ရုပ်မြင်သံကြားနှင့် စမတ်ဖုန်းများကြောင့် ဘူတန်ဘုန်းကြီးကျောင်းများ မှေးမှိန်လာ

ရုပ်မြင်သံကြားနှင့် စမတ်ဖုန်းများကြောင့် ဘူတန်ဘုန်းကြီးကျောင်းများ မှေးမှိန်လာ

သင်ဖူး - အနီရောင် သင်္ကန်းဝတ် ဘူတန် နိုင်ငံသား ဗုဒ္ဓဘာသာဘုန်းတော်ကြီး
ကန်ချိုရှာရင်သည် မုတ်သုံမိုးတားပွဲ တစ်ခု ပြုလုပ်ရန် ဘူတန်ဘုရင့်ရုံးတော်မှ အမိန့်တစ်ရပ်
ရရှိထားပြီး ဖြစ်၍ မိုးတားဆုတောင်းပွဲကို အမြန်ဆုံး ပြုလုပ်ရန် တာဝန်ရှိနေသည်။

သို့သော် သီးခြား ကမ္ဘာအသွင်ဖြစ်နေသော ဤ ဘုရင့်နိုင်ငံကလေးတွင် မိမိအဖွဲ့သား ဘုန်းတော်
ကြီးများ၏ ဩဇာအာဏာနျင့် စွမ်းပကားမှာ လျော့ ပါးချည့်နဲ့နေသည်။ နည်းပညာနျင့် ဒီမိုကရေစီ
တို့၏ အကျိုးသက်ရောက်မှုနျင့် သံဃာများအတွင်းမှ မဖွယ်မရာ မှုခင်းတစ်ခုတို့ကြောင့်ပင် ဖြစ်သည်။

"ဘူတန်နိုင်ငံက ပြောင်းလဲနေပါ တယ်။ သံဃာ့အဖွဲ့ ဂုဏ်သိက္ခာကတော့ ကျဆင်းနေပါတယ်။ ၀ါ
ရင့်သံဃာတော် တွေကိုတောင် မြို့ထဲမှာ ရိုသေရမှန်း မသိကြတော့ဘူး" ဟု ဒီချိန်ဖိုဒရန်ဘုန်းတော်
ကြီး စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာတော် ကန်ချိုရှာရင် က မိန့်သည်။

ဤကျောင်းကလေးမှ ကြည့်လျှင် မြို့တော်သင်ဖူးကို ဆွတ်ပျံ့ ဖွယ် အပေါ်စီးမှ တွေ့ရသည်။ ဘူ
တန်နိုင်ငံသည် ဟိမဝန္တာတောင် ရိုးပေါ်တွင် အိန္ဒိယနျင့် တရုတ်နိုင်ငံ တို့နှင့် ကပ်လျက်ရှိနေပြီး ဗုဒ္ဓ
ဘာသာ ယဉ်ကျေးမှု ပေါကြွယ်ဝသောကြောင့် ထင်ပေါ်ကျော်ကြားသည်။ ဘူတန်ကျေးရွာများတွင်
ဗုဒ္ဓယဉ်ကျေးမှုဓလေ့ များ ယနေ့ထက်တိုင် နက်ရှိုင်းစွာ အခိုင် အမာ စွဲကျန်လျက်ရှိနေသေးသည်။

