မြောက်ကိုရီးယားက ဖမ်းဆီးခံခဲ့ရသည့် စစ်သုံ့ပန်းများဘဝ

မြောက်ကိုရီးယားက ဖမ်းဆီးခံခဲ့ရသည့် စစ်သုံ့ပန်းများဘဝ

ဆိုးလ် - အသက် ၈၉ နျစ်အရွယ်ရှိပြီဖြစ်သည့် လီစွန်းစန်းနှင့် သူ၏ဇနီး ကင်အွန်ဟေးတို့
နှစ်ယောက် ပန်းခြံ ခုံတန်းပေါ်မှာ တခစ်ခစ် ရယ်နေသည့် ပုံကိုကြည့်လျှင် ယမန်နေ့ကပဲ သူတို့
နှစ်ဦး တွေ့ဆုံခဲ့ကြသည့် ပုံသဏ္ဌာန်ပေါ်နေသည်။

စင်စစ် သူတို့နှစ်ဦး အိမ်ထောင်ကျခဲ့သည်မှာလွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကျော်ကဖြစ်သည်။ သို့သော်
လည်း သူ့ခင်ပွန်းသည် ကိုရီးယားစစ် (၁၉၅၀ ၅၃) ၌ ကျဆုံးသွားခဲ့သည်ဟု ကင်အွန် ဟေးက နှစ်
ပေါင်း ၅၀ မျှ ယုံကြည်ထား ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ ဩဂုတ်လ၌ တရုတ်နိုင်ငံမှ တယ်လီဖုန်း အဆက်
အသွယ်တစ်ရပ်ရခဲ့သော်လည်း ဤကဲ့သို့ အကြံအဖန်လုပ်သည်ကို အကြိမ် ပေါင်းများစွာ ခံခဲ့ရ
သည့်အတွက် ကင် သည် ဂရုမစိုက်ဘဲနေခဲ့သည်။

ဤတယ်လီဖုန်း ဆက်သူအား တကယ် အသက်ရှင်သလားဟု ကင်က မေးမြန်း ခဲ့ရာ၌ တစ်ဖက်
က အသက်ရှင်နေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ ကင်က မည်သူမည်ဝါတို့ကို သိသလား
မေးခဲ့ရာမှာ တစ်ဖက်မှ အမှန်ဖြေနိုင်ခဲ့ သည်။ သူတို့ နောက်ဆုံးတွေ့ဆုံကြသည့် အချိန်၌ တစ်
ယောက်ကို တစ်ယောက် မမှတ်မိလောက်အောင် ပုံပန်းသဏ္ဌာန် ပြောင်းလဲခဲ့ကြသည်။

ယောက်ျားဖြစ်သူမှာ ပိန်ချုံးနေပြီး ဇနီးဖြစ်သူမှာ ၀၀ဖိုင့်ဖိုင့် ဖြစ်နေသည် ကို တွေ့လိုက်ရသည့်
ခင်ပွန်းဖြစ်သည် က တောင်ကိုရီးယား နိုင်ငံသားများ သေလုနီးပါး ငတ်ပြတ်နေပြီး အမေရိ ကန်
များက ဆန်တွေ သိမ်းကျုံးယူပြီး ပုပ်နေသည့်ဂျုံများကိုသာ ပြန်ပေးသည် ဟူသော ၀ါဒဖြန့်မှုများ
ကိုသာ ကြားခဲ့ ရသည်။

ဇနီးသည် သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြောင်း ပြောပြခဲ့သည်။ နှစ်ယောက်သား တစ်ဦးကိုတစ်ဦး
ဖက်ပြီး ပျော်လွန်း၍ငိုခဲ့ကြသည်။ လီ စွန်းစန်းအား မြောက်ကိုရီးယားတပ်က ၁၉၅၃ ခုနှစ်၌ စစ်ရပ်
ဆိုင်းရန် နျစ်ဖက် သဘောတူ လက်မှတ်မထိုးမီ နျစ်ရက် အလို၌ ဖမ်းသွားခဲ့သည်။

လီသည် စစ်သုံ့ပန်း အကျဉ်းစခန်း၌ သုံးနျစ်ခွဲ ကြာခဲ့ပြီး နာမည်ဆိုးနျင့် ကျော်စော သည့် မြောက်
ကိုရီးယား အေအိုဂျင် ဒေသရှိ ကျောက်မီးသွေးတွင်းများဆီ သို့ အပို့ခံခဲ့ရသည်။ ဤနေရာ၌ ယမ်း
မှုန့်လည်း ထုတ်လုပ်သည်။ လီသည် အိမ်ထောင်ထပ်ပြုခဲ့ပြီး ကလေးများ ရရှိခဲ့သော်လည်း စစ်
မဖြစ်မီက ဘဝကို လုံးဝမေ့ခဲ့ခြင်းမရှိဟု ပြောသည်။ သူ၏ ဇနီး သေဆုံးသွားပြီဟု ထင်မှတ်ခဲ့
သော်လည်း တစ်နေ့ပြန်သွားရန် အမြဲ စဉ်းစားခဲ့ကြောင်း လီကပြောသည်။

