ဂြိုဟ်တုလွှတ်တင်မည့် အစီအစဉ်ကို လွှတ်တင်မည့်ဆဲဆဲအချိန်ရောက်မှ ဂျပန်ရွှေ့ဆိုင်းခဲ့

ဂြိုဟ်တုလွှတ်တင်မည့် အစီအစဉ်ကို လွှတ်တင်မည့်ဆဲဆဲအချိန်ရောက်မှ ဂျပန်ရွှေ့ဆိုင်းခဲ့

အင်ဂျင်နီယာများက နည်းစနစ်ဆိုင်ရာ ချို့ယွင်းချက်တစ်ခု တွေ့ရှိခဲ့ရအပြီး ဂျပန် နိုင်ငံသည်
ဩဂုတ်လ ၂၇ ရက်နေ့က ယင်း ၏ လောင်စာတောင့်သုံး မျိုးဆက်သစ် အာကာသယာဉ်လွှတ်
တင်မည့် အစီ အစဉ်ကို လွှတ်အံ့ဆဲဆဲ စက္ကန့်ပိုင်း အလို၌ ရွှေ့ဆိုင်းထားလိုက်ကြောင်း အာကာ
သအေဂျင်စီက ပြောသည်။

ဂျပန်အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီက ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမား
ဒေသရှိ အူချီနိုအူရာအာကာသစခန်းမှ အက်ပ်စီလွန်အာကာသယာဉ်ကို လက်ပ်တော့ ကွန်ပျူ
တာနှစ်လုံးကို အသုံးပြုကာ လွှတ်တင်သွားရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မြေပြင်မှ
စတင် ထွက်ခွာရန် စက္ကန့်နောက်ပြန်ရေတွက်လာခဲ့စဉ်မှာပင် ရေတွက်မှု ပြီးစီး ရန် ၁၉ စက္ကန့်
အလို၌ အာကာသယာဉ် ၏ သမားရိုးကျမဟုတ်သော အနေအထားတည်ရှိမှု တစ်ခုကြောင့်
အရေး ပေါ်အခြေအနေတစ်ရပ်အဖြစ် ရေတွက် မှုသည် အလိုအလျောက် ရပ်ဆိုင်းသွား ခဲ့ကြောင်း
အေဂျင်စီ၏ ပြောခွင့်ရ အမျိုးသမီးက ပြောသည်။

"ဒီကနေ့လွှတ်တင်မယ့် အစီအစဉ် ကို ဖျက်သိမ်းလိုက်ပါပြီ။ အဆင်မပြေ တဲ့ အကြောင်းရင်းကို
မသိရှိရသေးတဲ့အတွက် ဘယ်အချိန်မှာ လွှတ်တင်မယ်ဆိုတာ ကိုလည်း မပြောနိုင်သေးပါဘူး"
ဟု ၎င်းက ဆိုသည်။

အလျား ရ၉ ပေရှည်လျားကာ အလေး ချိန် ၉၁ တန်ရှိသော အောက်ခြေခုံ သုံးဆင့်ပါ အက်ပ်စီ
လွန် အာကာသ ယာဉ်သည် ကမ္ဘာမြေမှအထက် မိုင်ပေါင်း ၆၂၀ အမြင့်၌ စပရင့် အေ အဝေး
ကြည့်မှန်ပြောင်းကို ပစ်လွှတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ စပရင အေသည် ဗီးနပ်စ်၊မားစ်နှင့်
မာကျူရီ ဂြိုဟ်များအပါအဝင် အခြား နက္ခတ်တာရာနှင့် ဂြိုဟ်များကို အဝေးမှ စောင့်ကြည့်လေ့လာ
သွားမည့် ကမ္ဘာ့ ပထမဦးဆုံးသော အဝေးကြည့်မှန်ပြောင်းဖြစ်ကြောင်း အေဂျင်စီက ပြောသည်။

အက်ပ်စီလွန် အာကာသယာဉ်သည် ဂျပန်နိုင်ငံ၏ လောင်စာရည်သုံး အိပ်ချ် ၂ အေ အာကာသ
ယာဉ်ထက် အရွယ် အစား ထက်ဝက်ခန့်သှေုးယ်ကာ စရိတ်စက ကြီးမားလွန်းလှသဖြင့် ၂၀၀၆
ခုနှစ်က အနားပေးခဲ့ရသည့် လောင်စာတောင့်သုံး အမ် ၅ အာကာသယာဉ်၏ နေရာတွင် ဆက်
လက် တာဝန်ယူသွားမည်လည်း ဖြစ်သည်။

အရွယ်အစားသှေုးယ်သော ယခု အာကာသယာဉ်ကို အလိုအလျောက် ကိုယ်ပိုင်စစ်ဆေးမှုပြုနိုင်
မည့် ကမ္ဘာ့ ပထမဆုံးသော လူသား တီထွင်ဖန်တီး သည့် ထောက်လှမ်းရေးစက်ကိရိယာများ တပ်
ဆင်ထားသည်ဟု အေဂျင်စီ က ပြောသည်။

"လက်ပ်တော့ကွန်ပျူတာလေး နှစ်ခု ထဲကနေပြီး ယာဉ်ရဲ့ အင်ဂျင်စက် လည်တာ တွေအပါအဝင်
လွှတ်တင်တဲ့ အစီအစဉ်တွေ အားလုံးကို အလို အလျောက် လုပ်ဆောင်သွားမှာပါ" ဟု အေဂျင်စီ
၏ အခြားသော ပြောခွင့်ရ အမျိုးသမီးတစ်ဦးက ဆိုသည်။ ထိန်းချုပ်ရေးစခန်းတွင် ၀န်ထမ်းရှစ်ဦး
ကသာလျှင် လွှတ်တင်သည့်အစီအစဉ်၌ ပါ၀င်ဆောင်ရွက်သွား မည်ဖြစ်သဖြင့် ယခင်က အိပ်ချ်
၂ အေ အာကာသယာဉ် လွှတ်တင်စဉ်က အေဂျင်စီ၌ ၀န်ထမ်းဦးရေ ၁၅၀ ခန့် လိုအပ်ခဲ့သည်နှင့်
စာလျှင် များစွာ နည်းပါးလာခဲ့သည်။

(အေအက်ဖ်ပီ)