နှစ် ရ၀ က စွဲချစ်ရသူလေးနဲ့ ရှန်ဟိုင်းမြို့မှာ ပြန်ဆုံခဲ့တဲ့ ၉၂ နှစ်အရွယ် ဂျူးအဘိုးအို

နှစ် ရ၀ က စွဲချစ်ရသူလေးနဲ့ ရှန်ဟိုင်းမြို့မှာ ပြန်ဆုံခဲ့တဲ့ ၉၂ နှစ်အရွယ် ဂျူးအဘိုးအို

ရှ န် ဟိုင်း နှစ် ပေါင်း ရ၀ ကျော်ခဲ့ ပါပြီ။ ဂျူးလူမျိုး စစ်ပြေး ဒု က္ခသည် ဂယ်ရီ မာ ဇော့သည် နာဇီ
ဂျာ မနီ နို င် ငံမှ တရုတ် နို င် ငံ သို့ ထွက် ပြေး လွ တ် မြော က် ခဲ့ ပြီးနောက် သူချ စ်သည့်
မိန်း ကလေး တစ် ယော က်ကို တွေ့ခဲ့သည်။

သို့သော် ကွန် မြူ နစ် ရန် စွယ် ကြောင့် ချစ် သူ ကို စွန့်ကာ တရုတ်မှ ကိုယ်လွ တ် ရု န်း ထွ က် ခဲ့
ရပြ န် သည်။ ယခု အသက် ၉၂ နျစ် ရှိ ပြီ ဖြ စ်သော မာဇော့သည် သူ့နေ အိ မ် ဟော င်းရှိရာ ရှန်
ဟို င်း မြိ ု့သို့ ပြန် ရော က် လာ ချိန်၌ ထိုစဉ်က သူအမှ တ် ထင်ထင် မြင်တွေ့ ခဲ့ရသော ကပွဲခန်း
မတစ် ခု၏ တခြား တစ်ဖက်မှ တရုတ် အမျု ိးသမီးကို ပြန် တွေ့လေ ဦး မည် လားဟု စိတ် ထဲမှာ
မြော်တွေးနေ မိ သည်။

ထို အချိ န်က ရှန် ဟို င်း မြို့သည် 'အရှေကတို င်း၏ ပါရီမြို့' အဖြစ် နာမည် ကျေ ာ်ကြားနေသည်။
ယခင် ဆယ်စု နှ စ် များက ရှန် ဟို င်း၏ ပုံရိ ပ် အချို့သည် မာဇော ့အဖို့ မှုန် ၀ါး နေပြီ ဖြစ်သော်
လည်း ခြေတံ အထက် ဆီအထိ တစ်ဖက် တစ် ချ က် တွင် ခွဲကြော င်း များပါသည့် တရုတ် စတိုင်
ခေ တ်မီ အကျႌဝတ်ထား သော ထိုအမျု ိးသမီး၏ ပုံရိ ပ် သည်မူ သူ့အာ ရုံ၌ ပြတ် ပြ တ် ထင်ထင်
ရှိနေ သေး သည်။

"သူက ဘုရင့် သမီးနဲ့ တူတယ်ဗျ။ လှမှလှ" ဟု မာဇော့က ပြောသည်။ မာ ဇော့က သူ့ကို ထိုနေ့
ညနေ လာတွေ့ရန် လက်သု တ် စက္ကူ တစ် ရွ က် ပေါ် တွင် စာတိုကလေး ခပ်သော ့သော့ ရေး
၍ ပေးလို က်သည်။ လာတွေ့မည် ဖြ စ် ကြောင်း အမျိုးသမီး ထံမှ အမေရိ ကန်လို တုံ့ပြ န် ချ က်
ကို ရရှိသွားသည်။

အမျု ိးသမီးမှာ ကလီယိုဝေါ င်း ဖြ စ် ကြောင်း စင်းအုံ ကုန်ပဒေသာ ဆိုင် ကြီး၏ ကပွဲခန်းမထဲ
တွင် လက်မှ တ် တစ် စောင် အပိုဝယ် ပေး လို က်ရုံ မျှ ဖြင့် ခေတ္တ အတူ တွဲကပျော်ပါး နို င်သော
လူတို င်း နှင့် တွဲကနေ ကြသည့် အတွဲရှာ အမျိုးသမီးများ (taxi dancers)ကဲ့သို့ အမျိုးသမီး မျိုး
မဟုတ်ဘဲ ကိုယ်ပို င် ဇာ ပန် းထိုးလု ပ် ငန်း နျင့် ဇာထည်ဆိုင် ဖွင့် လှ စ်လု ပ် ကို င် နေ သူ ဖြ စ်
ကြောင်း သူသိ သွားသည်။

