မျှတသည့်ရွေးကောက်ပွဲဖြစ်ချိန်တန်ပြီဟု ပြည်သူများဆို

မျှတသည့်ရွေးကောက်ပွဲဖြစ်ချိန်တန်ပြီဟု ပြည်သူများဆို

အများထင်မှတ်ထားသလိုပင် ဟွန်ဆန် သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ် လာခဲ့ပြန်သည်။
အသက် ၆၀ အရွယ်ရှိပြီ ဖြစ်သော ဟွန်ဆန်ကို ပါလီမန် ဒီမိုကရေစီနိုင်ငံ၏ ခေါင်းဆောင်အဖြစ်
ဖော်ပြလျက်ရှိသည်မှာ မွမ္မာ ကဒါဖီ သည် လစ်ဗျားစစ်တပ်၏ ဗိုလ်မှူးကြီး တစ်ဦးသာဖြစ်သည်
ဟု ပြောဆိုခဲ့ခြင်း နှင့် များစွာ တူနေပေသေးတော့သည်။

ဟွန်ဆန်၏ ၀န်ကြီးချုပ်နေရာ ပြန်လည် ရွေးချယ်ခံရမှုမှာ ၃၈ နှစ်ကြာ နိုင်ငံကို ဦးဆောင်ခဲ့သော
သူသည် မည်သို့ပင်ဆိုစေ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ပေဦးမည်ဟု ဆိုလိုခြင်းဖြစ်
သည်။

သို့ရာတွင် တရားမျှတမှုမရှိခြင်း၊ ခြစားခြင်းနှင့် ဂေဟဗေဒ ပျက်စီးမှုများကြောင့်ဖြစ်လာသည့်
မကျေနပ် ချက်များကြောင့် ပါလီမန်အမတ်ဦးရေ ၁၂၃ ဦးအနက် လွှတ်တော် အမတ် ၆၈ ဦး
အထိ လျှော့ချလိုက်သည့်အတွက် ၎င်း၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) အတွက် ယခု
အခါ ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့ရသည်။

ယင်းမှာ ဟွန်ဆန်၏ ယခင်က ၀န်ကြီးချုပ်ရာထူး ထမ်းဆောင် ခဲ့စဉ်က အမတ်နေရာ ၉၀ နှင့်လည်း
ဆန့်ကျင်နေပေသည်။ လတ်တလော ခန့်မှန်းပြောဆိုချက်များမှာ တရားဝင် မဟုတ်သေးသော်
လည်း တိကျသေချာဖွယ်ရှိသည်။

ဤကဲ့သို့ အများစု လျော့ကျမှုကြောင့် လေ့လာသုံးသပ်သူ များစွာတို့အတွက် အံ့အားသင့်စရာဖြစ်
ခဲ့ရသည်။ ယခုလ အစောပိုင်းက အတိုက်အခံခေါင်းဆောင် ဆမ်ရိန်စီ ပြည်တော်ပြန်လာ သည့်
အချိန်က လူပေါင်းသိန်းချီ၍ 'အပြောင်းအလဲ' ဟူသော ဩဘာပေးမှုများနှင့်အတူ ကြိုဆိုခဲ့ကြ
သော် လည်း ယင်းသည် မဲပုံးတစ်ခုဖြစ်ကောင်း ဖြစ်မည်ဆိုခြင်းကိုမူ ယုံကြည်သူ နည်းပါးလှသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာ့ အာဏာရှင် အစိုးရများစွာတို့အနက် တစ်နိုင်ငံဖြစ်သည့်တိုင်
မည်သူတစ်ဦး တစ်ယောက်ကမျှ ကမ္ဘောဒီးယားနိုင်ငံ ကို အာဏာရှင်ဆန်သော အစိုးရဟု
ယူဆခြင်းမရှိပေ။

"လုပ်ကြံသတ်ဖြတ်မှုကနေ ကျွန်တော် လွတ်လာတာပါ။ ပြီးတော့ သူတို့က ကျွန်တော့်ကို ထောင်
ချဖို့၊ ပြည်နှင်ဒဏ် ပေးဖို့ကြိုးစားခဲ့ကြတယ်" ဟု ဆမ်ရိန်စီ က တိုင်း(မ်)သတင်းစာကို ပြောသည်။

