လွန်ခဲ့တဲ့ရက်သတ္တတစ်ပတ်၊ နျစ်ပတ် အတွင်းမှာ သမ္မတ ဦးသိန်းစိန်၊ အတိုက် အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူ မူးယစ်ဆေးဝါးရောင်းဝယ်
သူ လော်စစ်ဟန်တို့ရဲ့ သတင်းတွေ အဓိက ဖြစ်ပေါ်ခဲ့တယ်။
အမေရိကန်အစိုးရက ဘိန်းဖြူဂိုဏ်း ခေါင်းဆောင်ကြီးလို့ ခေါ်ဆိုသမုတ် ခြင်းခံခဲ့ရတဲ့ လော်စစ်ဟန်
ကတော့ သူ့ရဲ့ ရန်ကုန်အိမ်မှာ ဒီလဆန်းပိုင်းက သေဆုံးသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
တွေ့ဆုံ မေးမြန်းပြီး နောက်တစ်နေ့မှာ စိတ်ကြီး ပြီး ဖော်ရွေတဲ့ ခပ်ကြောင်ကြောင် အဘိုးကြီးကို
ထောင်စုနှစ်ဆန်းတုန်းက သူ့အိမ်မှာ ကျွန်တော်ရှိခဲ့တယ်။
သူနဲ့ တွေ့ရတာ စိတ်အေးချမ်းတယ်။ ဒီ အဘိုးကြီးဟာ သူ့စိတ်ထဲရှိတာ ပွင့်ပွင့် လင်းလင်းပြော
တယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့တောင် သူတို့ပြောတဲ့စကားတွေဟာ
စစ်မှန်တဲ့ခံယူချက်တွေလားဆိုတာ ဘယ်တော့မှ မရှင်းခဲ့ဘူး။ ဒါလည်း အမှန်ပါပဲ။
ဦးသိန်းစိန် ကို ကျွန်တော် ပထမအကြိမ် ရှမ်းပြည် နယ်အရှေကမြောက်ပိုင်းမှာ တွေ့ခဲ့တုန်း က
သူဟာ စကားအပြောအဆို နည်း လွန်းတာကြောင့် သူ ဘာစဉ်းစားနေတယ်ဆိုတာကို သိရဖို့
မလွယ်ဘူး။ သူ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ရတာ ရှက်တတ် တဲ့လူတစ်ယောက်လိုပဲ။ သူဟာ တည်
ငြိမ်တဲ့ဒေသရဲ့ တပ်မမှူးတစ်ယောက် ဆိုတာသိခဲ့ရတော့ ကျွန်တော် အံ့ဩ သွားခဲ့တယ်။
သူစစ်ရေးအရ တာဝန်ယူ ရတဲ့ဒေသဟာလည်း လူမျိုးစု ပဋိပက္ခ တွေ၊ ျွူးယစ်ဆေးဝါး ရောင်းဝယ်မှု
တွေ နဲ့ နယ်စပ်ကျူးကျော်ဝင်ရောက်မှုတွေ အဖြစ်များတဲ့ ဒေသလည်းဖြစ်တယ်။ သူ အဲဒီလို
ရာထူးမျိုး ဘယ်လိုခန့်ထား ခြင်းခံရတာက ဇဝေဇဝါဖြစ်စရာပဲ။
စစ်အစိုးရရဲ့ဝန်ကြီးချုပ် အရွေးခံခဲ့ရ တာရယ်။ နျစ်နှစ်အကြာ မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာပုံ
ကလည်း ဒီလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်ခဲ့တာကို ကျွန်တော်တို့ ကံကောင်းတယ်လို့မှတ်ရ မှာပဲ။
ဒါအတွက် အထောက်အထား လိုရင်လည်း လန်ဒန်မြို့က ချက်ဟမ် ဟော့စ်မှ Royal Institute
of International Affairs ကို ဇူလိုင်လ ၁၅ ရက် သမ္မတဦးသိန်းစိန်ပြောခဲ့တဲ့ မိန့်ခွန်းကို သုံးသပ်
ဆင်ခြင်နိုင်ပါတယ်။ သူ့အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုခဲ့တယ်။
ရွေးကောက်ပွဲတွေ ကျင်းပခဲ့တယ်။ မီဒီယာနဲ့ အင်တာနက်အပေါ် ဆင်ဆာလုပ်တာကိုရပ်ခဲ့တယ်။
ပြီးတော့ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံမှုနဲ့ ထုတ်ဖော်ပြသ မှုတို့ကို ကာကွယ်တဲ့ဥပဒေတွေ
ပြဋ္ဌာန်း ခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်က မှတ်ချက်ချခဲ့တယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကရှမ်းပြည်နယ်မှာ ဒီလိုရည်ရွယ်ချက်တွေကိုသာပြောခဲ့ရင် သူ့ကို
လှောင်ပြောင် သရော်ကြမယ့်အပြင် အကျဉ်းထောင် ချထားခြင်းတောင် ခံရနိုင်တယ်။ အခုတော့
သမ္မတဦးသိန်းစိန်ရဲ့ အံ့ဖွယ် ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံပြီး
ပူးပေါင်းဆောင်ရွက်တာလည်း ပါရဲ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျွန်တော်တို့ကို အံ့ဩစေ
