ဖနွမ်းပင် - ၀န်ကြီးချုပ်ဟွန်ဆန်၏ လက်ရှိအာဏာရကမ္ဘောဒီးယားပြည်သူ့ပါတီ ( CPP ) က
ဇူလိုင်လ ၂၈ ရက် နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရကြောင်းကြေညာ
ခဲ့ပြီး နောက်တစ်နေ့တွင် အဆိုပါ ရွေးကောက်ပွဲရလဒ်ကိုပယ်ချ ကြောင်း ကမ္ဘောဒီးယား အတိုက်
အခံ ပါတီ CNRP က ဇူလိုင်လ ၂၉ ရက်နေ့၌ပြောကြားခဲ့ပြီး ရွေးကောက်ပွဲမသမာမှုများအား စုံစမ်း
စစ်ဆေးပေးရန်တောင်းဆိုလိုက်သည်။
ရွေးကောက်ပွဲတွင် ၀န်ကြီးချုပ်၏ CPP ပါတီက အမတ်နေရာ ၆၈ နေရာရရှိခဲ့သော်လည်း ယခင်
ကရရှိခဲ့သော အမတ်နေရာ ၉၀ ထက်လျော့နည်းသွားသည်ကိုတွေ့ရသည်။ အတိုက်အခံ ပါတီ
ဖြစ်သည့် ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) က ယခင်ကရှိနေသည့်အမတ်
နေရာ ၂၉ နေရာထက်တိုးမြင့်ကာ အမတ်နေရာ ၅၅ နေရာရရှိခဲ့ကြောင်း ယာယီထုတ်ပြန်ချက်များ
အရ သိရှိရသည်။
လွတ်လပ်သော လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက မသမာမှုများ ရှိသည်ဟု ဝေဖန်ပြောဆို
ထားသည့် အဆိုပါ ရွေးကောက်ပွဲတွင် မကြာသေး မီကမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိကာ ကမ္ဘော
ဒီးယားနိုင်ငံသို့ ပြန်လည်ရောက် ရှိလာသည့် အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီ၏ ကမ္ဘောဒီး
ယားအမျိုး သား ကယ်ဆယ်ရေးပါတီက သိသိ သာသာ အောင်မြင်မှုများရရှိခဲ့သည်။
အတိုက်အခံပါတီ CNRP က ရွေးကောက်ပွဲတွင် မသမာမှုများရှိသည် ဟုသံသယရှိပြီး ယင်းကို
ဖော်ထုတ်ရန် ရှေကဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၉ ရက်နေ့ကပြောကြား
ခဲ့သည်။
မဲပေးသူအမည် ၁ ဒသမ ၂၅ သန်းကို မဲပေးခွင့်မရှိဟုဆိုကာ ရွေးကောက်ပွဲ မဲစာရင်းများမှ
ဖယ်ထုတ် ထားသည်မှအစ နာမည်ထပ် ၂၀၀,၀၀၀ ခန့်နှင့် အမှန်တကယ်မရှိသည့် နာမည်
အရေအတွက် တစ်သန်းကျော်ထည့် ထားခြင်းအထိ မသမာမှုများရှိသည်ဟု စွပ်စွဲချက်များ
ကို စုံစမ်းစစ်ဆေးရန် အတွက် အမျိုးသား ရွေးကောက်ပွဲ ကော်မတီ၊ ကုလသမဂ္ဂနှင့် ပြည်တွင်း
နှင့်နိုင်ငံတကာ အင်န်ဂျီအိုအဖွဲ့များမှ အဖွဲ့ဝင်များ၊ ပါတီနှစ်ရပ်စလုံးမှ ကိုယ်စား လှယ်များပါ၀င်
သည့် ပူးတွဲစုံစမ်း စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် CNRP က တောင်းဆိုထားသည်။
နှစ်ကြိမ်ထပ်ကာ မဲမပေးနိုင်ရန်အတွက် မဲပေးရာတွင် အသုံးပြုသည့်မင်ကို လက်၌စွဲကျန်နေအောင်
ပြုလုပ် ထားသည်ဟုဆိုသော်လည်း ယင်းကိုအလွယ်တကူဖျက်ပစ်၍ရကြောင်း လူ့ အခွင့်အရေး
အဖွဲ့များက ထောက်ပြ ပြောဆိုထားသည်။
"ကျွန်တော်တို့က အစိုးရနဲ့ ညှိနှိုင်း ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့လိုချင်တာက
ကမ္ဘောဒီး ယားပြည်သူတွေအတွက် တရားမျှတမှု ကို ဆောင်ကြဉ်းပေးဖို့ပါ။ ဒါမှ ပြည်သူ တွေရဲ့
ပြောင်းလဲခံထားရတဲ့ ဆန္ဒအမှန် တွေပေါ်လာမှာပါ" ဟု ဆမ်ရိမ်ဆီက သတင်းစာရှင်းလင်းပွဲ၌
ပြောခဲ့သည်။
"နာမည်တွေ နှစ်ခါထပ်နေတာလိုမျိုး မသမာမှု တချို့တလေလောက်ကိုပဲ စုံစမ်းဖော်ထုတ်လိုက်
ရင်တောင် CNRP ပါတီရဲ့ မဲအရေအတွက်က CPP ပါတီ ကိုကျော်သွားမှာဖြစ်ပါတယ်" ဟု
အတိုက် အခံ ဒုတိယခေါင်းဆောင် ကမ်ဆိုခါက ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















