ဇူလိုင်လ ၂၈ ရက်နေ့ ရွေးကောက်ပွဲများအပြီး ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ရပြီးနောက် ကမ္ဘောဒီးယား
အတိုက်အခံ ပါတီ ဖြစ်သော ကမ္ဘောဒီးယား အမျိုး သားကယ်ဆယ်ရေးပါတီ (စီအင်န် အာရ်ပီ)
သည် အရေးပါသည့် မဲရုံများမှမဲများကို ပြန်လည်ရေတွက်ရန် တောင်းဆိုလိုက်သည်။
ရွေးကောက်ပွဲရလဒ်မှာ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (စီပီပီ) ၏ ပြန်ကြားရေးဝန်ကြီး
ခီယူကန်နာရစ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စီပီပီအနိုင် ရကြောင်း တရားမဝင် ကြေညာခဲ့ခြင်း
ဖြစ်သည်။
သို့ရာတွင် အမတ်နေရာ ၁၂၃ နေရာရှိသည့် အမျိုးသား လွှတ်တော်တွင်မူ မူလက အမတ်နေရာ
၉၀ ရရှိထားခဲ့သည့် စီပီပီသည် ယခုအခါ ၆၈ နေရာ သာရရှိခဲ့ပြီး အတိုက်အခံ စီအင်န်အာရ်ပီက
အမတ်နေရာ ၅၅ နေရာ အနိုင်ရရှိခဲ့သည်။
ယင်းအတွက်ကြောင့် ဖွန်စီပက်ပါတီ အပါအဝင် သေးငယ်သည့် အခြားပါတီ များမှာ အမတ်နေရာ
ပြန်လည်ရရှိဟန် မရှိတော့ချေ။ စီအင်န်အာရ်ပီက အနိုင်ရရှိသည့်အမတ်နေရာ အရေအတွက်ကြောင့်
၀န်ကြီးချုပ်ဟွန်ဆန်၏ ရွေးကောက်ပွဲ အကြိုနည်းဗျူဟာများအပေါ် ယုံကြည် မှုပိုမိုလျော့ကျစေ
ခဲ့သည်။
ရွေးကောက်ပွဲသည် အကြံအဖန်ဖြစ်ကြောင်းနှင့် ပူးတွဲစုံစမ်းစစ်ဆေးရေး ပြုလုပ်ကာ ဩဂုတ်လ
၃၁ ရက်နေ့ထက်စောကာ ထုတ်ပြန်ကြေညာပေးရန် အတိုက်အခံ များက တောင်းဆိုထားသည်။
"ပူးတွဲကော်မတီမှာ စီအင်န်အာရ်ပီ ပါတီဝင်တွေ၊ စီပီပီပါတီဝင်တွေ၊ အမျိုး သား ရွေးကောက်ပွဲ
ကော်မတီဝင်တွေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဦး၊ ပြီးတော့ ပြည်တွင်းနဲ့ပြည်ပ လူမှုရေး
အဖွဲ့အစည်းက ကိုယ်စားလှယ်တစ်ဦးတို့နဲ့ ဖွဲ့စည်းနိုင်ပါတယ်" ဟု အတိုက် အခံပါတီ၏ ဇူလိုင်လ
၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်တွင် ပြောသည်။ ရွေးကောက်ပွဲရလဒ် ကြောင့်
လူအများ စိတ်ပျက်လက်ပျက် ဖြစ်ကြရကာ ယင်းသည် မသမာသော အစိုးရ၏လုပ်ကြံမှုဟုပြော
နေကြသည်။
ရွေးကောက်ပွဲမတိုင်မီ အမေရိကန် ပြည်ထောင်စုမှ ကမ္ဘောဒီးယားနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာ
သူ အသက် ၄၀ အရွယ် ဒီရက်ဆိုသူ အမျိုးသမီးက အပြောင်းအလဲ တွေ့မြင်လိုကြောင်း ပြောဆို
ခဲ့သည်။
"ကျွန်မ မဲပေးမှာ မဟုတ်ပါဘူး။ လိမ်ညာမှုတွေ များလွန်းလှပါတယ်။ ဆမ်ရိန်စီကို ကျွန်မယုံကြည်
ပါတယ်။ သူဟာ ကြင်နာတတ်တယ်။ ဒါပေမဲ့ သူတို့နိုင်ကြမှာမှ မဟုတ်တာ" ဟု ၎င်းကဆိုကာ
"အခွင့်အရေးတွေရှိဦးမယ်ဆိုရင်တော့ နောက်တစ်ကြိမ် ကျရင် ကျွန်မ မဲပေးပါ့မယ်" ဟု ဖြည့်စွက်
ပြောဆိုခဲ့သည်။
(မြန်မာတိုင်း(မ်)သတင်းထောက် မန်နီမောင် ရေးသားသည်။)

















