ဆီးရီးယားအစိုးရက ဓာတုလက်နက် များဖြ င့် တိုက် ခိုက် ခဲ့ သည် ဟူသော စွပ်စွဲချက်
များနှ င့် စပ် လျ ဉ်း၍ အမေ ရိ ကန် ပြ ည် ထော င် စုက အရေးယူသွား မည်ဟု ခြိမ်းခြောက်
ထား ခဲ့ စဉ် မှာပင် မြောက် ကို ရီးယား နို င် ငံသည် ဓာတ် ငွေ ့ ကာ မျ က် နှာဖုံးများကို ဆီးရီး
ယား နို င်ငံ သို့ တင်ပို ့ရန် ကြိုပမ်း ခဲ့ ကြောင်းနှင့် ၎င်းပစ္စ ည်းများကို အခြားသော လက်နက်
များနှ င့်အတူ တူရကီ နို င်ငံ ၌ ဖမ်း ဆီး ရမိ ကြောင်း ဂျပန် နေ့စဉ် သတင်းစာ တစ် စော င်က
ဩဂု တ်လ ၂၇ ရက်နေ့ တွင် ပြောသည်။
ယခု နှ စ် အစော ပို င်းက လစ်ဗျားနို င် ငံ တွ င် မှ တ် ပုံ တင် ထားသည့် အယ်လ် အင်န် တီဆာ
ဟု သိ ရသော ကုန်တင်သဘောင်္ တစ်စင်းသည် ပို့ကု န် များနှ င့်အတူ မြောက် ကိုရီးယားနိုင်ငံမှ
ဆီးရီးယားသို ့ ထွ က် ခွာ ခဲ့ ကြောင်း ဂျပန်နိုင်ငံထုတ် ဆန်းကေး ရှ င် ဘွ န်း သတင်း စာက
အမေရိ ကန် စစ်တပ်၊ ဂျပန်နှ င့် တော င် ကို ရီးယား ထော က် လှ မ်း ရေးများမှ အမည်မသိ
သတင်း ရင်း မြ စ်များကို ကိုးကား၍ ရေးသားဖော်ပြခဲ့သည်။
အဆိုပါသတင်း ကို ကြိုတင်ရရှိထား သည့် အမေ ရိ ကန် စစ်တပ်သည် အခြား နိုင် ငံ များနှ င့် ပူး
ပေါင်းကာ အဆိုပါ သင်္ဘေ ာနော က် သို ့ နော က် ယော င် ခံ ခဲ့ ကြောင်း မြောက်ကို ရီးယား
သတင်း များကို ဖော် ပြ ရာမှ လူ သိများသည့် ဆန်းကေး ရှ င်ဘွ န်း သတင်း စာက ပြောသည်။
သင်္ဘောသည် ဧပြီလ ၃ ရက်နေ့က တူရကီ နိုင် ငံ ရှိ ဒါ့ ဒ် ဒါး နဲ လက် စ် ရေ လက်ကြားကို ဖြတ်
သန်းစဉ် အမေရိ ကန် ၏ သတင်း ပေး မှုအရ တူရကီ အာ ဏာ ပို င်များက တားဆီး ရှာဖွေ ခဲ့
သည်။
တူ ရကီ အာ ဏာ ပို င်များသည် သင်္ဘော ပေါ်မှ ရိုင် ဖယ် နှင့် ပစ္စတို သေနတ် အလက် ၁,၄၀၀နှင့်
ကျည်ဆံ ၃၀,၀၀၀ တို့နှ င့်အတူ ဓာတု လက် နက် ကာ ကွယ် ရန် အတွက် ဓာတ် ငွေ့ကာ မျ က်
နှာဖုံး များကို သိ မ်း ဆည်း ရမိ ကြောင်း ဂျပန် နေ့ စဉ် သတင်း စာက ဆိုသည်။
သင်္ဘောသည် တူရကီ နို င် ငံ၌ သယ် ဆော င် လာ သည့် ကု န် ပစ္စ ည်းများကို ချသွားရန် ရည်
ရွယ် ထားကာ ယင်းမှ တစ် ဆင့် ကု န်း လမ်း မှပင် သမ္မတ ဘာ ရှားအယ်လ် အာဆတ် အစိုးရထံ
ပို ့မည် ဟု အမေရိ ကန် အာ ဏာ ပို င် များက ယုံကြ ည် ထားကြကြောင်း ဆန်းကေး ရှင်ဘွ န်း
သတင်း စာက ပြောသည်။
တူ ရကီ နို င် ငံက သင်္ဘော မာ လိ န်မှူး ကို ထိ န်း သိ မ်း ထား ခဲ့ပြီး ယင်းသင်္ဘော သည် မြောက်
ကို ရီးယားမှ ဆီးရီးယား နို င် ငံ သို ့ လက် နက် များ တင် ပို ့ခြ င်း ဖြစ် သည်ဟု ၀န်ခံ ခဲ့ သော မာ
လိ န် မှူးကို နောက် ပို င်း ၌ တရား စွဲ ဆို ခဲ့ သည်ဟု ဂျပန် သတင်း စာက ပြောသည်။
ဆီး ရီးယားနို င် ငံသည် ဥရောပ သမဂ္ဂ၊ အမေရိ ကန် ပြ ည် ထော င် စု နှင့် ယင်း၏ မဟာမိ တ်
နို င် ငံများက လက်နက် ရော င်း ၀ယ် ဖော က် ကား ခွ င့် တားဆီး ပိ တ် ပင်အရေး ယူခြ င်း ခံ
ထားရသည့် နိုင် ငံ တစ် နို င် ငံ ဖြ စ်သည်။ အလားတူ ပင် မြောက် ကိုရီးယား နိုင် ငံသည် လည်း
နျူကလီးယား စမ်း သပ် မှု နှင့် ဒုံးလက်နက် များ စမ်း သပ် ခဲ့ သဖြင့် ကုလသမဂ္ဂက လက်နက်
ကု န် သွယ် ခွင့် ပိ တ် ပင် အရေးယူ ခြ င်း ခံ ထား ရသည့် နိုင်ငံဖြစ် သည်။ အကယ်၍ ယခုသတင်း
သည် သာ အတည် ဖြ စ် ခဲ့ ပါက မြောက် ကို ရီးယား နို င် ငံသည် ကုလသမဂ္ဂ ၏ ဆက် လက်
အရေးယူ မှုကို ခံရကော င်း ခံ ရဖွယ်ရှိ သည်။
မြောက် ကိုရီးယားနှင့် ဆီးရီး ယား နို င် ငံ တို့သည် ဆီးရီးယား ပြ ည်တွ င်း စစ် ကာ လအပါအဝင်
ကြာမြ င့်စွာကပင် စစ်ရေး ဆို င် ရာ ဆက် ဆံမှု တစ်ခုရှိ ခဲ့ သည်။ ဆီးရီးယား နို င် ငံ တွင် နျူက
လီး ယား စက် ရုံ တစ် ရုံ တည် ဆော က် ရာ၌ မြောက် ကို ရီးယားက အကူအညီပေးခဲ့ ကြောင်း
နှင့် ယင်းစက် ရုံကို ၂၀၀၇ ခုနှ စ် တွင် အစ္စရေး နို င် ငံက ဗုံးကြဲ ဖျ က် ဆီးခဲ့ကြောင်း သတင်းများ
ထွ က် ပေါ် ခဲ့ ဖူး သည်။
(အေ အက် ဖ် ပီ)
















