ပက်ရှ်ဝါ (ပါကစ္စတန်) - မော်တာများ၊ လက်ပစ်ဗုံးများ ကိုင်ဆောင်ထားသော တာလီဘန် သောင်း
ကျန်းသူများသည် ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုအား အဓိက ထား
တိုက်ခိုက်ခဲ့ရာ လုံခြံုရေးတပ်ဖွဲ့ များနျင့် ပစ်ခတ်ခဲ့ကြပြီးနောက် လက်ဝဲ ၀ါဒီ စစ်သွေးကြွများအပါ
အဝင် အကျဉ်း သား ၂၃၀ လွတ်မြောက်သွားကြောင်း ဇူလိုင် ၃၀ ရက်နေ့တွင် တာဝန်ရှိသူ များ
က ပြောကြားခဲ့သည်။
ဇူလိုင် ၂၉ ရက်နေ့ ညနေပိုင်းတွင် ရဲဝတ်စုံများဖြင့် အယောင်ဆောင်ထား သော စစ်သွေးကြွများ၏
တိုက်ခိုက်မှု ကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွား ရာ ရဲသားလေးယောက် အပါအဝင် လူ ၁၂ ဦး
ထက်မနည်း သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။
"အကျဉ်းသားစုစုပေါင်း ၂၄၃ ဦး လွတ်မြောက်သွားပြီး သူတို့ထဲမှ ခြောက်ဦး ကို ရဲကဖမ်းမိခဲ့တယ်။
အယောက် ၃၀ လောက်က အမာခံ စစ်သွေးကြွတွေ ဖြစ်ပါတယ်" ဟု အစိုးရဘက်မှ တာဝန်ရှိသူ
မုရှ်တက်ဂျာဒွန်းက ပုဂ္ဂလိက သတင်းဌာနတစ်ခုဖြစ်သည့် အေအာရ် ၀ိုင် သတင်းဌာန၏ ရုပ်မြင်
သံကြား အစီအစဉ်တွင် ပြောကြားခဲ့သည်။
ခိုင်ဘာပတ်ခ်တွန်ခဝါ ပြည်နယ်ရှိ ဒါရာ အစ္စမေးလ်ခန်မြို့ရှိ ဗဟိုအကျဉ်း ထောင်ကြီးကို အဓိက
ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ယင်းနေရာသည် တာလီ ဘန်နှင့် အယ်ကေဒါအဖွဲ့နှင့် အဆက်
အသွယ်ရှိသည့် သောင်းကျန်းသူများ လှုပ်ရှားနေရာ အာဖဂန်နစ္စတန် နယ်စပ်ရှိ တရားဥပဒေ
စိုးမိုးမှုမရှိလှ သော ဒေသများနျင့် နီးကပ်လျက်ရှိသည်။ လုံခြံုရေးတပ်ဖွဲ့များနျင့် ဂိုဏ်းဂဏစွဲဝါ
ဒီသမားများသေဆုံးမှုတွင် ပါ၀င် တိုက်ခိုက်ခဲ့သော စစ်သွေး ကြွ ၃၀၀ ခန့် အပါအဝင် အကျဉ်း
သား ၅ယဝဝ၀ အထိ အကျဉ်းထောင်ထဲတွင်ရှိကြောင်း လုံခြံု ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး
က ပြောကြားသည်။
တိုက်ခိုက်ရေးသမား များသည် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်း ဒါဇင်နှင့်ချီကာ ထောင်
တွင် တပ်ဆင်ခဲ့ပြီး ယင်းတို့ထဲမှ ၁၄ ခု ကို ထိန်းသိမ်းထားကြောင်း ဂျာဒွန်းက ပြောသည်။
"ရှေကဘက်ဂိတ်ပေါက်မှာ ရပ်ထားတဲ့ ရဲတပ်ဖွဲ့ရဲ့ သံချပ်ကာကားကို အရင်ဆုံး ဖျက်ဆီးတာပဲ" ဟု
၎င်းက ဆိုပြီး အစောပိုင်းတွင် ဒုံးကျည်ဖြင့် ပစ်ခတ်မှု ကြောင့် ရဲသားနှစ်ဦး သေဆုံးခဲ့သည်ဟု ၎င်း
က ထပ်မံပြောကြားသည်။
အသေခံဗု့းခွဲသူ ၆၀ အပါအဝင် တာလီဘန် အယောက် ၁၅၀ သည် ဗဟို အကျဉ်းထောင်ကြီးကို
တိုက်ခိုက်ပြီး အကျဉ်းသား ၃၀၀ ခန့် လွတ်မြောက်ရန် ကြိုးစားခဲ့သည်ဟု တာလီဘန်ဘက်မှ ပြော
ရေးဆိုခွင့်ရှိသူ ရှာရီဒူလက်ရှာဟစ် က အေအက်ဖ်ပီသို့ ဖုန်းဖြင့်သတင်း ပေးပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















