ပါရီ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ငါးမန်းနှင့် ငါးလိပ်ကျောက် မျိုးစိတ်ခုနစ်မျိုးကို ကာကွယ်ရန်
သဘောတူညီ ချက်အသစ်တစ်ရပ် အကောင်အထည် ဖော်ရေးအတွက် ပြုလုပ်သည့် ဥရောပ
သမဂ္ဂ ထောက်ခံအားပေးသည့် စုံစမ်းစစ်ဆေးမှုတစ်ခုတွင် အင်ဒိုနီးရှားနှင့်အိန္ဒိယနိုင်ငံတို့ကို ကမ္ဘာ
ပေါ်၌ ငါးမန်းအများဆုံး ဖမ်းယူသည့် နိုင်ငံများအဖြစ် ဇူလိုင်လ ၃၀ ရက်နေ့က ဖော်ပြခဲ့သည်။
အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့၏ ငါးမန်းဖမ်းယူမှုမှာ ကမ္ဘာတစ်ဝန်းဖမ်း ယူမှုများ၏ ငါးပုံတစ်ပုံကျော်
ရှိကြောင်း တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ရေး စောင့်ကြည့်ရေးကွန်ရက် (TRAFFIC) ၏အစီရင်
ခံစာအရ သိရသည်။
၂၀၀၂ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်အကြား ဖမ်းယူခဲ့သည်ဟုဆိုသည့် ငါးမန်းအကောင်ရေ စုစုပေါင်း၏
၈၀ ရာခိုင် နှုန်းနီးပါးကို ဖမ်းယူခဲ့သည့် နိုင်ငံပေါင်း ၂၀ စာရင်းတွင် ယင်းနှစ်နိုင်ငံမှာ ထိပ်ဆုံးမှ ပါ၀င်
လျက်ရှိသည်။
ယင်းနှစ်နိုင်ငံ နောက်မှလိုက်သည့် ငါးမန်းအဖမ်းအများဆုံး အခြားနိုင်ငံ များမှာ အစဉ်လိုက်အားဖြင့်
စပိန်၊ ဌိုင်ဝမ်၊ ွှာဂျင်တီးနား၊ မက္ကဆီကို၊အမေရိကန်၊ မလေးရှား၊ ့ါကစ္စတန်၊ ရြာဇီးလ်၊ ဂျပန်၊ ပြင်သစ်၊
နယူးဇိလန်၊ ထိုင်း၊ ပေါ်တူဂီ၊ နိုက်ဂျီးရီးယား၊ အီရန်၊ သီရိလင်္ကာ၊ တောင်ကိုရီးယားနှင့် ယီမင် နိုင်ငံ
တို့ ဖြစ်သည်။
ဘန်ကောက်မြို့တွင် ပြီးခဲ့သည့်မတ်လ က ကျင်းပခဲ့သည့် မျိုးသုဉ်းပျောက်ကွယ် တော့မည့်
မျိုးစိတ်များ နိုင်ငံတကာ၌ ရောင်းဝယ်မှုဆိုင်ရာညီလာခံ (ဃှုွှနှ) က ငါးမန်းနှင့် ငါးလိပ်ကျောက်
မျိုးစိတ် ခုနှစ်မျိုးကို မျိုးသုဉ်း ပျောက်ကွယ်တော့ မည့်မျိုးစိတ်များအနေဖြင့် စာရင်း သွင်းလိုက်
ပြီးသည့်နောက် ဥရောပ သမဂ္ဂ၏ စီမံခန့်ခွဲမှုဆိုင်ရာ ဥရောပ ကော်မရှင်က အစီရင်ခံစာကို တောင်း
ဆိုခဲ့ခြင်း ဖြစ်သည်။
မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်များ ဖမ်းယူရောင်းဝယ်မှုတွင်
ထိန်းထိန်း သိမ်းသိမ်းနျင့် ရေရှည် လုပ်ကိုင်သွား နိုင်မည့်အခြေအနေကို ဆုံးဖြတ်ရန်နျင့် ချမှတ်
လိုက်သည့် နည်းဥပဒေများ အပေါ် အဆိုပါ လုပ်ငန်းများက မည်ကဲ့ သို့ လိုက်နာမည်ကို သိရှိရန်
အတွက် အချိန်ပေးသည့်အနေဖြင့် နည်းဥပဒေ များကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ မှ စတင်
အကျိုးသက်ရောက်စေမည်ဖြစ်သည်။
လွန်အကျွံ ဖမ်းယူမှုများကြောင့် ငါးမန်းကောင်ရေများ လျော့နည်းနေရခြင်းမှာ တရုတ်နိုင်ငံ၌
ငါးမန်းတောင် ၀ယ်လိုအားကောင်းသည့် အချက် ကလည်း အဓိက အချက်တစ်ခုဖြစ်နေ သည်။
ယခုကဲ့သို့ ငါးမန်းကောင်ရေ များ လျော့နည်းလာခြင်းက အဓိက ကျသည့် ဇီဝမျိုးကွဲများနှင့် ပတ်
သက် ပြီး ကြီးမားသည့် အကျိုးဆက်တစ်ရပ် ရှိကြောင်းသိရသည်။ ငါးမန်းကောင် ရေများ လျော့
နည်းလာသည့် အကျိုး ဆက်များထဲမှတစ်ခုမှာ ဂျယ်လီငါး အရေအတွက် အဆမတန် များပြား
လာ ခြင်းဖြစ်သည်ဟု အချို့သော သိပ္ပံပညာ ရှင်များက ယူဆကြသည်။
ထို့ပြင် ငါးမန်းအသား၊ သို့မဟုတ် ငါးမန်းအစိတ်အပိုင်းများကို အဓိက ရောင်းဝယ်သည့် အခြားနိုင်ငံ
များစာရင်း ကိုလည်း ွျွှင်္ဗင်္ှုဃ က ဖော်ပြခဲ့သည်။ ငါးမန်းတောင်ပံအဓိက တင်ပို့ရောင်းချသည့်နိုင်ငံများ
မှာ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်၊ အိုမန်၊ စင်ကာပူ၊ ထိုင်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့
ဖြစ်ပြီး ငါးမန်းအသား အဓိကတင်ပို့ ရောင်းချသည့်နိုင်ငံများမှာ နမ်မီးဘီး ယား၊ တောင်အာဖရိက၊
ပနားမားနှင့် ဥရုဂွေးနိုင်ငံများဖြစ်ကြောင်း သိရ သည်။
ယင်းအစီရင်ခံစာထဲတွင် အကျိုး အမြတ်များသကဲ့သို့ ရှုပ်ထွေးလှသည့် ယင်းလုပ်ငန်းနှင့်ပတ်သက်
ပြီး ဖြေရှင်း ရန် လိုအပ်သည့်အကြောင်း အထူး တလည် သတိပေးချက်တစ်ရပ်လည်း ပါရှိသည်။
မျိုးသုဉ်း ပျောက်ကွယ်တော့မည့် မျိုးစိတ်များထဲမှ အချို့မှာ ဖမ်းယူသူ များ၏ အဓိကပစ်မှတ်ထား
ဖမ်းဆီးခြင်းခံရသော်လည်း တူနာငါးဖမ်းသင်္ဘောများက အမှုမဲ့အမှတ်မဲ့ ဖမ်းမိခဲ့ ခြင်းများလည်း
ရှိသည်။
(အေအက်ဖ်ပီ)

















