ကယ်ရိုလင်းကနေဒီအား ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ရွေးချယ်မှုမှန်ကန်ဟုဝေဖန်

ကယ်ရိုလင်းကနေဒီအား ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ရွေးချယ်မှုမှန်ကန်ဟုဝေဖန်

သမ္မတအိုဘားမားသည် ကယ်ရိုလင်း ကနေဒီအား ဂျပန်နိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်အဖြစ်
ခန့်အပ်ရန် ဇူလိုင် လ ၂၄ ရက်နေ့၌ အဆိုပြုခဲ့သည်။

ထို ကိစ္စကြောင့် ကနေဒီမိသားစုတွင် အမေ ရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေးတွင်
အရေးကြီးသည့် အမွေ ရှိသည်ဟုသိရသည်။ ကယ်ရိုလင်း၏ ဖခင် ဂျွန်အက်ဖ်ကနေဒီနှင့် ဦးလေး
ရောဘတ်ကနေဒီတို့သည် ဒုက္ခပေး သည့် အမေရိကန် ဂျပန် စစ်ဘက်ပူးပေါင်းရေးကို ယနေ့
နှစ်နိုင်ငံက ပျော်မွေ့နေသော ဒူပေနာပေခံ ဆက်ဆံ ရေးသို့ ပြောင်းလဲရာတွင် အရေးကြီး သော
ကဏ္ဍများ၌ ပါ၀င်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး အမေရိကန်တို့ သိမ်းပိုက်ထားမှုကို ဂျပန်တို့က မကျေမချမ်းဖြစ်ပြီး
အိုကီနာဝါကျွန်းကို အမေရိကန်ပြည်ထောင်စုသို့ ဆုံးရှုံး လိုက်ရသည်ကိုလည်း သဘောမကျ
ဖြစ်ခဲ့သည်။

၁၉၆၀ ပြည့်နှစ်၌ အမေရိ ကန် ဂျပန် ပူးပေါင်းရေး ပြန်စခြင်းကို ဂျပန်လူမျိုးများက မကျေမချမ်း
ဖြစ်ပြီး ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည်။ သမ္မတကနေဒီသည် အရေးပါသော စစ်အေးတိုက်ပွဲ
မဟာမိတ်ဆုံးရှုံးမှုကို စိုးရိမ်ပူပန်ခဲ့သည်။

 PT-109 မှ သင်္ဘောသားများနျင့် ဂျပန် ဖျက်သင်္သော အမာဂျီရီမှ သင်္ဘောသားများ ပြန်လည်
သင့်မြတ်စေရန် ၎င်း၏ညီနျင့် ကိုယ်စားလှယ်အဖွဲ့ကို ၁၉၆၂ ခုနှစ်၌လွှတ်ခဲ့ရာ သင့်မြတ်ရေးကိစ္စ
မအောင်မြင်ခဲ့ပေ။

နောင်နှစ်၌ ကနေဒီ အသတ်ခံရသည်။ ရောဘတ်ကနေဒီ၏ တိုကျိုမြို့သို့ အလည်ခရီးသည်
အမေရိကန် ဂျပန် ဆက်ဆံရေးအပေါ် အရေးပါသော အကျိုးသက်ရောက်မှုရှိခဲ့သည်။ စီးပွား
ရေး၊ သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက် ခြင်း၊ ယဉ်ကျေးမှုနျင့် ပညာရေးတို့တွင် ကက်ဘိနက်
အဆင့် ဖလှယ်ခြင်းများရှိ ခဲ့သည်။ ၎င်းတို့က မပီပြင်သည့် ပူးပေါင်းခြင်းကို နက်နဲပြီး ရှုထောင့်
မျိုးစုံရှိသောဆက်ဆံရေးသို့ ပြောင်း လဲရန် ကူညီခဲ့သည်။ ထိုဆက်ဆံရေး သည် ပျံ့နှံ့နေသော
လူကြိုက်များသည့်ထောက်ခံမှုကို ယနေ့ နျစ်နိုင်ငံစလုံး တွင် အကျိုးခံစားနေသည်။

ထိုပူးပေါင်းခြင်းကို ကယ်ရိုလင်းကနေဒီက စီမံရမည်။ စိတ်တူ သဘော တူ နက်ရှိုင်းစွာ အခိုင်အမာ
ပြောဆိုသော မိတ်ဖက်နိုင်ငံများ ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံသည်
၎င်းတို့၏ ဆက်ဆံရေးကို တင်းမာစေနိုင်သည့် စိန်ခေါ်မှုများနျင့် ယနေ့ ရင်ဆိုင်နေရသည်။

အမေရိကန်ပြည်ထောင်စုက ၎င်း၏ ရည်မှန်းချက်ကြီးသော လွတ်လပ် သည့် အကောက်ခွန်မဲ့
ကုန်သွယ်မှု စနစ် Trans-Pacific Partnership (TPP) အား ဂျပန်၏ သဘောတူညီမှုကို
ရရန် ကြိုးပမ်းနေသည်။

သို့သော် ဂျပန် နိုင်ငံ၏ ချုံပိတ်ပေါင်းအမျှ ရှုပ်ထွေး များပြားနေသော အမတော်ငွေများ၊ ကုန်သွယ်
ရေး အတားအဆီးများ၊ ဲပည်တွင်း နိုင်ငံရေးနှင့် စီးပွားရေးအကျိုး စီးပွားများက ဂျပန်နိုင်ငံအနေဖြင့်
သဘောမတူရန် ဆွဲထားသည်။

အိုကီနာဝါတွင်ရှိနေသော အမေရိကန်စစ်စခန်းကို နေရာပြောင်းရွှေကမည့်ကိစ္စ မဖြေရှင်းနိုင်သေး
ပေ။ တရုတ် ပင်လယ်ရှိ ကျွန်းနှင့်ပတ်သက်၍ ဂျပန်နှင့် တရုတ်သံတမန်ရေးရာ အငြင်းပွားမှုက
လည်း အမေရိကန်နိုင်ငံတွင် စိုးရိမ်မှုကို မြင့်တက်စေခဲ့သည်။

၂၀၀၈ ခုနှစ်က ဟီလာရီကလင်တန်နျင့် အိုဘားမားယှဉ်ပြိုင်စဉ်က ကယ်ရိုလင်းကနေဒီက အိုဘား
မားအား ထောက်ခံခြင်းနျင့် အိုဘားမား၏ မဲဆွယ် ရာတွင် ၎င်းအရေးပါသည့်နေရာတွင် ပါ၀င်
ကူညီခဲ့သောကြောင့် သမ္မတနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး ၎င်းက ကယ်ရိုလင်းကနေဒီအား
ဩဇာတိက္ကမ ကြီးသော ထုတ်ဖော်ပြောဆိုခွင့်များကို ပေးလိမ့်မည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနက သံအမတ်၏ အဆိုပြုချက်ကို ချီးကျူး၍ကြိုဆိုပြီး ဂျပန်
အမေရိကန် ပူးပေါင်းရေးတွင် အိုဘားမားအစိုးရ သံအမတ်၏ အလွန်အရေးကြီးမှုကို ထင်ဟပ်
စေသည်။

ကနေဒီ၏ အမည် သည် ဂျပန်တွင် လေးစားချီးကျူးမှု လွန်ကဲစွာရှိသဖြင့် အမေရိကန် ဂျပန်
ဆက်ဆံရေးအတွက် အလွန်ကောင်း ကြောင်း ဂျပန်သံတမန်များက ထင်မြင် ချက်ပေးကြသည်။

(စီအင်န်အင်န်)