တောင်တရုတ် ပင်လယ် တရုတ် စစ်ရေးလှုပ်ရှားမှု အမေရိကန် စောင့်ကြည့်

တောင်တရုတ် ပင်လယ် တရုတ် စစ်ရေးလှုပ်ရှားမှု အမေရိကန် စောင့်ကြည့်

မနီလာ - အငြင်းပွားနေဆဲဖြစ်သော တောင်တရုတ်ပင်လယ် ဧရိယာအတွင်း တွင် တရုတ်
စစ်တပ်၏ လှုပ်ရှားမှုနှင့် စပ်လျဉ်း၍အရေးကြီး ထောက်လှမ်း ရေး သတင်းများအတွက် အမေရိကန်
ထောက်လှမ်းရေး လေယာဉ်များက အကူအညီပေးနေကြောင်း ဇူလိုင် ၃၁ ရက်နေ့တွင် ဖိလစ်ပိုင်
အစိုးရက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်က ပြောဆိုထားသော တောင်တရုတ်ပင်လယ်ပြင်တွင် အမေ ရိကန်ရေတပ်တွင်
အသုံးပြုသည့် ဏ၃ ဥမငသည ထောက်လှမ်းလေယာဉ် မကြာ ခဏ ပျံသန်းလေ့ရှိသည် ဆိုခြင်း
မှာ ပင်လယ်ပြင်တွင် တရားဝင်ခွင့်ပြုထားသော နယ်မြေအတွင်း၌သာ ဖြစ်သည်ဟုဆိုသော်လည်း
တရုတ်က စစ်တပ်သုံးရေယာဉ်များ ဖြန့်ကျက်ထားသော နေရာဖြစ်ကြောင်း နိုင်ငံ ခြားရေး ၀န်ကြီး
အဲလ်ဘတ်ဒယ်ရိုဆာရီယိုက ပြောကြားခဲ့သည်။

"ဒီကိစ္စက ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးတဲ့ ကိစ္စလို့ ကျွန်တော်ထင်တယ်"ဟု
ထောက်လှမ်း ရေးလေယာဉ်များက စုဆောင်းပေး သော သတင်းတန်ဖိုးနှင့်ပတ်သက်ပြီး မေးမြန်း
စဉ်တွင် ဖိလစ်ပိုင်နိုင်ငံခြား ရေးဝန်ကြီးရိုဆာရီယိုက သတင်းထောက် များကို ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ ကမ်းဦးရေတိမ်ပိုင်း အတွင်းက သီးသန့် စီးပွားရေးဇုန်နဲ့ ရှေကဆက်လုပ်မယ့်
အစီအစဉ်ကို ကျွန်တော်တို့တကယ် စိတ်ဝင်စား တယ်။ ကျူးကျော်ဝင်ရောက်မှုတွေရှိသလား
ဆိုတာကိုလည်း သိချင်တယ်" ဟု ၎င်းကဆိုသည်။

အမေရိကန် ပြည်ထောင်စုက တောင်တရုတ်ပင်လယ် အငြင်းပွားမှု မည်သည့်ဘက်တွင်မှ
ရပ်တည်တော့ မည်မဟုတ်ဟု ပြောဆိုနေချိန်တွင် ဖိလစ်ပိုင်စစ်တပ်စွမ်းရည်များ မြှင့်တင် ရန်
ကူညီပေးနေသည်။

အမေရိကန်သည် အာရှ ပစိဖိတ် နယ်မြေအတွင်း ငြိမ်းချမ်းရေးဆက်လက်တည်မြဲရေးနျင့် ကမ္ဘာ
ပေါ်တွင် စီးပွားရေးအကောင်းဆုံး သင်္ဘော လမ်းကြောင်းအချို့၏ အဓိကဦးတည် ရာနေရာဖြစ်
သည့် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ မောင်း နှင်သွားလာနိုင်ရေးတို့ကို များစွာ
အလို ရှိကြောင်း ရိုဆာရီယိုက ဆိုသည်။

တောင်တရုတ် ပင်လယ်ပြင်တွင် ပျံသန်းမည့်အချိန်ကာလကို အသေး စိတ်မပြောပြသော်လည်း
ထောက် လှမ်းရေးလေယာဉ်များ အများစု ပျံသန်းနေမည်ဖြစ်ပြီး သီးသန့်အနေ ဖြင့်မဟုတ်ကြောင်း
ဖိလစ်ပိုင်နျင့် အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့် သည့် ကာလအတွင်း၌သာ ပျံသန်းမည်ဖြစ်
ကြောင်း ပြောကြားခဲ့သည်။

အေအက်ဖ်ပီ