မာ ဇော့သည် သူ့မိဘများ၊ အဘွား တို့နှ င့်အတူ ဘာလင် မြိ ု့တွင် နေထို င် ခဲ့ စဉ်က နာဇီ ဂျာ
မနီ၏ ဂျူးဆန့်ကျင်ရေး လုပ် ရပ်များကို ကိုယ်တို င် ကြံ ုတွေ့ခဲ့ ရသူ ဖြ စ် သည်။ ရှ န် ဟို င်း သို ့
ရော က်ပြီး တစ်နှ စ် အတွင်း မှာပင် သားမွေးကု န်သည် သူ့ဖခင်နှင့် မီးအု ပ် ဆော င်း လု ပ်သည့်
သူ့မိခင် တို့ သည် နာဇီ နျိ ပ် စက် ညှ ဉ်း ပန်း မှုမှ ရှောင် ပြေး လာ ကြသော ဂျူးစစ်ပြေး ဒုက္ခသည်
များနှင့် ခင်မင် သွားကြသည်။

သူ့အဖို (ဖခင်၏အဖေ) မှာ နာဇီ အကျဉ်း ထောင် တွင် သေဆုံးခဲ့ သည်။ မာ ဇော့က သူ့အဖို့ "ရှန်
ဟိုင်းသည် နိဗ္ဗာ န် ဘုံ ဖြ စ်နေ"ကြောင်း အေအက် ဖ်ပီ သတင်းထော က်အား ပြောပြသည်။ သူတို့
မိသား စုသည် ရှန် ဟို င်းသို့ ရောက် ရော က် ချ င်း ဂျူးများ အများဆုံး နေထို င်သည့် ရှန် ဟို င်း
မြို့ ဟောင်ကိုယု ဒေ သသို့ ပြောင်း ရွှေကနေ ထိုင် ကြရသည်။

ယင်းဒေသကို အုပ် ချု ပ်သူ ဂျပန်တို့က ဂျူးရပ်ကွ က် အဖြစ် ၁၉၄၃ ခုနှ စ် တွင် တရားဝင် သတ်
မှ တ် လို က်သည်။ ဒေသ တွင် နေထို င်သည့် ဂျူးလူမျိုး စစ်ပြေး ၂၀,၀၀၀ တို့မှာ နာဇီ တို့၏ မျိုး
ဖြု တ် သတ် ဖြ တ် မှုမှ လွတ် မြော က် ခဲ့ ကြ သော်လည်း ၎င်းတို့၏ လှုပ် ရှားမှုများမှာ ထိန်း ချုပ်
ခြ င်း ခံ ကြရသည်။

အထူးသဖြင့် စစ်ကာ လ နှေ ာင်း ပိုင်း ၁၉၄၁ ခုနှ စ် တွင် ကလီယို ဝေါ င်း နျင့် ပြန် တွေ့ချိ န်၌
အတိတ်မှ ခါးသီးသည့် ဒုက္ခ သု က္ခများကို မာဇော့ မေ့ပျေ ာက် သလို ဖြ စ် သွားသည်။ ကလီယို
ဝေါ င် းနှင့် တစ်နှ စ် ကြာ တွေ့လို က်ရသည်။ ကလီယိုဝေါ င်းကို သူ့မိဘများ ငှားရမ်းနေ
ထိုင်သည်။

ဟောင် ကိုယု ဒေသရှိ အိမ် ကလေး ဆီကို ခေါ်သွားပြီး မိဘများနျင့် မိတ် ဆက် ပေး သည်။
"အ န် ကယ့်အဖေ အကျပ် ရို က်သွား ရှာတယ်။ အဲဒီ အချိ န်က နိုင် ငံခြားသား တစ် ယော က်က
တရုတ် မိ န်း ကလေးကို လက်ထပ် တဲ့ ကိ စ္စဟာ အဆိုးမြင် အထင် မှားစရာ ဖြစ် နေ လို ့ပါပဲ။
ထုံးစံလည်း မရှိပါဘူး" ဟု မာဇော့က ပြောသည်။

မည် သို ့ပင် ဖြ စ်စေ ကလီယိုဝေါင်း က အမေရိကန် ရေတပ် သား တစ် ဦး ကို တွေ့ထားပြီးဖြ စ်
နေ၍ လက်ထပ် ဖို့ စိတ် ကူး ကြံ စည်သမျှ ပျောက် ပျ က် သွားတော ့သည်။ စစ်ကြီး ပြီးဆုံးသွား
ပြီးနောက် မာဇော့သည် ရှန် ဟို င်း တွင် ကလီယိုဝေါင်း နျင့် တစ်ကြိ မ် ဆုံ မိ ပြ န်သည်။ သူတို့
ပထမအကြိမ် တွေ့ခဲ့ကြသည့် နေရာ နျင့် မဝေးလှသော ရောင်း ရေး ၀ယ်တာ ထူပြောသည့် နန်
ကျ င်း လမ်း ပေါ် တွ င် ဖြ စ် သည်။

