ပြည်တွင်းဖြစ် စမတ်ဖုန်းတစ်မျိုး မြောက်ကိုရီးယားထုတ်လုပ်

ပြည်တွင်းဖြစ် စမတ်ဖုန်းတစ်မျိုး မြောက်ကိုရီးယားထုတ်လုပ်

ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ် ကာ သီးခြား ကိုယ်ပိုင်လူ့အဖွဲ့အစည်း ဖြင့်နေထိုင်သည့်
မြောက်ကိုရီးယားနိုင်ငံသည် ပြည်တွင်း၌ ထုတ်လုပ်သည့် စမတ်ဖုန်း တစ်မျိုးကို ထုတ်လုပ် နိုင်ခဲ့
ပြီဖြစ်ကြောင်း ယခု သီတင်းပတ်အတွင်းကဆိုခဲ့သည်။

သို့ရာတွင် ဂူးဂဲလ်၏ အန်းဒရွိုက် စနစ်ကိုအခြေခံ တည်ဆောက်ထား သည့် 'အာရီယန်' ဟု
အမည်တွင်သော အဆိုပါ စမတ်ဖုန်းကို အိမ်နီးချင်း တရုတ်နိုင်ငံတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ဖွယ်ရှိ
ကြောင်း လေ့လာသုံးသပ်သူများက ဆိုကြသည်။

ကိုရီးယားနာမည်ကြီး ကျေးလက် ရိုးရာသီချင်းတစ်ပုဒ်၏ နာမည်ကို အစွဲ ပြု၍ မှည့်ခေါ်ထားသည့်
အဆိုပါ စမတ်ဖုန်း ထုတ်လုပ်ခြင်းဖြစ်စဉ် အကြောင်း မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံ
အန်းက လွန်ခဲ့သည့်သီတင်းပတ် အကုန်၌ စက်ရုံတစ်ရုံကို သွားရောက် စစ်ဆေးခဲ့စဉ်ကာလအတွင်း
ပေါ်ပေါက် ခဲ့ခြင်းလည်း ဖြစ်သည်။

စစ်ဆေးရေးခရီးစဉ်အတွင်း ကင်ဂျုံ အန်းသည် အာရီယန် စမတ်ဖုန်း၏ အရည်အသွေး မည်မျှ
ကောင်းမွန် ကြောင်းကို အသေးစိတ် နားထောင်ခဲ့ရ ပုံကို မြောက်ကိုရီးယား အစိုးရသတင်း ဌာန
ဖြစ်သည့် ကေစီအင်န်အေ သတင်း တွင် ဖော်ပြခဲ့သည်။ လေ့လာသုံးသပ်သူအချို့၏ အဆို အရ
အာရီယန်သည် မြောက်ကိုရီးယား ပြည်သူများအတွက် စနစ်တကျ စောင့် ကြည့်ခြင်းခံရနိုင်သော
အစိုးရအသိ အမှတ်ပြု ဖုန်းတစ်မျိုးကို အသုံးပြုရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်နိုင်သည်ဟု
သိရသည်။၏

မြောက်ကိုရီးယား နိုင်ငံတွင် လက် ကိုင်ဖုန်း အသုံးပြုသူ ဦးရေမှာ ယခုအခါ နှစ်သန်းခန့်ရှိပြီဖြစ်
ကြောင်း ၂၀၀၈ ခုနှစ်က လက်ကိုင်ဖုန်း စတင်ထုတ်ဝေခဲ့ရာ၌ ပူးတွဲထုတ်လုပ်ခဲ့သည့် အီဂျစ် ဆက်
သွယ်ရေးကုမ္ပဏီ အိုရာကွန် (Orascom) က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ပြည်တွင်း သုံးအင်တာနက်လိုင်းကို ၂၀၀၂ ခုနှစ် တွင် စတင်ခဲ့ကာ
နိုင်ငံတော်အဖွဲ့အစည်း အချို့၌ ကိုယ်ပိုင် ၀က်ဘ်ဆိုက်များဖြင့် အသုံးပြုခဲ့သည်။ လက်ကိုင်
ဖုန်းစနစ် အသုံးပြုရေးအတွက်ဝန်ဆောင်မှုပေးနေသည့် တစ်ခု တည်းသော Koryolink ကုမ္ပဏီ၌
လက်ကိုင်ဖုန်းအသုံးပြုခွင့် လျှောက်ထား ကာ အသုံးပြုကြသူများသည် ပြည်တွင်း ၌ အချင်းချင်း
ဖုန်းခေါ်ဆိုမှုပြုနိုင်ကြ သော်လည်း ပြင်ပကမ္ဘာနှင့်မူ ဆက်သွယ် ပြောဆို၍မရကြပေ။ အလားတူပင်
အင်တာနက် အသုံးပြု ခွင့်ပေးထားရာတွင်လည်း နိုင်ငံတော် က ခွင့်ပြုထားသည့် သတင်းအချက်
အလက်များကိုသာ အကန့်အသတ်ဖြင့်ဝင်ရောက်ကြည့်ရှု အသုံးပြုခွင့်ရ ကြပြီး နိုင်ငံပြင်ပမှ အဖြစ်
အပျက် များကို ဖြတ်တောက်ထားခြင်းခံရလျက် ရှိသည်။

လုံးလုံးလျားလျား လွတ်လပ် သော အင်တာနက် အသုံးပြုခွင့်ကို လက်တစ်ဆုပ်စာ အခွင့်ထူးခံ
လူများ သာအသုံးပြုနိုင်သဖြင့် ယင်းသို့ အသုံး ပြုနိုင်သူဦးရေမှာ လူတစ်ရာ၊ နှစ်ရာခန့်မှ အများဆုံး
၁,၀၀၀ ခန့်သာလျှင် ရှိနိုင် ပေသည်။

ကင်ဂျုံအန်း၏ စက်ရုံသို့ သွားရောက်လည်ပတ်မှု ခရီးစဉ် အကြောင်း ဖော်ပြရာ၌ ကင်သည် အာရီ
ယန် စမတ်ဖုန်း ထုတ်လုပ်သည့် ပညာရှင်များကို လုံခြံုမှုမရှိသော အခြေ အနေ၌ ယခုကဲ့သို့ အချိန်
ကိုက် ထုတ် လုပ်နိုင်ခဲ့သည့်အတွက် ချီးမွမ်းထား ကြောင်း ကေစီအင်န်အေကပြောသည်။

"ကေစီအင်န်အေက စမတ်ဖုန်း ဟန်းဆက်တွေကို ဒီစက်ရုံမှာ ထုတ်လုပ် တယ်လို့ သတင်းကြေ
ညာနေပေမယ့် ဒါတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး ဒီက ဈေးကွက်ထဲမဖြန့်ခင် စက်ရုံမှာ စစ်
နေတဲ့ပုံပေါက်နေတယ်" ဟု မြောက် ကိုရီးယား နည်းပညာ ၀က်ဘ်ဆိုက်ကို ထုတ်လွှင့်သည့်
မာတင်ဝီလျံက ပြော သည်။

(အေအက်ဖ်ပီ)