အဆိုးရွားဆုံးနှင့် အကုန်အကျအများဆုံး မူဝါဒကို ဖက်တွယ်ထားသည့် လူကြိုက်နည်းလာသောထိုင်းအစိုးရ

အဆိုးရွားဆုံးနှင့် အကုန်အကျအများဆုံး မူဝါဒကို ဖက်တွယ်ထားသည့် လူကြိုက်နည်းလာသောထိုင်းအစိုးရ

ရင်လတ်ရှင်နာဝပ် အစိုးရအတွက် ပျော် ရွှင်ဖွယ် ဒုတိယမြောက် နှစ်ပတ်လည်အစိုးရသက်တမ်း
တစ်ခု ဖြစ်မလာခဲ့ပေ။ ရင်လတ်၏အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ တစ်ယူသန်
အတိုက်အခံ ထောင်ပေါင်းများစွာတို့ သည် ပြည်ပတွင် တိမ်းရှောင်နေရသည့် သက်ဆင်အား ပြည်
တော်ပြန်လာပါက ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပေးနိုင် မည့်ဥပဒေကြမ်းတစ်ခုကို ကန့်ကွက်ရန် ဩ
ဂုတ်လ ရ ရက်နေ့တွင် လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။

ယခင်ပုံစံများအတိုင်း အာဏာသိမ်းမည်ဟူသော ကောလာဟလများနှင့် အတူပင် ဤတစ်ကြိမ်
တွင်လည်း မစ္စရင်လတ်အသုံးချခံရခြင်းဖြစ်ကောင်းဖြစ်နိုင် ပါသည်။ပို၍ စိုးရိမ်ဖွယ်ကောင်းသည်
မှာ ရင်လတ်အစိုးရ၏ စီးပွားရေး စွမ်းဆောင်ချက် (ယင်းသည် အစိုးရ၏ အမာခံ ၀တ်စုံဖြစ်မည်ဟု
ယူဆရပေ သည်) နှင့်စပ်လျဉ်း၍ တုန်လှုပ် ချောက်ချားမှုများ ကြီးမားကျယ်ပြန့်လာခြင်းဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ဘန်ကောက် တက္ကသိုလ်က ကောက်ခံသည့် လူထု သဘောထားတွင်
အစိုးရကို နှစ်သက်မှု မှာ အနိမ့်ဆုံးအဆင့်အထိ ရောက်ရှိ သွားကြောင်းတွေ့ခဲ့ရသည်။ နာမည်အ
ပျက်ရဆုံးမှာ လူသိများလှသည့် ဆန်ထောက်ပံ့ကြေးပေးမည် ဆိုသောကိစ္စရပ်ဖြစ်သည်။ ယင်းမှာ
ညီမဖြစ်သူ ၏ မူဝါဒအများစုကို အဝေးမှ နှုတ်တိုက် ချပေးသည့် မစ္စတာသက်ဆင်၏ အစီ အမံများ
ဖြစ်သည်။

ထိုမူဝါဒမှာ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲ စည်းရုံးရေးကာလ အတွင်းကမူ မဲရရှိရေးအတွက် အသုံး
၀င်ခဲ့သည်။ သို့ရာတွင် ယင်းမူဝါဒသည် ယခုအခါ၌ အစိုးရဘဏ္ဍာရေးနှင့် နိုင်ငံ၏ စီးပွားရေး တစ်ခု
လုံးအတွက် ထိခိုက် ဖွယ်ရာ ဖြစ်လာခဲ့သည်။ ဆန်ထောက်ပံ့ကြေးသည် သာမန် ပြည်သူတို့၏
အကျိုးကို ရည်မျှော် သော သက်ဆင်၏ စံပြမူဝါဒဖြစ်ခဲ့ သည်။ ထိုင်းလူမျိုး သုံးပုံနှစ်ပုံသည် စိုက်
ပျိုးရေးတွင် လုပ်ကိုင်ကြကာ အများစု မှာ စပါးစိုက်သော လယ်သမားများ ဖြစ်ကြသည်။

မစ္စ ယင်လတ်သည် ရွေးကောက်ပွဲအနိုင်ရခဲ့ပါက ၎င်း၏ အစိုးရသည် လယ်သမားများထံမှ ချွေ
လှေ့မထားရသေးသော စပါးများကို ဈေးကွက်ပေါက်ဈေး၏ နှစ်ဆ (သို့) တစ်တန်လျှင် ဘတ်
၁၅,၀၀၀ (အမေရိ ကန်ဒေါ်လာ ၅၀၀) နှုန်းဖြင့် တိုက်ရိုက် ၀ယ်ယူသွားမည်ဟု ကတိပြုခဲ့သည်။

ယင်းအစီအစဉ်ဖြင့် ဆင်းရဲသား လယ် သမားများထံ ငွေကြေး ရောက်ရှိစေပြီး ပြည်တွင်း ၀ယ်လို
အားကို မြှင့်တင်ပေး မည်ဖြစ်သည်။ အတိုက်အခံပြုသူတို့ ကမူ ယင်းအစီအစဉ်သည် အကုန်အ
ကျ များသဖြင့် မဖြစ်နိုင်ဟု သတိပေးခဲ့ကြသည်။ သို့ရာတွင် ကမ္ဘာ့ဈေးကွက် များမှ ဤနည်းအား
ဖြင့် ဆန်ပြန်လည်ရုပ်သိမ်းခြင်းကြောင့် ဈေးနှုန်းမြှင့်တင်ရာရောက်ကြောင်း သက်ဆင်၏ အကြံပေး
များက ဆိုကြသည်။