"တ စ် နေ့မှာ အန်ကယ့် ပခုံးကို တစ်ယော က်က လာပု တ်တယ်။ အဲဒီ အမျု ိးသမီးက ဖြစ် ပျ က်
ခဲ့ တာ တွေကို ပြောပြဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အန်ကယ်က နားထော င် ဖို့ စိတ် မဝင် စား တော့
ဘူး" ဟု မာဇော ့ကဆို သည်။

ယနေ့သော် အမေရိ ကန် ပြ ည်ထောင် စု သို့ ပြောင်း ရွှေကနေ ထို င်ပြီး အမေရိ ကန် နို င် ငံ သား
အဖြစ် အောင်မြင် သော သားရေ လု ပ် ငန်း တစ်ခုကို ထူထောင် လုပ် ကို င် ခဲ့သော မာဇော့ သည်
လုပ် ငန်းမှ အနားယူထား ပြီ ဖြ စ်သည်။

မာဇော့က သူမသေမီ ကလီယိုဝေါ င်းအား တစ်ကြိ မ် ထပ်၍ တွေ့ချင် မြ င် ချ င် နေ ပြ န် သည်။
ယခု နှစ် နွေရာသီ အစောပို င်းက ရှန် ဟို င်း သို့ ပြန် ရော က် လာ သောအခါ မာဇော့သည် ရှန်
ဟို င်း မြို့၏ ထိန်လင်း တော က်ပသော မိုးမျှော်တို က်ကြီးများ ကိုတွေ့ရ၍ အလွန် အံ့ဩသွား
ရသည်။

ယင်းနေ ရာမှာ ယခင်က သူနေ ထို င် ခဲ့ သည့် ဂျူးရပ်ကွ က်ဟော င်း၏ လက်ငင်း ဖြစ်ပေါ် ပြောင်း
လဲ နေသော မြင် ကွင်း တစ်စိ တ် တစ် ပို င်း သာ ဖြ စ် သည်။ ယခု တစ် ခေါက် ရှာပုံ တော် ခရီး
စဉ် တွင် သူနှ င့်အတူ ဇနီးနန် စီကလည်း လိုက် ပါ လာ သည်။

"ကျွ န်မက ရုပ် ရှ င် ကား တစ် ကားကို စိတ် ကူးနဲ့ ကြည့် နေ မိ တယ်လေ။ စစ်ပြေး ဒု က္ခသည်
လူငယ် လေး တစ် ယောက် အမေရိကကို ပြောင်းရွှေကလာ၊ သူဌေး ဖြ စ်လာ၊ ရှန် ဟို င်း ကို ပြ န်
လာ၊ ဆိုင် တစ် ဆို င် ထဲ ကိုသွား၊ ဗကာင် တာမှာ အသက်ခပ်ကြီးကြီး မိန်း မတစ် ယော က် ရှိနေ
၊ ဒါတွေကို ကျွန် မစိ တ်ကူး ထဲမှာ မြင် နေ ရတယ် ရှင့်" ဟု နန်စီက ပြောပြ သည်။

၁၉၄၈ ခုနှစ် ရှန် ဟိုင်း လမ်းညွှ န် စာ အု ပ် ထဲ တွင် ကလီယိုခရို ချ က် ကု မ္ပ ဏီမှ မစ္စကလီယို
ဝေါ င်း ဟူသော အမျိုးသမီး နာ မည်ကို 'လက် ဖြ စ် ဇာ ချ ည်ထိုး လုပ်ငန်း နျင့် လည်စည်းများ'
ကြော်ငြာ နျင့် အတူတွဲ လျက် တွေ့ရသည်။ သို့သော် ထိုစဉ်က သူ့ခရီးစဉ် အသက် မဝင် လှ သေး။

မာ ဇော့၏ ဇာတ်လမ်း သည် တရုတ် စာ နယ်ဇင်း အသိုက် အဝန်း တွင် ရိုက် ခတ် သွားသော်
လည်း ခေါင်း ကြီးပို င်း တွင် မဖော်ပြ ခဲ့ ကြ ပေ။ "က လီယို ဝေါင်း အသက် ၉၀ ကျော်ပြီ ဆိုရင်
သူလည်း သက်ရှ ည် ကျ န်းမာ နေ ဦးမယ် ထင်ပါရဲ့။ အေးလေ ဘယ်သူက တပ်အပ် သေ ချာ
သိ မှာ လဲ" မာ ဇော့သည် မျက် ရည်များ ပြည့် လျှံ ၀င်း လက် နေသော မျက် ၀န်း များဖြင့်
"ငါကတော့ 'မင်း ငါ့ကို မှ တ် မိ သေး လား' လို့ပဲ မင်းကို မေး နို င် တော ့မှာပါ" ဟု တမ်တမ်း
တတ ပြောချ လို က် သည်။

(အေအက်ဖ်ပီ)