အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော် နှင့်ထိစပ်နေသော လိုဂါပြည်နယ်၌ အစ်နေ့
ဆုတောင်းပွဲတော်အပြီး ဗလီ တစ်ခု၌ မိန့်ခွန်းပြောကြားခဲ့သည့် ပြည် နယ်အုပ်ချုပ်ရေးမှူး အာဆာ
လာဂျမား သည် မိုက်ခရိုဖုန်း စကားပြောခွက်တစ်ခုအတွင်း ၀ှက်၍ ထည့်ထားသည့် ဗုံးတစ်လုံး
ပေါက်ကွဲမှုကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း အာဏာပိုင် များ
က ပြောသည်။
"မိုက်ခရိုဖုန်းထဲမှာ ထည့်ထားတဲ့ ဗုံး ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက် မိန့်ခွန်းပြော
ကြားနေတုန်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်" ဟု လိုဂါပြည် နယ်အုပ်ချုပ်ရေးမှူး၏ ပြောခွင့်ရပုဂ္ဂိုလ်
ဒင်မိုဟာမက်ဒါ၀စ်ရှ်က အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။
"အစ်နေ့အခါသမယမှာ အုပ်ချုပ်ရေး မှူးဟာ လူတိုင်းကို ၀မ်းမြောက်ကြောင်း စကားပြောချင်ခဲ့
တာပါ။ အစိုးရ အမှု ထမ်းတွေနဲ့ အရပ်သားတွေအပါအဝင် အခြား လူ ၁၈ ဦးလောက်လည်း
ဒဏ်ရာ ရရှိခဲ့ပါတယ်" ဟု ၎င်းကဆိုသည်။
ဂျမားလ်သည် အခြားသောပြည်နယ်အုပ်ချုပ်ရေးမှူး ၃၄ ဦးကဲ့သို့ပင် သမ္မတ ဟာမစ်ကာဇိုင်း၏
ခန့်အပ်ခံရခြင်းဖြစ်ကာ လာမည့်နှစ်၌ သမ္မတ ရာထူးမှ အနားယူတော့မည့် သမ္မတ ကာဇိုင်းနှင့်
ရင်းနှီးသူတစ်ဦးအဖြစ် ယူဆ ခြင်းခံရသူဖြစ်သည်။ လိုဂါရှိ ရာဇဝတ်ထောက်လှမ်းရေး ဌာနမှူးမို
ဟာမက်ဂျန်အဘစ်က ဗုံးပေါက် ကွဲမှု ကိုအတည်ပြုခဲ့ကာ စုံစမ်းစစ်ဆေး မှုများကို စတင်ပြုလုပ်
သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်နယ်အစိုးရအရာရှိများ၊ အာဖ ဂန်စစ်သားများနှင့် ရဲများကို တာလီဘန် စစ်သွေးကြွများက
မကြာခဏဆိုသလို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော်လည်း ဤ တစ်ကြိမ် ဖောက်ခွဲလုပ်ကြံမှု
အတွက်ကိုမူ ယခုအချိန်အထိ မည်သည့် အဖွဲ့အစည်းကမျှ ယင်းတို့၏ လက်ချက် ဖြစ်ကြောင်း
ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။
အာဖဂန်နှင့် အမေရိကန်စစ်တပ်များ၏ ဖိအားများရှိနေသည့်တိုင် လိုဂါဒေသရှိ လုံခြံုရေးသည်
ဒေသတချို့ကို တာလီဘန်တို့၏ သိမ်းပိုက်ခံရမှုနှင့် အတူ မကြာသေးသည့် ကာလများ အတွင်း
ယိုယွင်းလာခဲ့သည်။ ကျေးရွာ အခြေစိုက် အာဖဂန် ဒေသခံရဲတပ်ဖွဲ့ များက တာလီဘန် ထိန်းသိမ်း
ခံနယ် မြေကိုပြန်လည်ရယူရန် အားတက်သရော ကြိုးပမ်းခဲ့ကြသည်။
အာဖဂန်နစ္စတန်နိုင်ငံသည် လာမည့် ဧပြီလ၌ သမ္မတရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင်နေခြင်း
နှင့် လာမည့် နှစ်မကုန်မီပင် နေတိုးတပ်ဖွဲ့ဝင် ၈၇,၀၀၀ သည် နိုင်ငံအတွင်းမှ ထွက်ခွာရန်ပြင်ဆင်
နေသည့်အချိန်မှာပင် တာလီဘန်တို့ကလည်း တိုက်ခိုက်မှုများကို တိုးမြှင့်သွားမည်ဟု ကြိုတင်
ကြေညာထားသည်။
တာလီဘန်ခေါင်းဆောင် မူလာအိုမာက သမ္မတရွေးကောက်ပွဲများသည် တိုင်းတစ်ပါးအင်အားကြီး
နိုင်ငံများ၏ ကြိုးကိုင်ခံနေရကြောင်း၊ အာဖဂန် ပြည်သူတို့အား ရွေးကောက်ပွဲတွင်ပါ၀င်ခြင်းမပြုရန်
တိုက်တွန်းထားပြီး ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ က
ပြောကြားခဲ့သည်။
အာဖဂန်မြေပေါ်၌ အမေရိကန်စစ်စခန်းဟူသမျှကို မည်သည့်အခါမျှ လက်မခံနိုင်ကြောင်း၊
လက်နက်ကိုင် ဂျီဟဒ်စစ်ပွဲကို ပိုမိုတိုးမြှင့် လုပ်ဆောင် သွားမည့်အကြောင်းတို့ကို သတိပေး
ခဲ့သည်။
(အေအက်ဖ်ပီ)
















