မနီလာ - ဖိလစ်ပိုင်တွင် အကြီးအကျယ် ဖြစ်ပွားခဲ့သည့် ရေနံယိုဖိတ်မှုကြီးကြောင့် မနီလာမြို့၏
အသက်တမျှအရေးကြီး သည့် ငါးလုပ်ငန်းကြီး၏ လုပ်ငန်းအတော်များများ ဩဂုတ် ၉ ရက်နေ့က
ပိတ်လိုက်ရပြီး မနီလာပင်လယ်အော် အတွင်း ဒီဇယ်ဆီများ ဖုံးလွှမ်းနေသော ကမ်းခြေတစ်လျှောက်
နေထိုင်ကြသည့် ထောင်သောင်းချီသော ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းမှုကို ထိခိုက်ခဲ့
ကြောင်း သိရသည်။
ခန့်မှန်းခြေ လီတာ ၅၀၀,၀၀၀ ခန့်ဆံ့သည့် ရေနံလှောင်ကန်ကြီးမှရေနံများယိုဖိတ်မှုသည် အရှည်
၂၀ ကီလို မီတာရှိသည့် ပင်လယ်ကမ်းရိုးတန်း သို့ ရောက်ရှိခဲ့သောကြောင့် ငါးများ သေဆုံးကာ
ရေပေါ်တွင် ပေါလောပေါ်နေပြီး ဒေသခံအချို့မှာ အခိုးငွေ့များ ကြောင့် ဖျားနာခဲ့ကြကျောင်း အာ
ဏာ ပိုင်များက ပြောကြားခဲ့သည်။
"ဒေသခံကလှေုးယ်တွေနဲ့ လူကြီး ပိုင်းတော်တော်များများ နေမကောင်း ဖြစ်ကြတယ်" ဟု ရေနံယို
ဖိတ်မှု အများ ဆုံးခံစားရသည့် နေရာနှင့် အနီးဆုံး တံငါရွာမှ ရွာလူကြီး မားကော့စ် ဆိုးလစ် က
အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
"ငါးနဲ့ အခြား အခွံမာအကောင် တွေရဲ့ဈေးနှုန်းတွေလည်း ထိုးကျတာ ပဲ။ တံငါးသည်တွေလည်း
ငါးတွေက ရေနံအ့နပရပြီး အဝေးကို ထွက်ပြေးကြတဲ့အတွက် ခပ်ဝေးဝေး ပင်လယ်ပြင် ရေနက်
ပိုင်းထိ ငါးရှာထွက်ကြရတယ်" ဟု ၎င်းကဆိုသည်။
ရေနံယိုဖိတ်မှုသည် ပင်လယ်အော်အတွင်းရေနံသိုလှောင်ကန်တစ်ခုမှ ယိုစိမ့်ခြင်း၊ သို့မဟုတ်
သင်္ဘောပေါ်မှ ဒီဇယ်များ လွှဲပြောင်းရာမှ ယင်းသို့ ဖြစ်ရခြင်းဖြစ်သည်ဟု အာဏာပိုင်များ က
ပြောကြားထားသည်။
ရေနံယိုဖိတ်မှုသည် ပင်လယ်ကမ်းခြေမှ ၁၅ ကီလိုမီတာခန့်အကွာ ပင်လယ် ဘက်သို့ ရောက်ရှိပြီး
စတုရန်းကီလိုမီ တာ ၃၀၀ (၁၂၀ စတုရန်းမိုင်) ဧရိယာ တစ်ဝိုက် ပျံ့နှ့ံနေကြောင်း ကမ်းခြေစောင့်
တပ်ဖွဲ့မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကာကွယ်ရေး အရာရှိချုပ် ကွန်မိုဒို ဂျိုးလ်ဂါစီယာက
သတင်းထောက် များကို ပြောကြားခဲ့သည်။
"ရေနံရောက်ရှိတဲ့နေရာက ဧရိယာ ကျယ်ဝန်းတဲ့အတွက် ကျွန်တော်တို့ ထိန်းချုပ်နိုင်မလားဆိုတာ
မပြောနိုင် သေးပါဘူး" ဂါစီယာက ပြောသည်။ အစိုးရက ထုတ်ပြန်သည့် အချက်အလက်များအရ
လူဦးရေ သန်း ၃၀ ခန့် နေထိုင်သည့် ဒေသအတွင်းတွင် နိုင်ငံ ၏ ရေလုပ်ငန်းများ အဓိက လုပ်ကိုင်
ရာနေရာဖြစ်သည့် ဖိလစ်ပိုင် ပင်လယ်အော်၏ အကျယ်အဝန်း ၁၅ ရာခိုင်နငန်း ခန့်ကို ကမ်းခြေစောင့်
တပ်က စောင့်ကြည့် ရသည်ဟုဆိုထားကြောင်း သိရသည်။
"ငါးတွေနဲ့ အခွံမာ ရေသတ္တဝါတွေ သေဆုံးမှုက များများလာတယ်။ ရေကို အနှေးနဲ့အမြန် သန့်
အောင် မလုပ်နိုင် ဘူးဆိုရင် အခွံမာ ရေသတ္တဝါလုပ်ငန်း ပြန်လည် မထူထောင်လာခင် အချိန်
ထိ ဒီလိုသေဆုံးတာတွေ လချီပြီးကြာ နိုင်တယ်" ဟု ငါးလုပ်ငန်း လုပ်ကိုင်ကြ သည့် ရိုဆာရီ
