နယူးဒေလီ - အိန္ဒိယအစိုးရက ကာကွယ် ရေးပစ္စည်းများ ၀ယ်ယူမှု မူဝါဒ ဆိုင်ရာ
စည်းမျဉ်းများကို ချိုးဖောက်ကာ လာဘ်စားမှုဖြင့် စစ်ဆေးခံနေရသော အီတလီပိုင် အော်ဂက်စ်တာ
၀က်စ်လန်း ကုမ္ပဏီနျင့် ဒေါ်လာ ရ၄၈ သန်းတန်ဖိုးရှိ ရဟတ်ယာဉ်များ ၀ယ်ယူသည့် သဘော တူ
စာချုပ်ချုပ်ဆိုခဲ့သည်ဟု အိန္ဒိယ စာရင်းစစ်များက ဩဂုတ်လ ၁၃ ရက် နေ့က စွပ်စွဲပြောကြားခဲ့
ကြောင်း Press Trust of India (PTI) သတင်းဌာနက ဖော်ပြခဲ့သည်။
အော်ဂက်စ်တာဝက်စ်လန်း ကုမ္ပဏီ က နိုင်ငံခြားအရာရှိများအား လာဘ်ထိုးမှုများရှိကြောင်း စွပ်စွဲ
ထားသည် များကို အီတလီနိုင်ငံမှ စုံစမ်းစစ်ဆေး သူများက စုံစမ်းမှုများ စတင်ပြုလုပ်ခဲ့ပြီး နောက်
ဗိအိုင်ပီပုဂ္ဂိုလ်များ အသုံး ပြုရန် ဇိမ်ခံရဟတ်ယာဉ် ၁၂ စင်း ၀ယ်ယူ မှုကို ယခုနှစ်အစောပိုင်းက
အိန္ဒိယ နိုင်ငံတွင်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အိန္ဒိယပါလီမန်တွင် ဩဂုတ်လ ၁၃ ရက်နေ့က တင်ပြခဲ့သည့် အိန္ဒိယစာရင်း စစ်ချုပ်၏ အစီရင်ခံစာ
တွင် အိန္ဒိယ အစိုးရ၏ သဘောတူစာချုပ်က ကာကွယ်ရေးပစ္စည်းများ ၀ယ်ယူမှုမူဝါဒ ဆိုင်ရာ စည်း
မျဉ်းများနှင့် သွေဖည်နေသည်ဟု ဖော်ပြထားကြောင်း PTI သတင်းဌာနက ဖော်ပြခဲ့သည်။
အိန္ဒိယစုံထောက်များက အော်ဂက်စ် တာ ၀က်စ်လန်းကုမ္ပဏီနှင့် သဘောတူ စာချုပ်ချုပ်ဖြစ်ရန်
လာဘ်ထိုးမှုများရှိ သည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး သီးခြား စုံစမ်းစစ်ဆေးမှုတစ်ခု၏ တစ်
စိတ်တစ်ဒေသအဖြစ် ယခင် လေတပ်ဦးစီးချုပ် S.P Targi ၏ နေအိမ်သို့ ရုတ်တရက် ၀င်ရောက်
စစ်ဆေးခဲ့ကြသည်။
စာချုပ်ချုပ်ဆိုသည့် ငွေပမာဏ၏ ဆယ်ရာခိုင်နှုန်းခန့်၊ သို့မဟုတ် ယူရို သန်း ၅၀ (ဒေါ်လာ ၆၈
သန်း) ခန့်ကို အော်ဂက်စ်တာ ၀က်စ်လန်း ကုမ္ပဏီက ကန်ထရိုက်ရရန်အတွက် အိန္ဒိယ အရာရှိ
များကို ပေးဆောင်ခဲ့ရသည်ဟု အီတလီအစိုးရရှေကနေများက သံသယ ရှိနေကြောင်း အီတလီ
သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရသည်။
(အေအက်ဖ်ပီ)
















