ဟိန္ဒူဘာသာရေးပွဲတော်တွင် ဘုရားဖူးများ စုပြံု တိုးဝှေ့မှုကြောင့် သေဆုံးသူ ၁၁၅ ယောက် ရှိပြီဖြစ်

ဟိန္ဒူဘာသာရေးပွဲတော်တွင် ဘုရားဖူးများ စုပြံု တိုးဝှေ့မှုကြောင့် သေဆုံးသူ ၁၁၅ ယောက် ရှိပြီဖြစ်

ရာတင်ဂရက် (အိန္ဒိယ) - အိန္ဒိယတွင် ဟိန္ဒူဘုရားပွဲသို့ အန္တရာယ်ကင်းကင်းဖြင့်
လာရောက်နေကြသည့် လူအုပ် ကြီးမှာ ၀ရုန်းသုန်းကားဖြစ်ပြီး ဟိန္ဒူ ဘုရားဖူးခရီးသည်များ စုပြံု
တိုးဝှေ့ ကြရာ လူအုပ်ပိ၍ သေဆုံးသူမှာ အောက်တိုဘာ ၁၅ ရက်နေ့ထိ ၁၁၅ ယောက်ရှိ၍ ဒဏ်ရာ
ရသူ ၁၁၀ ကျော် ရှိကြောင်း သိရသည်။ ယင်းဖြစ်ရပ် သည် လွန်ခဲ့သည့်ခုနစ်နှစ်က ဖြစ်ပွားခဲ့ သည့်
အဖြစ်ဆိုးနှင့် ဆင်တူနေသည်။

ရာတန်ဂါရာမြို့ တံတားပေါ်မှ အလောင်းများနှင့် လူအုပ်ထဲမှလွတ် မြောက်ရန် ခုန်ချထွက်ပြေးကြ
သည့် ရေအောက်မှ အလောင်းများကို ကယ် ဆယ်ရေးသမားများက တစ်ညလုံး ပင်ပင်ပန်းပန်း
ရှာဖွေခဲ့ကြရသည်။ ရဲသားများက စွပ်စွဲမှုကို ငြင်းဆိုခဲ့ သော်လည်း နံပါတ်တုတ်တိုများဖြင့်
လူအုပ်အား ရိုက်နှက်သည့် ရဲတပ်ဖွဲ့ ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားခဲ့ ခြင်းဖြစ်ကြောင်း
မျက်မြင်သက်သေများ က ဆိုသည်။

ရဲသားများနှင့် မျက်မြင်သက်သေ များ၏ ပြောကြားချက်အရ တံတားကျိုး တော့မည်ဆိုသော
ကောလာဟလ ပြောဆိုမှုများကြောင့် ယင်းကဲ့သို့ ဆိုးဆိုး ရွားရွား ဖြစ်ခဲ့ရသည်ဟုဆိုသည်။

သတင်းများအရ သေဆုံးသူများတွင် ပါ၀င်ခဲ့သော အမျိုးသမီး ၃၁ ဦးနှင့် ကလှေုးယ် ၁၇ ဦးအတွက်
၀န်ကြီး ချုပ် မန်မိုဟန်ဆင်းက ဦးဆုံးဝမ်းနည်း စကားပြောကြားခဲ့သည်။

"ပွဲလမ်းသဘင်တွေမှာ ဖြစ်ပျက်တတ်တဲ့ ဒီလိုနေ့တွေမှာ ကျွန်တော် တို့ရဲ့ စိတ်သဘောထားနဲ့
ဆုတောင်းမှု တွေဟာ သေဆုံးသူတွေနဲ့ရော သူတို့ရဲ့ မိသားစုဝင်တွေနဲ့ပါ ထပ်တူထပ်မျှပါပဲ" ဟု
ယင်းပြောကြားချက်တွင် ဆင်းက ပြောဆိုထားသည်။

စုပြံုတိုးဝှေ့မှုဖြစ်ပွားရာ ဘိုပါးပြည် နယ်၏မြောက်ဘက် ၃၅၀ ကီလိုမီတာ (မိုင် ၂၂၀ )ခန့်အကွာရှိ
ဘုရားကျောင်း ၀င်းအတွင်းနှင့် ကျောင်းပတ်ပတ်လည် တွင် ဘုရားဖူးပြည်သူ လေးသိန်းထိ
ရှိကြောင်းသိရသည်။ ဟိန္ဒူနတ်သမီး ဒူရဂါးမယ်တော်အား ၀တ်ပြုဆုတောင်းပွဲ ကိုးရက်မြောက်
နေ့ တွင် ဘုရားကျောင်းသို့ ၀တ်ပြုဆုတောင်း သူ သန်းနှင့်ချီ လာရောက်ကြပြီး အထူး သဖြင့်
အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့်မြောက်ပိုင်းတို့မှ အများဆုံးဖြစ်သည်။

