စနိုးဒန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ အလွန် လိုက်ဖက်ညီကြပါပေတယ် - အာရှအမြင်

စနိုးဒန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ အလွန် လိုက်ဖက်ညီကြပါပေတယ် - အာရှအမြင်

အို တကယ်ပါပဲ။ ကမ္ဘာကြီးဟာ နွေးထွေး လိုက်တာ၊ ဘယ်လောက်တောင်လဲဆိုရင် ထပြီးခုန်
ပါက်ချင်စိတ် ဖြစ်လာ သလိုပါပဲ။ Chevron ရဲ့ လူသားစွမ်းအင် ကို ယုံကြည်လာချင်တယ်။
ဒီလို ဘဝင်ခိုက်ရတဲ့ အကြောင်းက တော့ ကမ္ဘာ့အရဲရင့်ဆုံး ယောကျ်ား (ဆန်ရိန်ဆီကတော့
ထောက်ခံချင်မှ ထောက်ခံမယ်) ဖြစ်သူ အက်ဒွပ် စနိုး ဒန် သူ့လွတ်လပ်ခွင့် ပြန်ရပြီလို့ သိလိုက်
ရလို့ပါပဲ။

သူ့ကို ရုရှားမှာ တစ်နှစ်နားခွင့်ပေး လိုက်တယ်။ သင့်အနေနဲ့ ဒီလို ပြောနိုင် တယ်၊ "ဟုတ်ပါတယ်၊
ပထမဆုကတော့ ဗင်နီဇွဲလားနိုင်ငံမှာ နှစ်နှစ်လေ" ဒါပေမဲ့ ကိုယ့်ရဲ့ အဆိုးမြင်ဝါဒီစိတ်ကို မျိုသိပ်
ထားလိုက်ပြီး မော်စကိုရဲ့ ရဲဝံ့တဲ့ ဆုံးဖြတ်ချက်ကို လက်ခုပ်ဩဘာ ပေးရမှာပါ။

စနိုးဒန်ဆိုတဲ့ လူငယ်ကလေးကတော့ အမေရိကန်နိုင်ငံဟာ ကျွန်တော်တို့ တစ်တွေအပေါ်မှာ သူ
လျှိုလုပ်နေတာကို ဖော်ထုတ်ခဲ့တဲ့သူပါ။ အမေရိကန် အမျိုးသားလုံခြံုရေးအေဂျင်စီ (NSA) ဟာ
ကျွန်တော်တို့ ပို့သမျှ အီးမေးလ်၊ တယ်လီဖုန်းဆက်တိုင်း၊ ကွန်ပျူတာကို သုံးတိုင်း အေတီအမ်စက်
သုံးတဲ့အခါ အရိုက်ခံရတဲ့ ဓာတ်ပုံတွေကို မှတ်တမ်းတင် သိမ်းဆည်းထားတဲ့ ဌာနပါ။ ဒီလျှို့ဝှက်တဲ့
'အလွန်ကြီးကျယ်တဲ့ အချက်အလက်များ' ထောက်လှမ်းမှု ကို ဖော်ထုတ်ခဲ့တဲ့အတွက် သစ္စာဖောက်
လို့ အမည်တပ် ခံရရုံတင်မကဘဲ ဘရင်ဂျီဂိုဏ်းနဲ့ အယူဝါဒ မတူသူတွေ ကို ဖိနှိပ်ဖို့ဖွဲ့စည်းထားတဲ့
အဖွဲ့ထက် ဆိုးရွားတဲ့ ကံကြမ္မာရောက်အောင် ခြိမ်းခြောက်ခံနေရသူ ဖြစ်တယ်။