ခဲ့တယ်။
အံ့အားသင့်စေတဲ့ နည်းတွေကတော့ သူ့ပါတီ က တပည့်ရင်းတွေနဲ့ မျက်နှာလို မျက်နှာရ လုပ်နေ
ကြတဲ့ အနောက် အုပ်စုက သံတမန်တွေကို စိတ်အနှောင့် အယှက်ဖြစ်စေခဲ့တယ်။ စစ်အာဏာရှင်
ဟောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရင်းနှီးမှု ရှိနေ တာက ဒီလောက်မဟုတ်ဘူး။
ဆယ်စု နှစ်ပေါင်းများစွာ စစ်တပ်ကို အဆင်ပြေ စေခဲ့တဲ့ ခရိုနီလုပ်ငန်းရှင်တွေနဲ့ ဖက်လဲ တကင်းနေ
တာ၊ လော်စစ်ဟန်နဲ့ သူ့သား စကီဗင်လောတို့ သားအဖလိုပါပဲ။ ဦးကျော်ဝင်းနဲ့ ဦးဇော်ဇော်တို့လို
ခရိုနီတွေဆီက ပိုက်ဆံတွေယူ၊ ဒါ့ပြင် ဦးဇော်ဇော်က အင်းလျားခြံဝင်း ကာ ပေးတာကို လက်ခံရုံ
တင်မကဘူး။ မကြာ သေးခင်ကပဲ ဒေါ်အောင်ဆန်းစုကြည် ဟာ ဦးတေဇထံက ရာသက်ပန် အခမဲ့
လေယာဉ်စီးခွင့်ကိုလည်း လက်ခံခဲ့ တယ်။
ဦးတေဇက မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ခရိုနီ ဖြစ်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်
လောက်က ဆိုရင် အမေရိကန်အစိုးရက ချမှတ် ခဲ့တဲ့ အရေးယူမှုတွေကို ရှောင်ဖို့ Asian Wings
လေကြောင်း ကုမ္ပဏီနဲ့ ပြည်တွင်းလေကြောင်းကုမ္ပဏီ Air Bagan တို့ကို တည်ထောင်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ Asian Wings လေယာဉ် မကြာမကြာစီးသူတစ်ယောက်ဖြစ်ပြီး
သူနဲ့အဖော် နှစ်ယောက်ပါ အခမဲ့ စီးပိုင်ခွင့်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် သူ့တစ်သက်တာ
မှာ ဆောင်ရွက်ခဲ့တဲ့ ကိစ္စအားလုံး အပေါ် အူလှိုက်သည်းလှိုက်ဖြစ်ပေါ်လာတဲ့ လေးစားမှု၊
သဘာကျခြင်းနဲ့ အသိအမှတ်ပြုခြင်းတို့ကြောင့် ဒီလိုအခွင့်အရေးတွေပေးခဲ့တာလို့ ဦးတေဇ
ရဲ့ လက်ပါးစေတစ်ယောက်က ရှင်းပြ ခဲ့တယ်။
သူတို့ပြောတာ သိပ်မှန်တာပေါ့။ ဦးသိန်းစိန် သမ္မတ မဖြစ်ခင်တုန်းက မပြောမိခဲ့ကြဘူး။ အရေးယူ
ပိတ်ဆို့မှု တွေခံနေကြရတဲ့ ခရိုနီတွေဆီက ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ဆောင် ပဏ္ဏာတွေ
များများ လက်ခံနေချိန်မှာ ဦးသိန်းစိန်က နောက်ထပ် ပြုပြင်ပြောင်း လဲမှုတွေလုပ်မယ်၊ ဒီနှစ်မကုန်
ခင် နိုင်ငံ ရေးအကျဉ်းသား အားလုံးကို လွှတ်ပေး မယ်လို့ ကတိတွေပေးနေတယ်။ သူ့အစိုးရဟာ
နောက်ထပ် အုပ်စုလိုက် အကြမ်းဖက်မှု ဖြစ်ပေါ်လာရင် 'လုံးဝသည်းမခံတဲ့ ချဉ်းကပ်မှု'ကို လုပ်မယ်
လို့ သန္နိဋ္ဌာန်ချခဲ့တယ်။ အမှန်ပြောရရင်တော့ သူဟာ ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။
ဒီလဆန်း ပိုင်းက (နစက) နယ်စပ်လုံခြံုရေး အေဂျင်စီကို တစ်ဖက်သတ် ဖျက်သိမ်း ခဲ့တယ်။
ဒီအဖွဲ့ကို ဖျက်သိမ်းခဲ့ တာဟာ ကောင်းတဲ့လုပ်ရပ်သာ ဖြစ်နိုင်တယ်လို့ International Crisis
Group က ပြောတယ်။
ဒီသတင်းကောင်းတွေဟာ ရွေးကောက်ပွဲ နိုင်ငံရေးမူဝါဒ လမ်းစဉ် ကိုကြေညာနေသလိုရှိပေမယ့်
ဇူလိုင် လ ၁၉ ရက်က သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ ၂၀၁၅ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွက်
ပြင်ဆင်ထား ခြင်းမရှိဘူးလို့ ပါရီမြို့မှာ ပြောခဲ့တယ်။ သူပြန်လည် စဉ်းစားပါစေလို့ ကျွန်တော်တို့
မျှော်လင့်ပါတယ်။
ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏အာဘော်သာဖြစ်သည်။

















