ပေကျင်း - ဂျပန်နှင့် တရုတ်ထိပ်သီး ခေါင်းဆောင်ချင်း တွေ့ဆုံဆွေးနွေး ဖွယ်ရှိသည်ဟု
ဂျပန်အရာရှိ တစ်ဦး ၏ ပြောကြားချက်နှင့် စပ်လျဉ်း၍ တရုတ်အစိုးရက လတ်တလောကာလ ၌
ဖြစ်နိုင်ဖွယ်မရှိကြောင်း ငြင်းပယ် လိုက်သည်ကို တရုတ်နိုင်ငံပိုင် သတင်း ဌာနတွင် ဇူလိုင်လ ၃၀
ရက်နေ့တွင် ဖော်ပြခဲ့သည်။
ယင်း အခြေအနေ ကြောင့် နှစ်နိုင်ငံအကြား ကာလကြာ မြင့်စွာကပင် ဖြစ်ပေါ်ခဲ့သည့် ရေ ပိုင်နက်
အငြင်းပွားမှုဆိုင်ရာ တင်းမာမှုများမှာ ပိုမိုသိသာလာခဲ့သည်။ အာရှစီးပွားရေး အင်အားကြီးနှစ် နိုင်ငံ
သည် သယံဇာတကြွယ်ဝရာ အရှေ့ တရုတ်ပင်လယ်ပြင်ရှိ တရုတ်အခေါ်တျောက်ယွီ(သို့) ဂျပန်
အခေါ်ဆန်းကကုကျွန်းပိုင်နက်ကိစ္စအတွက် လိပ်ခဲ တည်းလည်းဖြစ်လျက်ရှိကြသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အနီးကပ်အကြံပေးအရာရှိ အီဆအို အီဂျီမာက ပေကျင်းသို့ သွား
ရောက်ခဲ့ပြီးနောက် ဇူလိုင်လ ၂၈ ရက်နေ့တွင် အဆင့်မြင့်ထိပ် သီးဆွေးနွေးပွဲတစ်ခုကို မဝေးလှသည့်
အချိန်တစ်ခု၌ ကျင်းပ သွားမည်ဟု ပြောဆိုခဲ့သည်။
ယင်းနေ့မတိုင်မီ တစ်ရက်ကလည်း ၀န်ကြီးချုပ် အာဘေးက ထိပ်သီး ခေါင်းဆောင် ချင်းတွေ့ဆုံ
ဆွေးနွေးလိုကြောင်း ပြော ကြားခဲ့သည်။
သို့ရာတွင် အမည်မဖော်လိုသောတရုတ်အရာရှိတစ်ဦးက "သတင်းထောက်တွေကို အီဂျီမာ ပြော
ခဲ့တာ ဟာ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး လိုအပ်ချက်ကိုမူတည်ပြီး ဖန်တီးပြော ဆိုထားတာဖြစ်
ပြီး မှန်ကန်မှုမရှိပါဘူး" ဟု တရုတ် နေ့စဉ်သတင်းစာကို ပြောသည်။
အီဂျီမာသည် မည်သည့်တရုတ်အစိုးရ အရာရှိကြီးများနှင့်မျှ တွေ့ဆုံခဲ့ခြင်းမရှိသလိုပင် ခေါင်းဆောင်
ပိုင်း တွေ့ဆုံဆွေးနွေးရေး အတွက်လည်း နျစ်ဖက်စလုံးက ပြောဆိုဆွေးနွေးမှုမရှိခဲ့ကြောင်း အဆိုပါ
အရာရှိက ပြောသည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဟုန်လေက အင်တာနက်စာ မျက်နှာတစ်ခုတွင်
"ကျွန်တော် သိရသလောက်တော့ အီဂျီမာဟာ တရုတ်နိုင်ငံက တရားဝင်ဆောင်ရွက် မှုတွေနဲ့
ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိ သလို တရုတ်အစိုးရ အရာရှိတွေ ကလည်း သူ့ကို ဆက်သွယ်ခြင်း
မရှိခဲ့ပါဘူး" ဟု ပြောသည်။
ဂျပန်အစိုးရက အငြင်းပွားနေသည့်ဖော်ပြပါ ကျွန်းအချို့ကို လွန်ခဲ့သည့်နျစ် စက်တင်ဘာလက
နိုင်ငံပိုင်ပြုလုပ် ခဲ့သည့်အတွက် တရုတ်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကာ နှစ်နိုင်ငံ
ဆက်ဆံရေး တင်းမာခဲ့ရသည်။
ယခုအခါ ကျွန်းစုများကို ဂျပန်နိုင်ငံက ချုပ်ကိုင်ထားသော်လည်း တရုတ်အစိုးရ၏ သင်္ဘောများ
ကလည်း အနီးအနားရှိရေပြင်တွင် ကင်းလှည့် လျက်ရှိကြသည်။ ယင်းကျွန်းစု များတွင် လောင်
စာသိုက်များ ရှိနိုင် ဖွယ်ရှိသည်ဟု ယူဆထားကြပြီး နျစ် နိုင်ငံထိပ်တိုက်တွေ့ဆုံမည့် အခြေ အနေ
များကိုလည်း စိုးရိမ်ဖွယ်ရာ တွေ့ရသည်။ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အရေးပါသည့် ကုန်
သွယ်ဖက်နိုင်ငံများ ဖြစ်ကြသော်လည်း အတိတ်က ဂျပန် နိုင်ငံ၏အင်ပါယာ ကျူးကျော်နယ်ချဲ့
မှုနျင့် တရုတ်နိုင်ငံအတွင်း ၀င်ရောက် သိမ်းပိုက်မှုများနှင့် စပ်လျဉ်း၍မူ အကျိတ်အခဲ ဖြစ်လျက်ရှိ
သည်။
(အေအက်ဖ်ပီ)

