ဆယ်စုနှစ်များ ကြာသွားခဲ့ပြီး ၂၀၀၄ ခုနှစ်၌ 'ပွဲစား' တစ်ယောက်သည် သူ့အား အဆက်အသွယ်
လုပ်ခဲ့သည်။ 'ပွဲစား' များသည် မြောက်ကိုရီးယားမှ လူများခိုးထုတ် လုပ်ငန်းဖြင့် အသက် မွေးဝမ်း
ကျောင်းကြသူများ ဖြစ်ကြ သည်။ ဇနီးကင်နျင့် သားဖြစ်သူတို့ တရုတ်နိုင်ငံမှာ ငွေကြေးအမြောက်
နှင့် ရှိနေကြောင်း၊ ထိုငွေများကို ယူပြီး မြောက်ကိုရီးယားသို့ ပြန်သွားကာ သက်သောင့်သက်သာ
ဘဝဖြင့်နေထိုင် ရန် ထိုလူက လီအားပြောခဲ့သည်။

ထိုအချိန်၌ အသက် ရ၇ နျစ်ရှိပြီ ဖြစ်သည့် လီသည် စီးကရက်ရောင်းကာ မြောက်ကိုရီးယား
၀မ် ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၀) ခန့် စုဆောင်းနိုင် ခဲ့ပြီးဖြစ်သည်။ ဤငွေပမာဏသည်
မြောက်ကိုရီးယား၌ အလွန်တန်ဖိုးရှိပြီး အိမ်တစ်လုံးပင် ၀ယ်နိုင်ကြောင်း လီက ပြောသည်။

ထိုပိုက်ဆံအား သူ့ဇနီးအား ပေးပြီး ၀က်သစ်ချသီး ကောက်ရန် သွားပြီး နျစ်ရက်သုံးရက်ကြာလျှင်
ပြန် လာမည်ဟု ပြောဆိုကာ အပြီးထွက် လာခဲ့သည်။ လီသည် ပြန်ရန် စိတ်ကူးရှိခဲ့သော် လည်း
မပြန်ဖြစ်ခဲ့ပေ။

မြောက်ကိုရီး ယားမှာ ထားခဲ့သည့် မိသားစုအကြောင်း လီက ပြောဆိုခြင်းမရှိဘဲ သူသည် ယခု
အခါ၌ ပျော်ကြောင်း ကင် သည် သူ့ဇနီးဖြစ်ကြောင်း ပြောခဲ့သည်။ တောင်ကိုရီးယား ကာကွယ်
ရေးဝန်ကြီးဌာန အဆိုအရ ၁၉၅၃ ခုနှစ် နောက်ပိုင်း စစ်ဝန်ထမ်းဟောင်း ၈,၃၄၃ ယောက်တို့
တောင်ကိုရီးယားဘက်သို့ ပြန်ရောက်လာခဲ့ကြသည်။

ထိုအရေအတွက်အနက် အယောက် ၈၀ တို့မှာ စစ်ရပ်ဆိုင်းသဘောတူညီမှုရပြီး နှစ် ဆယ်စုပေါင်း
များစွာအကြာ၌ တတိယ နိုင်ငံမှတစ်ဆင့် ထွက်ပြေးလွတ်မြောက် လာခဲ့ကြသည်။ သူတို့၏ ထွက်
ဆိုချက် များအရ စစ်သုံ့ပန်း ၅၀၀ ခန့် မြောက်ကိုရီးယားမှာ နေထိုင်လျက်ရှိကြောင်း ဆိုးလ်အစိုးရ
က ယုံကြည်သည်။

မကြာသေးမီက ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Ryoo Kihi-jae က မြောက်ကိုရီးယား နိုင်ငံအား
၎င်းတို့ ထိန်းသိမ်းထားသည့် စစ်ဝန်ထမ်းဟောင်းများနျင့် အဓမ္မခေါ်ဆောင်သွား ခြင်း ခံရသူများ
ကိစ္စကို ပြေလည်စေရေး ကို ဖြေရှင်းဆောင်ရွက်ပေးရန် ထပ် လောင်း တိုက်တွန်းခဲ့သည်။

ပြံုယန်း အစိုးရက ထိုလူများသည် ၎င်းတို့ အလို ဆန္ဒအတိုင်း နေထိုင်နေကြခြင်းဖြစ် ကြောင်း
ပြောဆိုခဲ့သည်။ နှစ်နိုင်ငံကြား အမှန်တကယ် ဆွေးနွေးမှုများ မရှိသည့် အတွက် ဆိုးလ်အစိုးရ
သည် ၎င်းတို့ကို ပြန်လွှတ်ပေးရေး ကြိုးပမ်းရာ၌ ဩဇာ မရှိဖြစ်နေသည်။

(စီအင်အင်)