ကံကောင်းချင်တော့ စနိုးဒန်ဟာ သူ့လိုစိတ်မျိုးရှိတဲ့ လူတွေရဲ့ အကူ အညီနဲ့ ဟောင်ကောင်မှတစ်
ဆင့် ရုရှား နိုင်ငံထဲသို့ ထွက်ပြေး လွတ်မြောက် ခဲ့ပြီး ရုရှားနိုင်ငံထဲသို့ ၀င်ခွင့်မရခင် လေဆိပ်မှာ ဩ
ဂုတ်လ ၁ ရက်နေ့ အထိ နေခဲ့တယ်။ သူ ဖော်ထုတ်ခဲ့တဲ့ အရာတွေဟာ တုန်လှုပ်စရာကောင်းတဲ့
အပြင် စက်ဆုပ် ဖွယ်လည်းကောင်းတယ်။ကျွန်တော်တို့ တစ်တွေ အားလုံး အနှောင့်အယှက်မှ
အေးငြိမ်းမှုမရှိတော့တဲ့ အဓိပ္ပာယ်ပေါ့။

Uncle Sam ကို စိတ်မချမ်းသာအောင် လုပ်တဲ့လူဆိုရင် ချက်ချင်းဆို သလို သင့်ရဲ့ တယ်လီဖုန်း
သုံးမှု အားလုံး၊ အီးမေးလ်တွေနဲ့ တခြားအသေးစိတ်အချက်အလက်တွေအားလုံး ဆွဲထုတ်ခံရပြီး
NSA ရဲ့ စစ်ဆေးမှုကို ခံရမှာပဲ။ အပြစ်ကျူးလွန်မှု တစ်ခုခုကိုတော့ ရှာတွေ့မှာပဲ။ အဲဒါကို အပြင်
လောက ကို သိခွင့်ပေးလိုက်ရင် Dominique Strauss-Kahn, Anwar Ibrahim, Princess
Diana နဲ့ တခြားသူတွေလို အတွင်းခံပစ္စည်းတွေ ထည့်ထားတဲ့ အံဆွဲ မွှေနှောက်ခြင်းခံရသလို
ခံစား ရမှာဖြစ်တယ်။

ဒါပေမဲ့ ဒီမှာတော့ ညစ်ပတ်နေတဲ့ အဝတ်အထည်တွေကို ဆယ်တင်ဖို့ မဟုတ်ဘဲ စနိုးဒန်ကို
ချီးမွမ်းဖို့နဲ့ ကျွန်တော်ရရှိတဲ့ သတင်းက မှန်မယ်ဆိုရင် သတင်းဦးကို အာရုံစိုက်ရန် ဖြစ်တယ်။
သတင်းဦးက စနိုးဒန်ဖော်ထုတ်လိုက်တဲ့ အကြောင်းအရာတွေနီးပါး မယုံနိုင်လောက်အောင်ဖြစ်
တယ် လို့ဆိုတယ်။ အက်ဒွပ်စနိုးဒန် ကမ္ဘောဒီးယားကို လာလိမ့်မယ်။ အသက်ပြင်းပြင်းလေးသာ
ရှူပြီး ဒီသတင်းစာမှာ သင် ပထမဆုံးဖတ်လိုက် ရတယ်လို့ သတိရပါ။ 'ဘယ်လိုနဲ့ ဘာကြောင့်
လာမှာလဲ'လို့ သင့်အနေနဲ့ မေးခွန်းထုတ်နိုင်တယ်။ ဘယ်လိုလာမလဲ ဆိုတာကတော့ ဖြေလို့လွယ်
ပါတယ်။

မော်စကိုကနေ ဟိုချီမင်းမြို့ကို ဗနမသ်ူသအ ရုရှားလေကြောင်းနဲ့သွားရင် အသွားလက်မှတ်ခ
အမေရိကန် ဒေါ်လာ ၄၅၀ ပဲကျ ပါတယ်။ နယ်စပ်တစ်ဖက်က ရိန်ဆီရဲ့မိတ်ဆွေ တွေသိနေကြတဲ့
ဖနွမ်းပင်မြို့ကို ဘတ်စ် ကားနဲ့ ၁၅ ဒေါ်လာ ပေးလိုက်ရင် ရောက်တာပဲ။ ကမ္ဘောဒီးယားနဲ့ ဗီယက်
နမ်နိုင်ငံတို့ နဲ့စာရင် ရုရှားနိုင်ငံဟာ လိုက်လျော လွန်းတဲ့ လက်အောက်ခံတွေ အနည်းငယ် ပိုရှိတော့  နိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့်ဗီဇာ ပြဿနာတွေကို မေ့ထားလိုက်ပါ။

