ဖိလစ်ပိုင်မြေငလျင်ကြောင့် သေဆုံးသူ ၈၅ ဦးရှိ

ဖိလစ်ပိုင်မြေငလျင်ကြောင့် သေဆုံးသူ ၈၅ ဦးရှိ

စီဘူး - ဖိလစ်ပိုင်နိုင်ငံတွင် အောက်တို ဘာလ ၁၅ ရက်နေ့၌ ပြင်းအား ရ ဒသမ ၁ ရှိ
မြေငလျင်တစ်ခု လှုပ်သွားရာ ကမ္ဘာလှည့်ခရီးသည်များ အဓိကသွား လာသော နေရာတစ်ဝိုက်ရှိ
အဆောက်အအုံများ ပျက်စီးသွားပြီး လူ ၈၅ ဦး ထက်မနည်း သေဆုံးသွားကြောင်း အာဏာပိုင်
များက ပြောသည်။

မြေငလျင်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၂ မိနစ် (ဂရင်းနစ် စံတော်ချိန် ၀၀၁၂) ၌
ဘိုဟိုကျွန်းစုဒေသ ဘာလီလီဟန်မြို့အရှေ့ ငါးကီလိုမီတာ အကွာ၊ ကီလိုမီတာ၂၀ အနက်၌
လှုပ်သွား ခဲ့ကြောင်း အေဂျင်စီကပြောသည်။

ဘာလီလီဟန်မြို့သည် စီဘူးမြို့မှ ရေလက်ကြားကိုဖြတ်၍ ကီလိုမီတာ ၆၀ အကွာတွင်ရှိသည်။
နိုင်ငံ၏ လှပသော ပင်လယ်ကမ်းခြေများသို့ အဝင်ဝတံခါး ဖြစ်ပြီး ဒုတိယ အရေးအပါဆုံးမြို့ ဖြစ်
သည့် စီဘူးတွင်ပြိုကျသော ငါးဈေး တစ်ခု၌ လူလေးဦးသေဆုံးပြီး အနီး အနားရှိဈေးတွင် နောက်
လူတစ်ဦး သေဆုံး၍ ကလေးတစ်ဦးမှာ အလု အယက် ထွက်ပြေးကြသော လူအုပ်နင်း ၍ သေဆုံး
သွားခဲ့ကြောင်း သိရသည်။

လူမှုရေးမီဒီယာပေါ်မှ ဓာတ်ပုံများ တွင် ခရစ်ယာန် ဘ ုရားကျောင်းဟောင်း များ၊ ျွှက္ကသိုလ်တစ်ခု
အပါအဝင် ခေတ်မီအဆောက်အအုံများ ပျက်စီးပြီး အဓိကလမ်းမကြီးများ ကွဲအက်သွား သည်ကို
တွေ့ရသည်။

ဓာတ်အားလိုင်များ၊ ဇုန်းကွန်ရက်များ ပြတ်တောက်သွားရာ အဆက်အသွယ်လုပ်ရန် ခက်ခဲသွား
သောကြောင့် ကျောင်း တစ်ကျောင်းပြိုလဲပြီး ကလေးများ ပိတ် မိနေသည်ဆိုသောသတင်းကို
အတည် ပြုရန် အာဏာပိုင်များက ကြိုးပမ်းနေကြသည်ဟု စီဘူး ဘေးဒုက္ခစီမံကွပ်ကဲရေးဌာန
အကြီးအကဲ နီလ်ဘန်ချက်ဇ် က ပြောသည်။

စီဘူးသည် လူဦးရေ ၂ ဒသမ ၅ သန်းနေထိုင်ပြီး ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်း၌နိုင်ငံရေး၊ စီးပွား ရေး၊
ပညာရေးနျင့် ယဉ်ကျေးမှုရေးရာ အချက်အချာကျသည့် မြို့ဖြစ်သည်။ ၎င်းတွင် နိုင်ငံ၏ အဝင်
အထွက် အများဆုံး သင်္ဘောဆိပ်ရှိပြီး မနီလာလေဆိပ်ပြီးလျှင် အကြီးဆုံးလေဆိပ်ရှိသည်။

သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကြီးလည်း ရှိသည်။ ပြင်းအား ၅ ဒသမ သုညကျော်ရှိ နောက်
ဆက်တွဲ ငလျင်လေးခုထက်မနည်းလှုပ်ခဲ့သည်။ ပစိဖိတ် ဆူနာမီ သတိပေးချက် မထုတ်ပြန်ခဲ့ဟု
သိရ သည်။

ငလျင်၏ဗဟိုချက်သည် မနီလာ မြို့တော်မှ ၆၂၉ ကီလိုမီတာအကွာ၌ ဖြစ်သည်ဟု ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်မီး တောင်ရပ်ဝန်းတွင် တည်ရှိသဖြင့် မြေ ငလျင်နျင့် မီးတောင်ပေါက်
ကွဲမှုများ မကြာခဏဖြစ်လေ့ရှိသည်။

(အေအက်ဖ်ပီ)