ယိုမှမြို့တော်ဝန် ဂျိုစီရီ ကာဖရန်တီက အေအက်ဖ်ပီသို့ ပြော ကြားခဲ့သည်။
ပင်လယ်အော်အတွင်း ငါးဖမ်းခြင်းနျင့် အခွံမာရေသတ္တဝါ လုပ်ငန်းတို့ကို မှီခို စားသောက်နေထိုင်
ကြရသည့် ပြည်သူ ၄၀ယဝဝ၀ ခန့်သည် လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေကြောင်း ၎င်းက ပြော
သည်။
စည်သွပ်အစားအစာများနျင့် ဆန်ရရှိ ရေးအတွက် တံငါသည်များနျင့် ၎င်းတို့ မိသားစုများက ဒေ
သတွင်း အစိုးရနျင့် အတူ ရေနံရှင်းလင်းရေးတွင် ပါ၀င် ကူညီနိုင်မည့် 'လတ်တလော စား သောက်
နိုင်ရေးအလုပ်' အရေးပေါ် အစီ အစဉ်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း
ရီကာဖရန်တီက ပြောကြားသည်။
ဒေသခံများသည် ဘူးများ၊ ွှခြား သော ခပ်၍ရနိုင်မည့် ကိရိယာ တန်ဆာ ပလာများဖြင့် ဒီဇယ်များ
ကို ခပ်ကြကြောင်း သိရသည်။ "ကလေးတွေကပါ ၀ိုင်းပြီး ကူညီကြတယ်။ နျာခေါင်စည်းတွေ အ
သုံးပြုကြဖို့ ကျွန်တော်တို့ ပြောထားပါတယ်" ဟု ၎င်းကဆိုသည်။ ဒေသခံနှစ်ဦး ဆေးရုံသို့ရောက်
ရှိပြီး ကြာသပတေးနေ့က အောက်ဆီဂျင်များ တပ်ထားရကာ နျစ်ဦးလုံး ပြန်လည် ကောင်းမွန်လာ
ပြီဖြစ်ကြောင်း သိရ သည်။
အာဏာပိုင်များက အစောပိုင်း တွင် ရေနံလှောင်ကန်၌ ရေနံများ လွှဲပြောင်းခဲ့သော ရေနံတင် သ
င်္ဘောမှ ယိုစိမ့်သည်ဟု အာဏာပိုင်များက ယူဆခဲ့ကြောင်း ကမ်းခြေစောင့်တပ်မှ အရာရှိ ဂါစီယာ
က ပြောသည်။
ရေနံစည်ပီပါ ၃၄,၀၀၀ ဆံ့သည့် ြ။ွှ ြေုငျငါ ရေနံတင်သင်္ဘောနှင့် သင်္ဘောသားများကို ထိန်းသိမ်း
ထားသည်ဟု၎င်းကပြောသည်။ ဖိလစ်ပိုင် ရေနံချက်စက်ရုံ ဏနအမသည ကော်ပိုရေးရှင်းပိုင်
ရိုဆာရီယို ရေနံ လှောင်ကန်ရှိရာ ဆိပ်ကမ်းဆီသို့ ဦးတည် နေသည့် ရေအောက် ရေနံပိုက်လိုင်းမှ
ယိုစိမ့်နေသည်ကို ကမ်းခြေစောင့်တပ် ရေငုပ်သမားများက နောက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း
ဂါစီယာကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဏနအမသည ကုမ္ပဏိက ၎င်းတို့၏ ရေနံပိုက်လိုင်းမှာ အကောင်းပကတိ
အတိုင်း ရှိနေကြောင်း လူမှုရေးဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်ခ် စာမျက်နျာတွင် ဖော်ပြ
ထား သည်ဟု ကြေညာချက်ကဆိုသည်။
ကနဦးရရှိသည့် သတင်းများအရ ရေနံယိုစိမ့်မှုသည် ရေနံတင်သင်္ဘောမှဖြစ်ကြောင်း၊ သို့သော်
ဆက်လက်စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ယင်းကြေညာ ချက်တွင် ဖော်ပြထားသည်။ ပင်လယ်
ပြင်အနေအထားနှင့် ရာသီဥတု အခြေအနေများအရ ရေနံယိုစိမ့်မှုသည် နောက်ထပ် ရက်အနည်း
ငယ် သို့မဟုတ် ရက်သတ္တပတ်ထိ ကြာနိုင် ဖွယ်ရှိကြောင်း၊ ဗနရောင်နျင့် ထိတွေ့ရ သည့်အတွက်
ကြောင့် အငွေ့ပျံသွား မည်ဟု မျှော်လင့်ရ ကြောင်း ဂါစီယာက ဆိုသည်။
(အေအက်ဖ်ပီ)

















