တရုတ်တို့၏အပြုအမူများသည် ငြိမ်းချမ်းရေး ကာလကို အန္တရာယ်ဖြစ်စေဟု

တရုတ်တို့၏အပြုအမူများသည် ငြိမ်းချမ်းရေး ကာလကို အန္တရာယ်ဖြစ်စေဟု

ဂျပန်နိုင်ငံကဆို တိုကျို အငြင်းပွားနေသည့် ကျွန်းကိစ္စ များနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံအပေါ်
တရုတ်၏ အပြုအမူများသည် ငြိမ်းချမ်း ရေးကို ထိခိုက်လာနေသည်ဟု ဂျပန် ကာကွယ်ရေးဝန်ကြီး
က အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အွန်နိုဒီရာ၏ ပြောဆိုချက်များတွင် အရှေကတရုတ် ပင်လယ်
အတွင်းမှ ထိုး ထွက်နေသော ကျောက်ဆောင်ကျောက် စွန်းများနှင့် ပတ်သက်ပြီး နျစ်နိုင်ငံကြား
ပဋိပက္ခအသွင် ဆောင်သွားမည်ကို ပိုမိုစိုးရိမ်နေဟန်ရှိသည်ကို တွေ့ရသည်။

"ဆင်ကာကု ကျွန်းတွေတစ်ဝိုက်က ရေပိုက်နက်တွေမှာ တရုတ်နိုင်ငံရဲ့ ကျူးကျော်ဝင်ရောက်မှု
တွေက ငြိမ်းချမ်း ရေးကာလနဲ့ စိုးရိမ်တကြီးဖြစ်နေရတဲ့ အခြေအနေတွေကြားက 'မှုန်ဝါးဝါးဇုန်'
အတွင်း ကျရောက်နေတာနဲ့ တူပါတယ်" ဟု အွန်နိုဒီရာက တိုကျိုရှိ သတင်းထောက် များကို
ပြောကြားခဲ့သည်။

စနေ၊ တနင်္ဂနွေတွင် ပြောကြားခဲ့ သော တရုတ်ကာကွယ်ရေးဝန်ကြီး၏ သတိပေးစကားများ ထွက်
ပေါ်လာပြီး နောက်တုံ့ပြန်ပြောဆိုခဲ့သော အွန်နိုဒီရာ မှတ်ချက်များက အသွင်သစ်တစ်မျိုးနှင့်
စကားစစ်ထိုးပွဲအသွင် ဆောင်လာသည်။

၎င်းတို့နှင့် အဆင့်တူ ဂျပန်လူမျိုးများ စောင့်ကြည့်နေသည့်ကြားမှ နျစ်နာရီ ကြာရှိနေခဲ့သော ကျွန်း
များတစ်ဝိုက်ရှိ ရေပိုက်နက်များအတွင်းသို့ အောက်တို ဘာ ၂၈ ရက်နေ့တွင် တရုတ်ကမ်းခြေ
စောင့်တပ်က သင်္ဘောလေးစင်းစေလွှတ် ခဲ့သည်။ ဂျပန်က ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဦးတည်
သည့် ရေလက်ကြားကို ဖြတ်ကူး စဉ် ဂျပန်လေပိုင်နက်အနီး ပျံသန်းနေ သော တရုတ်လေယာဉ်
နှင့် ရင်ဆိုင်ရန် ဂျပန်က၎င်းတို့ ဂျက်လေယာဉ်များကို သုံးရက်ဆက်တိုက် အရေးပေါ် စေလွှတ်
ခဲ့ပြီးနောက်ပိုင်းတွင် ယင်းကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။

"အစောပိုင်း သတိပေးလေယာဉ် နှစ်စင်းနဲ့ ဗု့းကြဲလေယာဉ်နှစ်စင်းပါ" ဟု အွန်နိုဒီရာက အောက်
တိုဘာ ၂၉ ရက် နေ့တွင် သတင်းထောက်များသို့ပြောကြားခဲ့သည်။ "အိုကီနာဝါ အဓိကကျွန်းနှင့်
မီယာ ကို ကျွန်းတွေကြားမှာ လေယာဉ်တွေ အများကြီးပျံသန်းနေတာက ထူးဆန်းနေ တယ်။ သုံး
ရက်ကြာဖြစ်ပွားတဲ့ တိုက်ပွဲ က အင်မတန် ထူးဆန်းနေတယ်လို့ ကျွန်တော်တို့ယူဆထားတယ်။
ကျယ်ပြော လှတဲ့ သမုဒ္ဒရာကြီးအပါအဝင် သူတို့ရဲ့ လှုပ်ရှားမှုနယ်ပယ်တွေကို တရုတ်က အားကြိုး
မာန်တက် ချဲ့ထွင်နေတယ် ဆိုတာကို ပြသနေတဲ့ အပြုအမူတွေထဲက တစ်ခုဆိုတာ ကျွန်တော်
တို့ နားလည်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။

