ပါရီ - ဆန်တွင် အာဆင်းနစ်ပါ၀င်မှုအဆင့် မြင့်မားနေခြင်းသည် မျိုးရိုး ဗီဇပျက်စီးမှုနှင့်
ဆက်စပ်နေကြောင်း တွေ့ရှိရပြီး ကင်ဆာဖြစ်ပွားမှု အန္တရာယ် ရှိနိုင်ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့
ကထုတ်ပြန်သော လေ့လာချက်တစ်ရပ်အရ သိရှိရသည်။ သောက်သုံးရေတွင် သဘာဝအတိုင်း
ပါ၀င်နေသော အာဆင်းနစ်ကြောင့် လူ့ကျန်းမာရေး ထိခိုက်နိုင်ကြောင်း သိရှိခဲ့ကြသည်မှာကြာပြီ။
အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်တွင် လူသန်းပေါင်းများစွာတို့သည် ၁၉၇၀ ပြည့်လွန်နျစ် များက တူးခဲ့
သော ရေတွင်းများမှရေကို သောက်နေကြလေရာ အာဆင်းနစ်ပါ၀င်မှုကို တွေ့ခဲ့ကြသည်။
မသန့်ရှင်းသောရေတွင် စိုက်ပျိုး သောစပါးသည် အန္တရာယ်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်တို့ သံသယ
ရှိခဲ့ကြသော် လည်း ယင်းအန္တရာယ်ကို သက်သေပြနိုင်ခဲ့သည်မှာမူ ပထမဆုံးဖြစ်သည်။ ဗြိတိန်နိုင်ငံ
မန်ချက်စတာတက္ကသိုလ် မှ သုတေသနပညာရှင်များနျင့် ကိုလ် ကတ္တားမြို့ အိန္ဒိယ ဇီဝဓာတုသိပ္ပံ
မှ ပညာရှင်များစုပေါင်းပြီး အိန္ဒိယနိုင်ငံ၊ ွှနောက် ဘင်္ဂလားပြည်နယ်မှ ကျေးရွာ သူ၊ ကျေးရွာသား
၄၁၇ ယောက်ကို စမ်းသပ်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
ရွာသားများအား သူတို့ဘဝနေထိုင် ပုံ၊ နေ့စဉ်စားသုံးသော ဆန်ပမာဏ၊ ချက်ပြီးဆန်နမူနာနှင့်
၎င်းတို့၏ ဆီးနမူနာတို့ကို အသေးစိတ်တောင်းယူ စစ်ဆေးသည်။ အစမ်းသပ်ခံရွာသား များသည်
မတူညီသောဒေသ ရပ်ရွာသုံးခုမှဖြစ်ပြီး စားသောက်သော အစား အစာ အမျိုးအစားတူကြသည်။
လူမှုစီးပွားရေး အခြေအနေလည်းတူ သည်။ သူတို့အားလုံး သောက်သုံးရေမှ ရရှိသော အာဆင်း
နစ် အဆိပ်သင့် အန္တရာယ်မရှိကြပေ။ သုတေသနပညာရှင်များသည် ရွာသား များ၏ ဆီးနမူနာကို
စစ်ဆေးပြီး Micronuclei ဟုခေါ်သော ဇီဝလက္ခဏာ အမှတ်အသားကို ရှာသည်။
Micronuclei ဆိုသည်မှာ ီဗြ ၏သှေုးယ်သော အစိတ်အပိုင်းဖြစ်ပြီး ဆဲလ်တစ်ခု ပုံပွားရာတွင် ဇီဝ
အမှတ် အသား ပုံတူမလုပ်နိုင်တော့သောအခါ ကျန်ရစ်ခဲ့သောအရာဖြစ်သည်။ ဆဲလ် တစ်ခုသည်
အချို့ ဇီဝအမှတ်အသားကို ပုံတူပြုလုပ်ရာတွင် အမှားအယွင်းများလာလေ ကင်ဆာဖြစ်ဖို့ အလား
အလာများလာလေဖြစ်ကြောင်း တွေ့ရှိ ခဲ့ရသည်။
သို့ဖြစ်ရာ Micronuclei အရေအတွက် မြင့်မားလာမှုသည် ကင်ဆာအန္တရာယ်ကို တိုင်းတာသော
ဘာရိုမီတာသဖွယ် ဖြစ်လာသည်။ စားသုံးသောဆန်တွင် အာဆင်းနစ် ပါ၀င်မှုများလေ Micronuclei
ဖြစ်ပေါ် မှု အကြိမ်များလေဖြစ်ကြောင်း တွေ့ရှိ ရသည်။
ဤသို့သောတွေ့ရှိချက်သည် အမျိုးသမီး အမျိုးသားမခွဲခြား၊ ဗဆး လိပ်သောက်သူ/မသောက်သူ
မခွဲခြား အတူတူပင်မှန်ကန်နေကြောင်း တွေ့ရ သည်။ ရွာသားများသည် တစ်ဦးလျှင် တစ်နေ့ပျမ်းမျှ
ဂရမ် ၅၀၀ (၁ ဒသမ ၁ ပေါင်) ခန့်စားသုံးကြသည်။
ဆန် တစ်ကီလိုတွင် အာဆင်းနစ်ပါ၀င်မှု ၂၀၀ Microgramme ထက် ကျော်လွန် ပါ၀င်သော
ဆန်စားသုံးမှုများလာလျှင် Micronuclei ဖြစ်ပေါ်မှု အကြိမ် များလာသည်။
Nature Group's Scientific Reports ဂျာနယ်တွင် ဖော်ပြသော လေ့လာချက်တွင် စမ်းသပ်
ခံရွာသားများ၏ ကျန်းမာရေးပြဿနာ ကို စောင့်ကြည့်နိုင်လောက်အောင် အခြေအနေမပေးခဲ့ချေ။
မည်သို့ပင်ဖြစ်စေ အာဆင်းနစ်ပါ၀င် မှုများသောရေဖြင့် စိုက်ပျိုးသော စပါး ကို စားသုံးနေသူ လူထု
အတွက် သတိ ထားစရာတွေ့ချက်တစ်ခုဟု ယူဆရ ပေမည်။ ထိုသို့သော စပါးကို အဓိကစားသုံး
နေရသော လူထုမှာ ကမ္ဘာပေါ်တွင် သန်း လေး ငါးရာခန့်ရှိသည်ဟု သိရှိ ရသည်။
ကမ္ဘာပေါ်တွင် ဆန်ကို အဓိက စားသုံးသူ သန်း ၃,၀၀၀ ကျော်ရှိ သည်ဆို၏။ အဆိုပါလေ့လာချက်
အသစ်အရ Microgramme၂၀၀၊ သို့မဟုတ် တစ်ကီလိုထက်ပိုသော အာဆင်းနစ် ပါ၀င်မှုကို
တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ပါကစ္စတန်တို့တွင်သာမက ဥရောပ နျင့် အမေရိကတိုက်တွင်ပါ
စိုက်ပျိုး သည့် စပါးများ၌ သိသာသောရာခိုင်နှုန်း တွင် တွေ့ရှိရသည်။
(အေအက်ဖ်ပီ)
