၂၀၀၆ ခုနှစ်က ယင်းနေရာ၌ လူများ တိုးဝှေ့ာကသောကြောင့် ဘုရားဖူးလာသူ အယောက် ၅၀
ကျော် သေဆုံးခဲ့သည်။ "၂၀၀၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူ အုပ်လိုက် လန့်ပြေးခဲ့သည့် ဖြစ်ရပ်ကို
ဒါတီယာက ရဲများက သင်ခန်းစာမယူ ခဲ့" ဟု ွှ့န ံငညိကျအညေ ွှငာနျ သတင်း စာခေါင်းကြီးပိုင်း
တွင် ရေးသားထားပြီး "ဘုရားဖူးများ ဘေးကင်း လုံခြံုရေး အတွက် အာဏာပိုင်များ လုံးလုံးအသုံး
မကျမှုကို ထင်ရှားစေသည်" ဟုလည်း ပြောဆိုထားသည်။

ဘရာတီယာ ဂျာနာ တာ ပါတီမှ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သည့် ၀န်ကြီးချုပ် ရှီဗရာဂျီဆင်း ချောင်ဟန်း
သည် ယင်းအဖြစ်အပျက်ကြောင့် ရာထူးမှ နုတ်ထွက်ရမည့်အခြေအနေ နှင့်ရင်ဆိုင်နေရသည်။

စုပြံုတိုးနေသည့်လူအုပ်ကြီး ကွဲသွား ချိန်တွင် ဆင်းဒ်မြစ်ပေါ်မှ တံတားပေါ် တွင် လူ အယောက်
၂၀,၀၀၀ထက်မနည်း ရှိနေကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်သက်သေများက ဆိုသည်။

"တရိပ်ရိပ်နဲ့ တိုးဝှေ့ပြေးလွှားနေကြ တဲ့လူအုပ်ကြားမှာ ကလေးကို ကာကွယ် ပေးဖို့ မရမက
ကြိုးစားနေတဲ့ အမေ တစ်ယောက်ကို တွေ့တယ်။ ကျွန်တော့် မျက်စိရှေ့မှာတင်ပဲ နှစ်ယောက်
စလုံး သေသွားတယ်။ ကျွန်တော့်ဘဝမှာ ကြံု ဖူးသမျှထဲမှာ အဆိုးရွားဆုံး မြင်ကွင်း ပါပဲဗျာ" ဟု
အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်သူ မာနိုဂျီရှားမားက ဆိုသည်။

"ပြည်နယ်အစိုးရရဲ့ တာဝန်ဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်း အကြီးအကျယ်တာဝန် မဲ့မှုပါ။ လူအုပ်ကိုထိန်း
ချုပ်ဖို့ ရဲသားတစ်ယောက်မှမရှိဘူး။ ဘုရားဖူးတွေကို တင်လာတဲ့ကားတွေဆိုတာ တံတားပေါ်မှာ
ခေါက်တုံ့ခေါက်ပြန်ပြေးနေ တယ်။ ဒါကြောင့်လည်း ဒီလို အဖြစ် ဆိုးတွေ ဖြစ်ရတာပါ" ဟု ရှားမား
က ဆိုသည်။

"ဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့လည်း သတင်းမရသေးပါဘူး။ ကယ်ဆယ်ရေးတွေ
ကြိုးစား လုပ်ဖို့ပဲ ကျွန်တော်တို့အဓိက အာရုံစိုက် တယ်" ဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီး
အူမာရှန်ကာ ဂပ်တာက ပြောသည်။

အိန္ဒိယနိုင်ငံသည် ဘာသာရေးပွဲတော် များတွင် လူအုပ်လိုက် ပြံုတိုးမှုကြောင့် လူသေဆုံးသည့်
သမိုင်းသာဓကများ ရှိပြီး ဂင်္ဂါမြစ်ကမ်းပေါ်ရှိ ခွန်ဘာမေလာ ဘာသာရေးပွဲတော်မှ ဘုရားဖူးများ
အိမ်ပြန်ကြစဉ် ဖေဖော်ဝါရီလတွင် လူနင်းမိပြီး လူ ၃၆ ဦး ထက်မနည်း သေဆုံးခဲ့သည်။

၂၀၁၁ခုနှစ်၊ ဇန်နဝါရီလတွင် ကေရာ လာပြည်နယ်၌ လူအုပ်အတွင်းတိုးဝှေ့ ကြသောကြောင့်
ဟိန္ဒူဘုရားဖူး ၁၀၂ ဦး သေဆုံးခဲ့ပြီး ဂျိုဒီပါးရှိ ၁၅ ရာစုနှစ်က တည်ဆောက်ခဲ့သည့် တောင်ကုန်း
ထိပ် မှ ဘုရားကျောင်းသို့ ထောင်ပေါင်း များစွာသော လူများ တိုးဝှေ့တက်ကြသောကြောင့်
၂၀၀၈ ခုနှစ်၊ ဏက်တင်ဘာတွင် ဘုရားဖူးဦးရေ ၂၂၄ ဦး သေဆုံး ခဲ့သည်။

ယခု နောက်ဆုံးဖြစ်ပွားခဲ့သည့် လူ သေဆုံးမှုတွင် သေဆုံးသူများ၏ မိသားစု များသို့ ရူပီး
ငွေ ၁၅၀,၀၀၀ (ဒေါ်လာ ၂၅၀၀) နှင့် ဒဏ်ရာရသူများထံသို့ ရူပီး ၅၀၀၀၀ ထုတ်ပေးရန် ၀န်ကြီးချုပ်
ချောင်ဟန်းက ကြေညာချက် ထုတ်ပြန် ခဲ့သည်။

(အေအက်ဖ်ပီ)