စာဝါလိုက်နေသည့် ဘူတန်ကိုရင်တစ်ပါး။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဗုဒ္ဓဘာသာယဉ်ကျေးမှုအား ကာကွယ် ထိန်းသိမ်းရေးသည် ဘူတန်နိုင်ငံ၏ တစ်ခုတည်းသော
'စုစုပေါင်း အမျိုးသား ပျော်ရွှင်မှု' (GNH-Gross National Happiness) ၏ ပင်မမဏ္ဍိုင် တစ်ခုဖြစ်
သည်။ GNP (စုစုပေါင်း အမျိုးသား ထွက်ကုန်ကို အသုံးမပြုဘဲ GNH (စုစု ပေါင်းအမျိုးသားပျော်
ရွှင်မှု) ကို အသုံး ပြုရခြင်းမှာ နိုင်ငံ၏စီးပွားရေး တိုးတက် မှုကို နိုင်ငံသားများ၏ စိတ်ဓာတ် ပျော်ရွှင်
ချမ်းသာမှုနျင့် ညှိနှိုင်းတွက်စစ် လို၍ ဖြစ်သည်။ ဘူတန်သည် GNH ကို ပထမဆုံး တီထွင်အသုံးပြု
သည့် ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်သကဲ့သို့ ရုပ်မြင်သံကြားစက် ကို နိုင်ငံသားများအား နောက်အကျ
ဆုံး အသုံးပြုခွင့်ပေးခဲ့သည့် ကမ္ဘာ့နိုင်ငံ လည်း ဖြစ်သည်။

သုံးလသုံးရက်ကြာ ၀စီပိတ်တရားစခန်းဝင်ခဲ့သော ဘုန်းတော်ကြီး ရှာရင် က ၁၉၉၉ ခုနှစ်တွင်
ဘူတန်နိုင်ငံအတွင်း ရုပ်မြင်သံကြားစက်များ အသုံးပြုခွင့် ရရှိချိန်မှစ၍ ဗုဒ္ဓဘာသာရေး ယုံကြည်
သက်ဝင်မှုလည်း လျော့ပါးသွားခဲ့သည် ဟု ယုံကြည်နေသည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် လော
ကီပညာရေးစနစ် စတင်ကျင့်သုံး ချိန်မှစ၍ ဘုန်းတော်ကြီးပညာရေးကျောင်းများ တဖြည်းဖြည်း
တိမ်ကောလာပြီး ဘုရားတရား ကိုင်းရှိုင်းမှုနှင့် ပြုလုပ် နေကျ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဓလေ့
များ နည်းပါးလာခဲ့ကြောင်း၊ ဘူတန် နိုင်ငံသည် ဘုန်းတော်ကြီးများ ဩဇာ ရာစုနှစ်များစွာရှိခဲ့ပြီး
၁၇ ရာစုနှစ်တွင် တိဗက်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး၏ စည်းရုံးမှုဖြင့် နိုင်ငံတွင်းစည်းလုံး
ညီညွတ်ခဲ့ကြောင်း ထိုစဉ်က အဆောက်အအုံ တစ်ခုတည်းတွင် ဘုန်းတော်ကြီးကျောင်းနှင့်
အုပ်ချုပ် သည့် အစိုးရရုံးတို့ နေထိုင် အလုပ်လုပ် ခဲ့ကြသော 'ဇောင်' (dzong) ခေါ် ကြီးမားသည့်
အဆောက်အအုံဟောင်း အချို့ကို တွေ့နေရသေးသည်။ ထိုခေတ် က ဘာသာရေးနှင့် နိုင်ငံရေးတို့
ရော ယှက်ဆောင်ရွက်ခဲ့ကြသည့် လက္ခဏာ ဟုဆိုနိုင်ကြောင်း 'ဘူတန်နိုင်ငံသမိုင်း' စာအုပ်ရေးသား
ခဲ့သူ ဘုန်းတော်ကြီး လူထွက် ကာမာဖန့်ရှိုက ဆိုသည်။

ယနေ့သော် ဒီမိုကရေစီနိုင်ငံရေးစနစ်ကြောင့် ဘုန်းတော်ကြီး အာဏာစက် သိသာထင်ရှားစွာ ထက်
မြက်ခြင်း မရှိတော့သည်မှာ ငါးနှစ်ခန့်ပင် ရှိနေ လေပြီ။ ဘူတန် ဘုန်းတော်ကြီးများ၊ မယ်သီလရှင်
များနှင့် လူဝတ်ကြောင် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များအား နိုင်ငံရေးလုပ်ငန်းနျင့် ကင်းရှင်းစွာနေ
ထိုင်ဆောင်ရွက်ကြရန် သတိပေး တားမြစ်ထားသည်။