"ကမ္ဘောဒီးယား နိုင်ငံရေးထဲကို ခင်ဗျားဝင်ရင် ဒါတွေကို ခင်ဗျားလက်ခံ ရလိမ့်မယ်" ဟု ၎င်းက
ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၀ိရောဓိ များနှင့်ရောပြွမ်းနေသည်။ လစ်ဘရယ်စီးပွားရေး မူဝါဒများနှင့်
အလျှံပယ် ကုန်သွယ်ရေးကို လက်ခံထားသလိုပင် နိုင်ငံခြားသား ခရီးသွားများကိုလည်း ယင်း၏
သမိုင်းဝင်ခရီးသွားနေရာများ ဖြင့် ဧည့်ခံထားသည်။ သို့ရာတွင် အခြားတစ်ဖက်တွင်မူ နိုင်ငံရေး
ဖိနှိပ်မှု များရှိသည်။ ဟွန်ဆန်သည် တစ် ယူသန် အမိန့်ပေးသည့် အာဏာရှင်ခေါင်းဆောင်ဖြစ်
သည်။

သူသည် ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့အပြီး သွေးထွက်သံယိုဖြစ်ခဲ့ရသော အင်အားသုံး
ဖြေရှင်းနည်းဖြင့် အာဏာပြန်လည်ရယူခဲ့သည့် ခမာနီခေါင်းဆောင်ဟောင်း တစ်ဦးလည်း
ဖြစ်သည်။

ယင်းနောက် သူသည် ပြည်သူကို လွတ်လပ်သည့်ရွေးချယ်မှုရရှိစေမည့် အမှားကို ကျူးလွန်ခြင်း
မရှိတော့ချေ။ သူ၏ အုပ်ချုပ်မှုတွင် မီဒီယာကြိုးကိုင် မှု၊ ရွေးကောက်ပွဲ မူမမှန်မှုများ၊ အာဃာတဖြင့်
တရားစွဲဆိုမှုနှင့် ဆိုးရွား သည့် ဂိုဏ်းဂဏဖွဲ့မှုများဖြင့်သာ အတိ ပြီးသည်။ လှုပ်ရှားတက်ကြွသူများ
က ပြီးခဲ့ သည့် ရက်သတ္တပတ်ရွေးကောက်ပွဲ၏ မဲဆန္ဒထည့်ဝင်သူ မှတ်ပုံတင်စာရင်း သည် ၁၀၀
ရာခိုင်နှုန်းထက် ကျော် လွန်နေကြောင်းနှင့် မဲစာရွက်များပေါ်တွင် အသုံးပြုထားသည့် မင်သည်
အလွယ်တကူ ဖယ်ရှား၍ရနေကြောင်း စွပ်စွဲပြောဆိုထားကြသည်။

ရွေးကောက် ပွဲရှိ ၀န်ထမ်းများ၊ ကျေးရွာ အကြီး အကဲများ၊ ရဲများ၊ တရားရေးဝန်ထမ်းများနှင့် အမျိုး
သား ရွေးကောက်ပွဲ ကော်မတီဝင်များသည်ပင် ဃဏဏ မှ ရွေးချယ်ထားသူများ ဖြစ်လျက်ရှိသည်။

ဟွန်ဆန်သည် လူအများ၏ အမြင် အရ လူကောင်းတစ်ဦး မဟုတ်ချေ။ သူသည် ဆေးလိပ် အလွန်
အကျွံ သောက်သူတစ်ဦးဖြစ်သည်။ 

CPPအဆင့်မြင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဟွန်ဆန်၏သားအနည်းဆုံး ခြောက်ဦး ခန့် ရွေးကောက်
ပွဲဝင်ခဲ့ကြသည်။ ဟွန်ဆန်၏ သားသုံးဦးအနက် အထွေး ဆုံးသားဖြစ်သူ ဟွန်မနီသည် ကက်ဘိနက်
ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်ကာ အမျိုး သားလွှတ်တော်တွင် နေရာတစ်နေရာ ရပြီးဖြစ်ဖွယ်ရှိသည်။

အခြားသား တစ်ဦးဖြစ်သူ ၀က်စ်ပွိုင့် တက္ကသိုလ် ကျောင်းဆင်း ဟွန်မနက်သည် စစ်တပ် တွင်ဗိုလ်
ချုပ်တစ်ဦးဖြစ်ကာ ဟွန်ဆန် နေရာကိုဆက်ခံမည့်သူဟု ယူဆထား ကြသည်။

မည်သို့ပင်ဆိုစေ ဆမ်ရိန်စီသည် ရွေးကောက်ပွဲ တရားဝင်ရလဒ်ကို ဇူလိုင်လ ၂၉ ရက်နေ့တွင် စိန်
ခေါ်ထား ကာ ကုလသမဂ္ဂပါ၀င်သည့် လွတ်လပ်သော စုံစမ်းရေးတစ်ခုကို "လူမရှိဘဲ မဲဆန္ဒပေးနေ
သည့် 'ကိုယ်ပျောက်'မဲဆန္ဒရှင်များ" ၊ မပြည့်စုံသည့် မှတ်ပုံတင်စာရင်းများနှင့် အခြားသော မူမမှန်
ခြင်းများကို စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။

(တိုင်းမ်)