ထိုင်းနိုင်ငံ သည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံဖြစ်ခဲ့ပြီး အစိုးရသည် တောင်ပုံရာပုံဖြစ်နေ
သည့် ဆန်များကို အမြတ်အစွန်းတစ်ခုရယူ၍ ပြန်လည် ရောင်းချ ခြင်းဖြင့် နောင်တွင် ငွေသား
ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။

သီအိုရီအရ ကောင်းမွန်လင့်ကစား လက်တွေ့တွင်မူ အခြား နိုင်ငံများသည် လည်း ထိုင်းနိုင်ငံနှင့်
အတူပင် ဈေးပြိုင်လျှော့ချ ရောင်းချခဲ့သည်။ ယင်းနောက် အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့သည် ထိုင်း
နိုင်ငံကို သာလွန်ကာ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံများအဖြစ် ရပ်တည်လာကြသည်။

၀ယ်လက် ရှာမရသည့်အဆုံး ထိုင်းအစိုးရသည် တန်ချိန် ၁၈ သန်းမျှရှိသော ဆန်ပုံ ကြီးကို သိုမှီး
ထားရပေတော့သည်။ ဆန်များကို သိုလှောင်ရသည့်အတွက် ထိန်းသိမ်းစရိတ်နှင့် သယ်ယူစရိတ်
များ ကြီးမြင့်ရသလိုပင် တန်ဖိုးကြီးလှသည့် ဂိုဒေါင်သစ်များလည်း လိုအပ်လာရ သည်။

ဂိုဒေါင်များထဲမှ ဆန်များ အရည် အသွေး ကျဆင်းသွားမည်ကိုလည်း တထိတ်ထိတ်ဖြစ်ရသည်။
အဆုံး၌ အရည်အသွေး လျော့သွားတတ်သည့် ဆန်များကို လေလံတင်၍ ရောင်းချရာ စိတ်ပျက်
ဖွယ်ရာဖြစ်ခဲ့ရပြီး ထိုင်းအစိုးရ သည် ဆန်တန်ချိန် တစ်သန်းခန့် ရောင်းရန် မျှော်မှန်းခဲ့သော်လည်း
တန် ချိန် နှစ်သိန်းစွန်းစွန်းမျှသာ ရောင်းချ နိုင်ခဲ့သည်။

ယင်းမှာ အရှုံးကြီးရှုံးခြင်း တစ်ခုပင် ဖြစ်သည်။ သို့ရာတွင် နိုင်ငံရေး ရင်းနှီး မြှုပ်နှံမှုများစွာပြုခဲ့သည့်
မစ္စယင်လတ် က ထိုသို့ပင် ဆက်လက်ခရီးဆက်ဦး မည်ဟု ကတိပြုပြန်သည်။ ဆန်ထောက်ပံ့ကြေး
အစီအစဉ်ကို ကုလားဖန်ထိုးရန် ကြိုးစားခဲ့သည်။

ဥပမာအားဖြင့် ထောက်ပံ့ကြေးဖြင့် ၀ယ်ယူမည့်ဈေးနှုန်းကို မူလက တစ် တန်လျှင် ဘတ် ၁၅,၀၀၀
ဖြင့် ၀ယ်ယူခဲ့ရာမှ ဘတ် ၁၃,၅၀၀ သို့ လျှော့ချ လိုက်သည်။ ယင်းမှာ ၎င်းကို ထောက်ခံ မဲပေးခဲ့ကြ
သည့် စပါးစိုက်သူ လယ် သမားများကို ဒေါသူပုန်ထစေခြင်း သက်သက်သာ ဖြစ်စေခဲ့သည်။

ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် ရှင်နာ ၀ပ်ကမဆိုင်းမတွပင် မှားယွင်းကြောင်း ၀န်ခံပြောဆိုခဲ့ကာ
နောက်တစ်ကြိမ် ကြိုးစားခဲ့ပြန်သည်။ ယင်လတ်အစိုးရ သည် ကမန်းကတန်းဆိုသလိုပင် ဆန်
၀ယ်ယူမည့် အခြားအစိုးရများကို ရှာဖွေ ခဲ့ပြီး အီရန်နိုင်ငံသို့ မဆိုစလောက် သော ဆန်တန်ချိန်
၂၅၀,၀၀၀ တင်ပို့ ရောင်းချခဲ့သည်။

ရလဒ်အနေဖြင့် ထိုင်းအစိုးရ၏ကြွေးမြီအဆင့်များမှာ မြင့်တက်လာလျက်ရှိပြီး ဘဏ္ဍာရေးဆိုင်ရာ
အကဲ ဖြတ်အေဂျင်စီတစ်ခုဖြစ်သည့် ဩသိပဒျ က ဆန်စပါးစီမံကိန်းသည် ထိုင်းနိုင်ငံ ဘဏ္ဍာရေး
ကျင့်ဝတ်နည်းလမ်းကို စိုးရိမ် ဖွယ်ရာဖြစ်စေလျက်ရှိကြောင်း သတိ ပေးထားသည်။

(The Economist)