အိန္ဒိယ နျူကလီးယားစက်ရုံတည်ဆောက်ရေး

အိန္ဒိယ နျူကလီးယားစက်ရုံတည်ဆောက်ရေး

မော်စကို - ရုရှားနိုင်ငံသို့ ရောက်ရှိ နေသော အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည်
အောက်တိုဘာလ ၂၁ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်နျင့် တွေ့ဆုံဆွေးနွေးခဲ့သော်
လည်း ကာလကြာမြင့်နေပြီဖြစ်သည့် နျူကလီး ယားစက်ရုံ တည်ဆောက်ရေး အစီ အစဉ်ကို
ပြီးပြတ်အောင် မဆောင်ရွက် နိုင်ခဲ့ပေ။

လက်နက်ကြီးနှင့် စွမ်းအင် အစီအစဉ်များကိုသာ ဦးစားပေးဆွေးနွေးခဲ့သည်။ ၀န်ကြီးချုပ်ဆင်း
သည် အိန္ဒိယနိုင်ငံ ၏ အရေးအကြီးဆုံး အိမ်နီးချင်းနိုင်ငံ များနှင့် ရင်ဆိုင်နေရသည့် ပြဿနာများ
အတွက် အဖြေရှာရန်အတွက် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ၎င်း၏ အဓိကကျသည့် နောက်
ဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့ ရောက်နေ ခြင်းဖြစ်သည်။

ဆင်း၏ ရုရှားခရီးမတိုင်မီ ဆင်းသည် အိန္ဒိယတောင်ဘက် ကမ်းရိုးတန်းတွင် ရုရှားကတည်ဆောက်
ပေးမည့် နျူကလီး ယား ဓာတ်အားပေးစက်ရုံ ကိစ္စကို ဆွေးနွေးခဲ့သည်။

ယင်းစီမံကိန်းသည် အိန္ဒိယအစိုးရ၏ လောလောဆယ် အရေးအကြီးဆုံး စီမံကိန်းတစ်ခုလည်း
ဖြစ်သည်။ အိန္ဒိယနျင့် ရုရှားအစိုးရတို့သည် နှစ်နိုင်ငံ မူဝါဒသဘောထား အမြင်များ တန်းတူရည်တူ
ပူးပေါင်းညှိနှိုင်းနိုင်ရန် အတွက် အကျိုးများသည့် မဟာဗျူဟာ မြောက် လက်တွဲ ဆောင်ရွက်လို
ကြသည်ဟု ဆင်းကပြောသည်။

ဆင်းသည် နှစ်နိုင်ငံ ပထမဆုံး သဘောတူလက်မှတ်ထိုးခဲ့ကြသည့် သမိုင်းဝင် ကူဒန်ကူလမ်
နျူကလီးယား ဓာတ်အားပေးစက်ရုံ အစီအစဉ်ကို ထုတ်ဖော်ဆွေးနွေးခြင်းမပြုပေ။ ကူဒန်ကူလမ်
အစီအစဉ်မှာ ထိုစဉ်က အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီနျင့် ဆိုဗီယက်ခေါင်းဆောင် မီခေး ဂေါ်ဘာ
ချက်ဗ်တို့လက်ထက် ၁၉၈၈ ခုနှစ်က သဘောတူခဲ့သော အစီအစဉ် ဖြစ်သည်။

ယင်းနောက် ဆိုဗီယက်ယူနီယံပြိုကွဲခြင်းနျင့် ရုရှားနိုင်ငံတွင် ဆက်လက်ပေါ်ပေါက်လာသည့် စီးပွား
ရေးပျက် သည့် အကျိုးဆက်များကြောင့် ကူဒန်ကူလမ် နျူကလီးယား ဓာတ်အားပေး စက်ရုံကို
ရုရှားကစတင်၍ ၂၀၀၂ ခုနှစ်အထိ မတည်ဆောက်ပေးခဲ့တော့ ပေ။

ယင်းစက်ရုံ၏ ပထမအဆောက် အအုံနှစ်ခုကို ဒေသခံများ ကန့်ကွက်နေ သည့်ကြားက လုံးဝ
ပြီးစီးလုနီးသည် အထိ ဆောက်လုပ်ပေးခဲ့သေးသည်။ ၂၀၁၁ ၂၀၁၂ ခုနှစ်အတွင်း ဆန္ဒပြကန့်ကွက်
မှုများကြောင့် စက်ရုံတည် ဆောက်မှုလုပ်ငန်းများ ခြောက်လတုံ့ ဆိုင်းသွားခဲ့သည်။

ယနေ့သော် ယင်းနေရာတွင်ပင် နောက်ထပ် နျူကလီးယား ဓာတ်ပေါင်း ဖိုနှစ်လုံးဆောက်ရန် အိန္ဒိ
ယနိုင်ငံ အစိုးရက ရုရှားအကူအညီကို မျှော်မှန်း ထားသည်။ နိုင်ငံတွင်းတိုးလာသည့် လျှပ်စစ်ဓာတ်
အားပမာဏကို ဖြည့်ဆည်း ရန်အတွက် နောက်ထပ် ဓာတ်ပေါင်းဖို နှစ်လုံး တည်ဆောက်ရန်
စီမံခြင်းဖြစ် သည်ဟု အစိုးရကအကြောင်းပြ ကြေညာ ထားသည်။

သို့သော် ၂၀၁၀ ပြည့်နှစ် ဖူကူရှီးမား နျူကလီးယားစက်ရုံ မတော်တဆဖြစ်ပြီး နောက် နျူကလီး
ယားလုံခြံုရေးအတွက် တာဝန်ယူရသည့်ဥပဒေသစ်ကို အသုံး ပြုရန် အိန္ဒိယက တောင်းဆိုလာ
သော အခါ ရုရှားက ယင်းစီမံကိန်းမှာ ဆိုဗီယက် အစိုးရခေတ်က အစပျိုးခဲ့သောစီမံကိန်း ဖြစ်၍
နျူကလီးယားလုံခြံုရေးဥပဒေ သစ်ကို ယင်းစီမံကိန်းတွင် အသုံး မပြုသင့်ကြောင်း စောဒကတက်
ထား သည်။

(အေအက်ဖ်ပီ)