တင်းကျပ်ပြင်းထန်လှသည့် ဘူတန် ဗုဒ္ဓဘာသာလမ်းစဉ်အရ ကျင့်ကြံ နေထိုင်ကြရသည် ဆိုသော်
လည်း ဘုန်းတော်ကြီးများ၌ ကိုယ်ပိုင်ပစ္စည်း များစွာ ထားရှိခွင့်ရကြသည်။ သင်ဖူးမှ စိတ်ရောဂါကု
ဆရာဝန် ဒန်ဘာကေနီ ရိုလာက ကားကြီးများ ပိုင်ဆိုင်ခွင့် ရထားသည့် ဘုန်းတော်ကြီးအချို့ပင်
ရှိနေသည်ဟု ဆိုသည်။

သို့သော် မိဘမဲ့ကလေးများ၊ မိဘက ကျောင်းမထားနိုင်သည့် ကလေးများကို ထောင်နှင့်ချီ၍ စုရုံးပြီး
နေရာထိုင်ခင်း ပေး ကျွေးမွေး စောင့်ရှောက်ထားသည့် လူမှုရေးဆောင်ရွက်ဆဲ ဘုန်းတော်ကြီး
ကျောင်းများလည်း အစဉ်အလာမပျက်ရှိနေကြသေးသည်။ ဒီချန်ဖိုဒရန် ဘုန်းတော်ကြီး စာသင်
ကျောင်းတွင် ဘူတန် အမျိုးသားလက်ရေး စာပေ ဇောင်ခ (dzongkha) သင်ယူ လေ့လာနေ
သော ကိုရင်လေးများကို တွေ့ရသည်။

တင်လှူပသရန်အတွက် ရောင်စုံရိုးရာမုန့်များကို သူတို့ကိုယ်တိုင် လုပ်ကြသည်။ လျှိုမြောင်တောင်
တန်း များအား မျှော်ကြည့်ရင်း 'ဒန်ချဲင်' (dungchen) ခေါ် ရှည်လျားသည့် နှဲကြီးကိုလည်း အသံ
ထွက်အောင် မှုတ် ကြသည်။ စာသင် ကိုရင်တစ်ပါးအတွက် အစိုးရက တစ်နေ့ တစ်ဒေါ်လာနှုန်းခန့်
ထောက်ပံ့နေသော်လည်း စာသင် ဆောင် ကြမ်းပြင်ပေါ်တွင် တန်းစီအိပ် ကြရရှာသော အသက်
ခြောက်နှစ်ခန့် အထိ ှုယ်ရွယ်သည့် စာသင်သား ၂၆၀ ကို ထိန်းသိမ်းရသည်မှာ အလွန် ဂရုစိုက်
ရကြောင်း ကျောင်းအုပ်ဆရာတော် ဘုန်းတော်ကြီး ရှာရင်က မိန့်သည်။

ဘူတန်နိုင်ငံ ဘုန်းတော်ကြီးရေးရာ ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ကာမာ ပင်ဂျာ၏ အဆိုအရ ဘူ
တန်တွင် ဗဟိုသံဃာ့အဖွဲ့၏ မှတ်ပုံတင် စာရင်း ပေါက် သံဃာတော်အပါးပေါင်း ရ,၀၀၀ ကျော်ရှိ
နေသော်လည်း အမှန်တကယ်မြင်တွေ့ရသည့် အပါးရေမှာ ၉,၀၀၀ မှ ၁၁,၀၀၀ အထိ ရှိနေသည်။

ဘူတန်၏ အမွဲတကာ့အမွဲဆုံး အဆင်း ရဲဆုံးများကို ဘုန်းတော်ကြီးကျောင်းတွေက ကြည့်ရှု ပညာ
သင်ကြားပေးနေ သည်ဟုဆိုကာ သားသမီးများကို ခေါ်၍ ကျောင်းသို့ လာရောက် အပ်နှံကြသူများ
ကို မိမိတို့အနေဖြင့် မငြင်းပယ်ရက် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)