ထိုင်းဗုဒ္ဓဘာသာ သံဃမဟာနာယက (သံဃရာဇာ)ဘုန်းတော်ကြီး သက်တော် ၁၀၀ တွင် ပျံလွန်တော်မူ

ထိုင်းဗုဒ္ဓဘာသာ သံဃမဟာနာယက (သံဃရာဇာ)ဘုန်းတော်ကြီး သက်တော် ၁၀၀ တွင် ပျံလွန်တော်မူ

ဘန်ကောက် - ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာ ၀င်များ၏ မဟာနာယက သက်တော်ရှည်
ဆရာတော်ဘုရားကြီးသည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဘဝ နတ်ထံပျံလွန်တော်မူခဲ့ရာ
၀မ်းနည်း ခြင်းအထိမ်းအမှတ်အဖြစ် တိုင်တစ်ဝက် တင်ထားသည့် အလံများလွှင့်ထူပြီး ဆရာတော်
ကြီးကို ဂါရဝပြုခဲ့သည်။

ဗုဒ္ဓဘာသာ ရဟန်းတော်တို့၏ နာယက ဆရာတော်ဖြစ်သည့် ဆွန်ဒက် ဖရား ဉာဏသံဝရသည်
အစာအိမ် နှင့်အူလမ်းကြောင်း ရောဂါကြောင့် မကြာသေးမီက ခွဲစိတ်ကုသမှုခံယူခဲ့ပြီး နောက်
သွေးနှင့်ပတ်သက်ပြီး ရောဂါထပ် ဖြစ်ခဲ့ရာ သက်တော် ၁၀၀ တွင် ပျံလွန် တော်မူခဲ့ခြင်းဖြစ်ကြောင်း
ဆရာတော် ကြီး ဆေးကုသမှုခံယူခဲ့သည့် ချူလာ လောင်ကွန်း ဆေးရုံကဆိုသည်။ ဆရာတော်ကြီး
၏ ရုပ်ကလပ်အား ထိုင်းရိုးရာထုံးစံအရ ဘုန်းကြီးပျံပွဲ ကျင်းပရန် ဘန်ကောက်မြို့တော်ရှိ ဘုရား
ကျောင်းသို့ ပြောင်းရွှေကမည်ဖြစ် ရာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ရာပေါင်းများစွာသော
ဒါယကာ၊ ဒါယိကာမများက ဆေးရုံအပြင်ဘက်တွင် ယာဉ်အသွားအလာများပြားသော ခြောက်
လမ်းသွား လမ်းမကြီးပေါ်၌ တန်းစီ၍ ဂါရဝပြုခဲ့ကြသည်။

ကျောင်းနေအရွယ် မှစ၍ လမ်း ကောင်းကောင်း မလျှောက်နိုင်သည့် သက်ကြီးရွယ်အို အဘွားအို
များထိ ကြီးcယ်မဟူအားလုံးသည် လူတန်းကြီး ဘေးမှ ပုဆစ်တုပ်ကာ ဆရာတော်ကြီး၏ ရုပ်အ
လောင်းကို ပူဇော်ကန်တော့ခဲ့ ကြသည်။

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနှင့် ရင်းနှီးသည့် ထိုင်း ဆရာတော်ကြီးကို
ထိုင်းနိုင်ငံ အနောက် ပိုင်း ကန်ချာနာဘူရီ ပြည်နယ်တွင် ၁၉၁၃ ခုနှစ်၊ ဗအာက်တိုဘာ ၃ ရက်နေ့
၌ မွေးဖွားခဲ့ပြီး အသက် ၁၄ နျစ်တွင် ရှင်သာမဏေဘဝသို့ ရောက်ရှိခဲ့သည်။

၁၉၈၉ ခုနှစ်တွင် သံဃမဟာနာယက (သံဃရာဇာ)အဖြစ် ဘုရင် ဘူမိဘော အဒူ ယာဒက်က
ခန့်အပ်ခဲ့ပြီး ဆရာတော်ကြီး ပျံလွန်တော်မူခြင်းအတွက် ထိုင်းတော်ဝင် မိသားစုက အထူးဝမ်းနည်း
ကြေကွဲရပြီး ဆရာတော်ကြီး၏ ဘုန်းကြီးပျံပွဲကို ရက် ၃၀ ကြာ ကျင်းပရန် ဘုရင်က ညွှန်ကြား
ထားသည်ဟုဆိုသည်။ ၀န်ကြီးချုပ်ယင်လပ်ရှင်နာဝပ်၏ ရုံး မှ ထုတ်ပြန်ချက်များအရ သာမန်ပြည်
သူ များသည် ဘုန်းကြီးပျံပွဲသို့ ၁၅ ရက်ကြာ ဆင်နွှဲရမည်ဖြစ်ပြီး အစိုးရရုံးများနျင့် ကျောင်းများတွင်
လည်း တစ်ဝက်လွှင့် တင်ထားသည့်အလံများကို သုံးရက် တိတိ လွှင့်တင်ထားရမည်ဟု ညွှန်ကြား
ထားကြောင်း သိရသည်။

၂၀၁၂ ခုနှစ်၊ ဂျပန်နိုင်ငံတွင်ကျင်းပ သော ကမ္ဘာ့ဗုဒ္ခဘာသာ ပညာရှင်များ အဖွဲ့အစည်းအဝေးကြီး
က ဆရာတော် ကြီးအား ကမ္ဘာ့ ဗုဒ္ဓဘာသာ သံဃာတော် များ၏ ခေါင်းဆောင် ဆရာတော်ကြီး
ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ဗုဒ္ဓဘာသာသည် ထိုင်းနိုင်ငံတွင် ၉၅ ရာခိုင်နှုန်းသော ပြည်သူများ
ယုံကြည် ကိုးကွယ်သည့် ဘာသာဖြစ်ပြီး ကမ္ဘာ ပေါ်တွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ဦးရေ အများဆုံး
နိုင်ငံလည်း ဖြစ်သည်။

National Office of Buddhism ၏ ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်သည့်စာရင်း များအရ ထိုင်းနိုင်ငံ
တွင် ဘုန်းကြီးဦးရေ ၆၁ယဝဝ၀ ကျော်ရှိကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့က နိုင်ငံတစ်ဝန်းလုံး
တွင် ဆရာတော်ကြီးအား လေးစား ဂုဏ်ပြု၍ ၀မ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် စင်တင်တေး
သီချင်းပွဲများနျင့် ကပွဲများကို နိုဝင်ဘာလ ၈ ရက်နေ့ထိ မပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သည်။

ဘန်ကောက်မြို့ရှိ နန်းတော်ရာသို့ လာရောက်လည်ပတ်ရန် ဆန္ဒရှိသော ကမ္ဘာလှည့်ခရီးသွား
များကိုလည်း ၀မ်း နည်းခြင်းအထိမ်းအမှတ် ကာလအတွင်း တောက်ပသည့် ရောင်စုံအဝတ်အစား
များ ၀တ်ဆင်ခြင်းမပြုရန် မေတ္တာရပ်ခံ ထားသည်။

(အေအက်ဖ်ပီ)