ဟီရက် (အာဖဂန်နစ္စတန်) - ကမ္ဘာ့ ဘဏ်က ငွေကြေးထောက်ပံ့သော ကျေးလက်ဒေသ ဖွံ့ဖြိုး
တိုးတက်ရေး အစီအစဉ်တစ်ရပ်အတွက် အလုပ်လုပ် ကိုင်နေသည့် အာဖဂန် ခြောက်ဦးကို
တာလီဘန် သောင်းကျန်းသူတို့က အာဖဂန်နစ္စတန်နိုင်ငံ အနောက် ပိုင်း၌ ကွပ်မျက်လိုက်ကြောင်း
အရာရှိများက ဩဂုတ်လ ၂၇ ရက်နေ့တွင်ပြောကြား ခဲ့သည်။
တာလီဘန်တို့နှင့် ၁၂ နျစ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရန်အတွက် တာလီဘန်တို့နှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရာ၌ အကူအညီပေးရန် ပါကစ္စတန်နိုင်ငံကို တောင်းဆို ထားသည့်
အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်းက ပါကစ္စတန်နိုင်ငံ၌ ပြုလုပ် သောဆွေးနွေးပွဲတစ်ရပ်ကို တက်
ရောက်နေသည့် ဒုတိယနေ့တွင် အဆိုပါ ကွပ်မျက်မှုသတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။
ဆောက်လုပ်ရေး အင်ဂျင်နီယာ လေးဦးနျင့် အခြားအလုပ်သမားနှစ်ဦး တို့သည် တာ့ခ်မန်နစ္စ
တန်နှင့် အီရန် နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ် လျက်ရှိသည့် အာဖဂန်နစ္စတန် အနောက်
မြောက်အစွန်ပိုင်း ဟီရတ်ပြည်နယ် ၏ ဝေးလံခေါင်သီသည့် ဂူလ်ရန် ခရိုင်သို့ ခရီးသွားလာစဉ်
ဩဂုတ်လ ၂၅ ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့မှာ အမျိုးသားစည်းလုံးညီညွတ်ရေးအစီအစဉ် ( NSP ) အတွက် အလုပ်လုပ်နေသူများ
ဖြစ်ပြီး ဩဂုတ် လ ၂၆ ရက်နေ့ နှောင်းပိုင်းက ကွပ်မျက် ခံခဲ့ရခြင်းဖြစ်ကြောင်း အာဖဂန်အစိုးရ
၏ ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။ အာဖဂန်နစ္စတန်နိုင်ငံ ကျေးလက် ဒေသ ပြန်
လည်ထူထောင်ရေးနျင့် ဖွံ့ဖြိုး ရေးဝန်ကြီးဌာနက ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့သည့် NSP အစီအစဉ်
က လမ်းများ၊ တံတားများနျင့် အခြား တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျေးရွာကောင်စီ
များသို့ ငွေကြေး ထောက်ပံ့ပေးလျက်ရှိသည်။
(အေအက်ဖ်ပီ)
