သင်မသိခင်မှာပဲ စနိုးဒန်ဟာ သူ့လို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရုရှား က သူဌေးကြီးတွေ၊
ပြည်နှင်ဒဏ်ပေးခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်တွေနဲ့ ရိုမာနော့ဗ် ဘုရင်မျိုးဆက်တွေနဲ့ ဆေးပြင်း
လိပ် ညှိသောက်နေတာကိုတောင် မြင် နိုင်တယ်။ ဘာကြောင့် သူ့ကို ၀င်ခွင့်ပေးသလဲ။ အဖြေ
ကတော့လွယ်ပါတယ်။ ကမ္ဘော ဒီးယားမှာ မကြာခင်က ငြိမ်းချမ်းစွာ ပြီးစီးသွားတဲ့ အထွေထွေ
ပါတီ ရွေး ကောက်ပွဲကို အနောက်အုပ်စုရဲ့ လှောင် ပြောင်တဲ့ တုံ့ပြန်မှုနဲ့ အမေရိကန်က စံနမူ
နာတင်ခဲ့တာကို ပြန်လည်သုံးသပ် လိုက်ပါ။ ဂွမ်တာနာမိုစခန်းမှာ ညှဉ်းပန်း နှိပ်စက်မှုတွေ လုပ်
ခဲ့တဲ့လူတွေရဲ့ စော စောပိုင်းက အဓိပ္ပာယ်မရှိ စကား တွေကို ပြန်ပြောင်းပြီး သတိရလိုက်ပါ။

Uighurs လူမျိုးတွေကို နိုင်ငံရင်းသို့ ပြန်ပို့တဲ့အတွက် ဟွန်ဆန်ကို ပြစ်တင်ဝေဖန်၊ တောင်တရုတ်
ပင်လယ် အငြင်းပွားမှုမှာလည်း ပေကျင်းအစိုးရကို ထောက်ခံတာ စသည်ဖြင့်ပေါ့။ လူတစ်ယောက်
ဟာ သင့်ကို မရပ် မနား ရန်စလာရင် သူ့ရဲ့ အဓိကအင်္ဂါအစိတ်အပိုင်းကို ထိုးလိုက်ရရင် ကောင်း
တယ်မဟုတ်လား။

စနိုးဒန်ကို ပေးဝင်တာလည်း ဒီလိုပုံစံမျိုးပေါ့။ သူ့လိုပဲ ဖော်ကောင် ဂျူလီယန် အဆန့်ဂျ်ကို အတုယူ
လိမ့်မယ်လို့ မျှော်လင့်ရမှာပဲ။ အဆန့်ဂျ်ဟာ လာမယ့် ဩစတြေးလျနိုင်ငံ ရွေးကောက်ပွဲမှာ ၀င်ရောက်
ပါ၀င်ယှဉ်ပြိုင်ဖို့ အကြံ အစည်ရှိတယ်။ သူနိုင်ခဲ့ရင် စနိုးဒန်အတွက် မက်လုံး ပေးလိုက်သလို ဖြစ်
လိမ့်မယ်။ ဟွန်ဆန် ကသာ စနိုးဒန်ကို ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့ရင်
CPP အဖွဲ့ထဲပေးဝင်ပြီး ဒီမှာသာပေးပြိုင်ခဲ့ရင်ပေါ့။

၀န်ကြီးချုပ်ကလည်း ဉာဏ်များသူပီပီ စနိုးဒန်ကို လူမျိုးရေး အရ အမည်းစက်ရှိနေတဲ့ ရိန်ဆီနဲ့
ယှဉ်ပြိုင် အရွေးခံလိုက်ရင်တော့နောက် မှဆုံကြဦးစို့ဆိုတဲ့ အခြေအနေဖြစ် သွားနိုင်တယ်။

(ဤဆောင်းပါးသည် ရော်ဂျာ မစ်တန်၏အာဘော်သာဖြစ်သည်။)