ဂျပန်လေပိုင်နက်မှ ထွက်ခွာရန်သတိပေးချက်များကို ဂရုမစိုက်သည့် မည်သို့သော မောင်းသူမဲ့
လေယာဉ်ကို မဆို ပစ်ခတ်ရန်အစီအစဉ်များ လုပ် ဆောင်ရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက မီးစိမ်း
ပြ သဘောတူခဲ့သည်ဆိုသော သတင်းကို ပြီးခဲ့သည့်ရက်သတ္တပတ်က ကြေညာခဲ့သည်။

ဂျပန်နိုင်ငံတောင်ပိုင်းသို့ ဦးတည် သည့် ဝေဟင်လမ်းကြောင်းပေါ်တွင် အမည်မဖော်နိုင်သည့်
မောင်းသူမဲ့လေယာဉ်တစ်စင်း ဖြတ်သန်းမောင်းနှင် ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြား
ပြီးနောက် အဆိုပါသတင်းထွက်ပေါ်ခဲ့ သည်။ အဆိုပါလေယာဉ်သည် တရုတ် လေပိုင်နက်မှ
၀င်ရောက်လာပြီး တရုတ် လေပိုင်နက်ဆီသို့ ပြန်လှည့်သွားခဲ့သည် ဟု လေယာဉ်လမ်းကြောင်း
ဆက်သွယ် ရေးစခန်းများက မှတ်ချက်ပေးခဲ့သည်။

၎င်းတို့လေယာဉ်အား ဂျပန်နိုင်ငံက ပစ်ခတ်မည့် အစီအစဉ်သည် " စစ်ပွဲ အသွင်ဆောင်တဲ့ အခြေ
အနေတစ်ရပ် ဖြစ်ပေါ် လာစေဖို့ အတင်းကာရော ရန်စ ပြီးပစ်ခတ်မှုတွေဖြစ်လာအောင် ဖန်တီးခြင်း
ဖြစ်တယ်" ဟု တရုတ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြား
ခဲ့သည်။

"ကျွန်တော်တို့ဘက်ကလည်း ခိုင်မာ တဲ့တန်ပြန်မှုအစီအမံကို လုပ်ဆောင်ရ ပါမယ်။ ဖြစ်ပေါ်လာ
မယ့် အကျိုးဆက် တွေအားလုံးအပေါ်မှာလည်း ရန်စလာတဲ့ဘက်မှာပဲ တာဝန်ရှိပါတယ်" ဟု ၎င်း
ကဆိုသည်။

ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုများ များပြားနေသည့် နေရာများအတွင်း ရောက်ရှိနေသော လက်
နက်တပ်ဆင် ထားသည့် လေယာဉ်နျင့် သင်္ဘောများကို လေ့လာစောင့်ကြည့်သူများက သတိပေး
ပြောကြားထားပြီး နှစ်ဖက်စလုံးမှ အဖွဲ့ သားတစ်ဦးဦး၏ မထင်မှတ်သည့် လွဲချော်မှုသည် တိုက်
ခိုက်မှုကို အလျင် အမြန် အရှိန်မြင့်သွားစေနိုင်သည်ဟု လည်း ထောက်ပြထားသည်။

အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ ကီလိုမီတာ (မိုင်များစွာ) ရာပေါင်းများစွာကွာဝေးသည့်
ကျွန်းတစ်ကျွန်း ပေါ်တွင် ကြီးမားသည့်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန်စီစဉ်နေခဲ့သည်ဟု ဂျပန်
အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကာကွယ် ရေးတွင်
တပ်သား ၃၄,၀၀၀ ၏ စစ်ရေး ကျွမ်းကျင်မှုကို မြှင့်တင်ပေးရန်ရည်ရွယ်ပြီး ဝေးလံ သည့်နေရာ
မှနယ်မြေများကိုပြန်လည်သိမ်းယူသွားမည်ဟု ဆိုသည်။

(အေအက်ဖ်ပီ)