ထူထပ်သည့် မီးခိုးမြူများကြောင့် တရုတ် အရှေ့မြောက်ပိုင်းကျောင်းများ၊ပိတ်ထားရ

ထူထပ်သည့် မီးခိုးမြူများကြောင့် တရုတ် အရှေ့မြောက်ပိုင်းကျောင်းများ၊ပိတ်ထားရ

ပေကျင်း - တရုတ်နိုင်ငံ အရှေကမြောက် ပိုင်း နျစ်စဉ် ရေခဲပွဲတော်ကျင်းပရာနျင့် လူဦးရေ
၁၀ သန်းကျော် နေထိုင်ရာ ဟာပင်မြို့တွင် အောက်တိုဘာလ ၂၂ ရက်၌ တတိယနေ့အဖြစ်
မီးခိုးမြူများ ထူထပ်စွာ ကျရောက်လျက်ရှိသဖြင့် စာသင်ကျောင်းများနျင့် ဒေသဆိုင်ရာ လေဆိပ်
တစ်ခုကို ပိတ်ခဲ့ရပြီး မြင်ကွင်း များ မရှင်းလင်းသည့် အတွက်ကြောင့် လည်း မြေပြင်ရှိ ယာဉ်
အသွားအလာ များ ရပ်ဆိုင်းထားရသည်။

မြို့များအတွင်းရှိ လေထုညစ်ညမ်း မှုအဆင့်များမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဘေးကင်းသည်ဟု
သတ်မှတ်ထားသည့်အဆင့်များထက် များစွာကျော် လွန်နေဆဲပင်ဖြစ်ပြီး လမ်းမကြီးများမှာမီးခိုးမြူ
များဖြင့် ပိတ်ဖုံးလျက် အချို့ သော နေရာများဆိုလျှင်မူ မီတာ ၅၀ မျှပင်မပြည့်သည့် အကွာအဝေး
အတွင်း သာလျှင် တွေ့မြင်ကြရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ဟာပင်မြို့၏ ထိုင်ဖင်း နိုင်ငံတကာလေဆိပ်ရှိ လေကြောင်းခရီး
စဉ် ၂၅၀ ကျော်ကိုလည်း ရပ်ဆိုင်းထားခဲ့ရကြောင်း ရှင်ဟွာသတင်းတစ်ရပ်တွင် ဆိုထားသည်။

လူ့ကျန်းမာရေးကို အဆိုးရွားဆုံးထိခိုက်စေသည်ဟု ယူဆရသည့် လေထု အတွင်း ရှိအမှုန်များ၏
သိပ်သည်းပါ၀င် မှု ပီအမ် ၂ ဒသမ ၅ သည် မြို့တွင်း၌ တစ်ကုဗမီတာလျှင် ၈၂၂ မိုက်ခရိုဂရမ်
အထိ ရောက်ရှိခဲ့ကြောင်း ၂၂ ရက် နေ့ တိုင်းထွာချက်များတွင် ပြသခဲ့သည်။

ယင်းကိန်းဂဏန်းသည် ၂၁ ရက်နေ့ တိုင်းထွာမှု၏ တစ်ကုဗမီတာလျှင် ၁,၀၀၀ မိုက်ခရိုဂရမ်ထက်
စာလျှင် နည်းပါးသွားသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထောက်ခံချက်စံညွှန်းထက် အဆ
၃၀ ကျော်ပင် ပိုနေဆဲ ဖြစ်သည်။

လေထုအရည်အသွေး တစ်ခုလုံး၏ညွှန်းကိန်းသည်လည်း ၅၀၀ကျော်ပင်ရှိနေဆဲဖြစ်ကာ ယင်း
သည် တရုတ် နိုင်ငံ၏ အတိုင်းအတာအရ အမြင့်မား ဆုံးအဆင့် ဖြစ်သည်။ ဟာပင်မြို့ရှိ မီးခိုးမြူ
များသည် အေးခဲလွန်းသည့် ဆောင်းရာသီအကြို၌ လူ များ၏ အပူပေးစနစ်များကြောင့် ဖြစ် ပေါ်
လာခဲ့ခြင်းဖြစ်သည်။

မြူထူများ(သို့) မီးခိုးမြူများထူထပ်စွာကျဆင်းမှုအတွက် အရေးပေါ်သတိပေး ချက်တစ်ခုကိုလည်း
ဟာပင်မြိုကတည်ရှိရာ ဟိုင်လုံကျန်းပြည်နယ်တစ်ခုလုံး အပါ အဝင် အနီးပတ်ဝန်းကျင်ရှိ ကျီလင်
နှင့် လျောင်နင်း ပြည်နယ်တို့တွင်ပါ ထုတ်ပြန်ထားကြောင်း ရှင်ဟွာသတင်း ကဆိုသည်။

ဤဖြစ်စဉ်သည် ဟာပင်မြို့ရှိလေထု ညစ်ညမ်းမှု အရေးပေါ်အဆင့်အထိ ရောက်ရှိလာသဖြင့်
ပေကျင်းအစိုးရက ကားများကို ရက်အတန်ကြာ တားမြစ် ထားသည့် အစီအစဉ်ကို ပြန်လည်
အကောင်အထည် ဖော်မည့်အကြောင်း ကြေညာချက် ထွက်ပေါ်လာအပြီးမှာ ပင် ဖြစ်ပျက်ခဲ့ခြင်း
ဖြစ်သည်။

အရှိန်အဟုန်ဖြင့် ဖွံ့ညဖိုးတိုးတက်လာ သည့်တရုတ်နိုင်ငံ၏ ကျောက်မီးသွေး အများအပြား သုံးစွဲ
မှုမှ လေထုညစ် ညမ်းမှုကြောင့် လူထုဝေဖန်မှုများ ကျယ် ပြန့်စွာ ထွက်ပေါ်လာခဲ့ကာ နိုင်ငံ ခေါင်း
ဆောင်သစ်များဘက်ကလည်း သဘာဝပတ်ဝန်းကျင် တိုးတက်မှုရှိစေ ရေးအတွက် ကတိပြုလာ
မှုများရှိလာ ခဲ့သည်။

(အေအက်ဖ်ပီ)