တရုတ်ထိပ်တန်းအရာရှိကြီးတစ်ဦး၏သား အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြင့် ထောင်ကျ

တရုတ်ထိပ်တန်းအရာရှိကြီးတစ်ဦး၏သား အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြင့် ထောင်ကျ

တရုတ်စစ်တပ် ဗိုလ်ချုပ်ကြီး တစ်ဦး၏သားကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြင့် ဘေဂျင်းမြို့ တရားရုံးတစ်ခု
က စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထောင် ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။

ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည့် လီတီယန်ရီသည် ဘေဂျင်း မြို့ရှိ ဟိုတယ်တစ်ခုတွင်
အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်း ကျင့်ကြသူ ၅ ဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်ပြီးယခုနှစ်
ဖေဖေါ်ဝါ ရီလက အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။၎င်းကမူ အဆိုပါ စွဲချက်ကို ငြင်း ဆိုခဲ့သည်။

၎င်းနှင့်အတူပါ၀င်ခဲ့သူများမှာလည်း ဆယ်ကျော်သက်များ ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်မှ ၁၂ နှစ်
အသီးသီးကျခံကြရပြီး တစ်ဦးမှာ ခံဝန်ချက်ဖြင့်နေထိုင်ရန် ပြစ်ဒဏ်စီရင်ခံရသည်။

လီတီယန်ရီဖခင်သည် စစ်တက္ကသိုလ်ကျောင်းတွင် ကြယ်သုံးပွင့် ဗိုလ်ချုပ်ကြီး အဆင့်ရှိ ဂီတဆိုင်
ရာ ဌာနမဈး ဖြစ်ပြီး ဇာတိမန်သီချင်းများ သီဆိုခြင်းကြောင့် လူသိများသူဖြစ်သည်။လီ၏မိခင်သည်
လည်း ထင်ရှား သည့် အဆိုတော်တစ်ဦးဖြစ်သည်။ တရုတ်နိုင်ငံတွင် အဆင့်မြင့် အရာရှိကြီးများ၏
သားသမီးများမှာ အထိန်းအကွပ်မဲ့ ထင်ရာစိုင်းနေထိုင်ကြကြောင်း သတင်းများထွက်ပေါ် နေချိန်တွင်
လီတီယန်ရ၏မုဒိမ်းမှုကြောင့် လူထု ဒေါသကို ပိုဆွပေးလိုက် သကဲ့သို့ဖြစ်ရကြောင်း ဝေဖန်မှုများ
ရှိသည်။

အေအက်ဖ်ပီ