ဩစတီးယားနိုင်ငံမြို့တော်၊ဗီယန်နာရှိ ရထားဘူတာရုံများတွင် စုံတွဲများ မွှေးနမ်းခြင်းကို ပိတ်ပင်
သည့် ကန့်သတ်ချက်တစ်ရပ်ကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်ကျင့်သုံးလျက်ရှိပြီး ဖေါက်
ဖျက်ပါက ယူရိုငွေ ၅၀ ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။
နှုတ်ဆက်အနမ်းများပေးနေခြင်းကြောင့် ရထားထွက်ချိန် နောက်ကျမှု များရှိခဲ့ခြင်းကြောင့် ရထား
ဘူတာ ဧရိယာအတွင်း မနမ်းကြရန်၊ ရထား ထွက်ချိန်မတိုင်ခင် မိနစ် ၂၀ အလိုတွင် သတိပေး ဥ
ဩဆွဲပေးပြီး ထို အချိန်၌ 'အနမ်းအထူးဇုန်'ဟု သတ်မှတ်ထားသည့် ဘူတာရုံကားပါကင် တွင်သာ
မွှေးနမ်းကြရန် ၂၀၀၉ ခုနှစ်ကထုတ်ပြန်ထားသော ကန့်သတ် ချက်တစ်ရပ်လည်း ရှိသေးသည်။
သို့ရာတွင် ယခုထုတ်ပြန်သည့် ကန့်သတ်ချက်မှာမူ မြေအောက်ဘူတာများတွင်ပါ အကျံူးဝင်လာ
မည် ဖြစ်သည်။ စုံတွဲတစ်တွဲက မြေအောက်ဘူတာတွင် ကာမစပ်ယှက်ခဲ့သည့် ဖြစ်ရပ်နှင့် လူတစ်ဦးက မြင်းကိုရထားပေါ်မောင်းတင်သယ်ဆောင်ခဲ့သည့် ဖြစ်ရပ်များအပြီးတွင် ဘူတာရုံ
တာဝန်ရှိသူများက ခရီးသည်များကို စိတ် အနှောင့်အယှက် ဖြစ်စေမည့် လုပ်ရပ်များကို လေ့လာ
ဆန်းစစ်ပြီးနောက် ထိုလုပ်ရပ်များကို တားဆီးမည့် ရဲတပ်ဖွဲ့တစ်ဖွဲ့ကိုလည်း ခရိုင်ရဲမှူရုံး အကူအညီ
ဖြင့် လေ့ကျင့်ဖွဲ့စည်းခဲ့သည်။ ယခုတားမြစ်ချက်တွင် နမ်းရှုပ်ခြင်းအပြင် ဖုန်းကိုအသံကျယ်ကျယ်
ပြောခြင်းနှင့် အနံ့ပြင်းသော အစားအသောက်များကို စားသောက်ခြင်း တို့ပါ ပါ၀င်သည်။
ကျူးလွန်သူများကို ရထားပေါ်မှ ဆွဲချမည်ဖြစ်ပြီး ဒဏ်ငွေ ယူရို ၅၀ လည်းတပ်ရိုက်မည် ဖြစ်သည်။
ဒီအမ်

















