သီရိလင်္ကာပဋိပက္ခ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခဲ့

သီရိလင်္ကာပဋိပက္ခ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခဲ့

ကိုလံဘို ဗုဒ္ဓဘာသာဝင် အုပ်စု တစ်စုက သီရိလင်္ကာနိုင်ငံ မြိုကတော်ရှိ ဗလီတစ်ခုကို တိုက်ခိုက်
ရာတွင် လူ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွား သည်။ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် လူ များ
စုက လူနည်းစုဖြစ်သော မွတ်စလင် အသိုင်းအဝိုင်းအပေါ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာတွင် အဆို
ပါ တိုက်ခိုက်မှုသည် နောက်ဆုံးဖြစ်ပေသည်။

သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘို ဗဟိုဝန်းကျင်ဒေသရှိ သုံးထပ်ဗလီနှင့် အနီးအနားရှိ အိမ်များသို့
သီရိလင်္ကာ ဆင်ဟာလီလူမျိုးများ အဓိကပါ၀င် သော ဗုဒ္ဓဘာသာဝင် လူအုပ်စုတစ်စုက မွတ်စလင်
များ စနေနေ့ ညနေပိုင်း ၀တ်ပြုနေစဉ် ခဲများဖြင့် ပစ်ပေါက်ကြ ကြောင်း နေထိုင်သူများက ရိုက်တာ
သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် သီရိလင်္ကာ မွတ်စလင် ခေါင်းဆောင် များက ကိုလံဘိုမြို့ရှိ ဗလီသစ်
ကို ပိတ်ထားပြီး ယခင်ဗလီဟောင်းသို့ပင် ပြန်သွားရန် သဘောတူလိုက်သည်။ မြို့တော်ဖွံ့ဖြိုးရေး
စီမံချက်၏ တစ်စိတ် တစ်ပိုင်းအဖြစ် စောစောပိုင်းက အစိုးရ သည် ဗလီဟောင်းကို ဖြိုချရမည့်
အဆောက်အအုံစာရင်းတွင် ထည့်သွင်း ထားခဲ့သည်။

အိုဟောင်းနေသော ဗလီဟောင်းနျင့် မြေကို အစိုးရကသိမ်းယူ ပြီး ပိုမိုကျယ်ဝန်းသော နေရာသစ်
ကို ပေးကာ ဗလီသစ် ဆောက်ရာတွင် လည်း အစိုးရက ကူညီရန် အမိန့်ထုတ် ထားခဲ့သည်။ သို့
သော် ဗုဒ္ဓဘာသာဝင် အချို့က ဗုဒ္ဓဘာသာဝင် ပုထိုး၊ ဂူကျောင်း အနီးတွင် ဗလီဆောက်လုပ်ခြင်း
ကို ကန့်ကွက်ခဲ့ကြသည်။

ဩဂုတ်လ ၁၁ ရက်နေ့က အစိုးရသည် မွတ်စလင်နျင့် ဗုဒ္ဓဘာသာ ခေါင်းဆောင်များနျင့် အကျေ
အလည်ဆွေးနွေးပြီး သဘော တူညီမှုရခဲ့သည်ဟုဆိုသည်။ မွတ်စလင် ခေါင်းဆောင်များက ဗလီ
သစ်ကို ပိတ်လိုက်ရန် သဘောတူလိုက်ပြီး ဗလီဟောင်းအပေါ်တွင် အရိပ်မိုးနေ သော ဗောဓိညောင်
ပင်အကိုင်းကိုလည်း ခုတ်ပေးရန် ဗုဒ္ဓဘာသာဝင်တို့က သဘောတူလိုက်သည်။

ယခုအခါ အေးချမ်းသွားပြီဖြစ်၍ ညမထွက်ရ အမိန့်ကိုလည်း ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

(ရိုက်တာ)