည်။ မုန်တိုင်းကျလျှင် ကယ်ဆယ်ရေးလုပ်ငန်း များနှောင့်နှေး
ပြီး နောက်ထပ်မြေပြိုမှု များကြံုလာနိုင်သည့် အန္တရာယ်ကိုလည်း စိုးရိမ်နေကြရသည်။

(အေအက်ဖ်ပီ)