ဘန်ကောက် - လောင်စာဆီ ပိုက်လိုင်း တစ်ခုမှ လောင်စာများ ယိုဖိတ်မှုကြောင့်
အမျိုးသားဥယျာဉ် တစ်ခုအတွင်း ညစ်ညမ်းခဲ့ရပြီးနောက် ထိုင်းရေတပ်မှ စစ်သားများသည်
ခရီးသွားများလာရောက်အပန်းဖြေရာ အဆိုပါကမ်းခြေ ပေါ်၌ ဇူလိုင်လ ၂၉ ရက်နေ့တွင် သန့်ရှင်း
ရေး လုပ်ဆောင်လျက်ရှိခဲ့ကြသည်။
နိုင်ငံအရှေကပိုင်း ရယောင်းခရိုင်၏ ကမ်းလွန် ၁၂ မိုင်အကွာရှိ ပင်လယ်ပြင် အတွင်းသို့ ခန့်မှန်းခြေ
လီတာ ၅၀,၀၀၀ ခန့်ရှိသော ရေနံစိမ်းများ ယိုဖိတ်ခဲ့ ကြောင်း PTT Global Chemical ကုမ္ပဏိက
ပြောသည်။
ယိုဖိတ်ခဲ့သည့် လောင်စာဆီများ သည် ကိုဆာမက်ကျွန်းပေါ်ရှိ အိုဖရို ကမ်းခြေထိတိုင်ရောက်ရှိခဲ့
ကာ ရေတပ် စစ်သားများ၊ အမျိုးသားဥယျာဉ် အရာရှိ များ၊ ကုမ္ပဏီဝန်ထမ်းများနျင့် ရွာသား များ
သည် ညစ်ညမ်းလောင်စာများကို ဖယ်ထုတ်ရန် ရောက်ရှိခဲ့ကြသည်။
"ယိုဖိတ်ခဲ့တဲ့ လောင်စာဆီတွေက ကမ်းခြေရဲ့ ပေ ၉၉၀ လောက်ကို ဖုံးလွှမ်း ထားတယ်။ ဒါဟာ
အရမ်းများပါတယ်" ဟု ဆာမက်ကျွန်းတွင် ပါ၀င်သည့် ခေါင်လာမ်ယာ အမျိုးသားဥယျာဉ်၏အကြီး
အကဲ ဆွန်းမက်ဆိတ်အွန်က အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။
ဘန်ကောက်မြိုကသူမြိုကသားများ အတွက် ရက်သတ္တပတ် အားလပ်ရက်များ တွင် အနားယူ
အပန်းဖြေရေးအတွက် လူကြိုက်များလှသည့် ကျွန်းပေါ်တွင် ယင်းသို့ လောင်စာယိုဖိတ် ညစ်ညမ်း
မှုကြောင့် ခရီးသွားအချို့သည် ၎င်းတို့၏အားလပ်ရက်ကို လျှော့ချခဲ့ကြသည်။
"ကမ်းခြေတစ်ခုလုံး ဆီတွေချည်းပဲ" ဟု ကမ်းခြေဟိုတယ်တစ်ခုမှ ဧည့်ကြို ကောင်တာဝန်ထမ်း
တစ်ဦးက ပြောသည်။ ရေနံပိုက်လိုင်းလုပ်ငန်း ဆောင်ရွက် သည့် ထိုင်းနိုင်ငံ ပီတီတီကုမ္ပဏီက
ပင်လယ်ပြင်တွင် အရေးပေါ် သန့်ရှင်း ရေးလုပ်ငန်းများကို အချိန်မီ ကြိုးပမ်း ဆောင်ရွက်ရေးအတွက်
သင်္ဘော ၁၀ စင်းပါ၀င်မည်ဖြစ်ကြောင်းနျင့် သန့်ရှင်း ရေးကို နိုင်နင်းစွာ ဆောင်ရွက်နိုင်မည် ဟု
ယုံကြည်ကြောင်း ယင်း၏ ဇူလိုင် လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
(အေအက်ဖ်ပီ)

















