ထိုင်းအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ မူကြမ်းကို အတိုက်အခံတို့ဆန့်ကျင်ဆန္ဒပြ

ထိုင်းအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ မူကြမ်းကို အတိုက်အခံတို့ဆန့်ကျင်ဆန္ဒပြ

ဘန်ကောက် - ထောင်ချီရှိသည့် ထိုင်း အစိုးရအား ဆန့်ကျင်ဆန္ဒပြသူများ သည်
ဘန်ကောက်မြို့၌ နိုဝင်ဘာလ ၃ ရက်က စုဝေးဆန္ဒပြခဲ့ကြသည်။ အငြင်းပွားဖွယ်ရာ လွတ်ငြိမ်း
ချမ်းသာခွင့်ကို အမတ်များက အတည်ပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤ လွတ်ငြိမ်းချမ်းသာခွင့်
သည် ထွက်ပြေးတိမ်းရှောင်နေသော ၀န်ကြီး ချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လာရန်
ခွင့်ပြုနိုင်သည်။

ဤဥပဒေကို အောက်လွှတ်တော် သည် နိုဝင်ဘာလ ၁ ရက်က ခွင့်ပြုခဲ့သော်လည်း ဆီးနိတ်
လွှတ်တော်၏ အတည်ပြုခြင်းကို လိုအပ်ဦးမည်ဟု အတိုက်အခံများကပြောသည်။ ဤ ဥပဒေ
သည် လက်နက်မဲ့ ဆန္ဒပြသူများ အား သတ်ခဲ့ခြင်းအပါအဝင် အတိတ်က အာဏာ၊ အခွင့်အရေး
စသည်တို့ကို အလွဲသုံးစားပြုခြင်းတို့ကို ဖုံးဖိဖာထေးလိုက်သလိုဖြစ်မည်ဟု ပြောသည်။

အတိုက်အခံ ဒီမိုကရက်ပါတီက ဦးဆောင်ကျင်းပခဲ့သည့် စည်းရုံးလှုံ့ဆော် ပွဲကို ဆန္ဒပြသူ ၃,၀၀၀
ခန့်က နိုဝင်ဘာလ ၂ ရက် ညနေ၌ လာရောက်ပူးပေါင်း ခဲ့ပြီး ရက်သတ္တပတ် ကျော်သွားသည် နှင့်
အမျှ ဆန္ဒပြသူများ တိုးလာဖွယ်ရာ ရှိသည်။ ဆန္ဒပြသူများက 'အစိုးရထွက် ပေး' ကြွေးကြော်သံ
များ အော်ဟစ်ပြီး အလံများကို ဝှေ့ယမ်းကာ တတိယည အဖြစ် ဘန်ကောက်မြို့၌ စုရုံးနေကြ ပြီး
နိုင်ငံရေးတင်းမာမှုများလည်း အရှိန် မြင့်လာခဲ့သည်။

၂၀၀၆ ခုနှစ်က စစ်တပ်က အာဏာ သိမ်းမှု၌ ရာထူးပြုတ်သွားခဲ့သည့် သက်ဆင်သည် ထိုင်းနိုင်ငံ
၌ သဘော ထားကွဲစေသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ နျမ ယင်လတ်ရှင်နာဝပ်သည် ထိုင်းနိုင်ငံ
၀န်ကြီးချုပ်ဖြစ်သည်။ နိုင်ငံရေးအကြမ်းဖက်မှု သမိုင်းရှိ သည့် ထိုင်းနိုင်ငံသို့ သက်ဆင်ပြန်လာရန်
ကြိုးပမ်းလျှင် တင်းမာမှုများ မီးထိုး ပေးလိုက်သလိုဖြစ်မည်။

ယခင်က နိုင်ငံ ရေးမတည်ငြိမ်မှု ဖြစ်စဉ်များကဲ့သို့ ဒီမိုကရက်ပါတီသည် ယခုအကြိမ်၌ ထောက်ခံ
သူများ စည်းရုံးနိုင်မည်လား ဆိုသည့် သံသယများရှိနေသည်။ ဤဥပဒေကို ထောက်ခံသူများ၏
အပြောအရ ၀ရုန်းသုန်းကား အခြေအနေ များသည် ၂၀၁၀ ပြည့်နှစ်က သက်ဆင် လိုလားသူများ
ရှပ်နီဆန္ဒပြခဲ့ရာမှ စစ်တပ်က နျိမ်နင်းခဲ့ရာ လူ ၉၀ ကျော် သေဆုံးခဲ့သည်အထိ ဆိုးရွားလာခဲ့သည့်
အခြေအနေတို့ကို ရပ်တန်းကရပ်သွား စေမှာ ဖြစ်သည်ဟုဆိုသည်။

အားလုံးအကျုံးဝင်သည့်လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးလိုက်ပါက အာဏာ အခွင့်အရေးများကို
အလွဲသုံးစားပြုခဲ့ကြသည့် အရာရှိများနျင့် ဆန္ဒပြ ခေါင်းဆောင်များ အပြစ်ပေးခံရခြင်းမှ ကင်း
လွတ်သွားနိုင်ကြောင်း ံကာညေ ျွငါ့အျ ျွှအေခ့ က ပြောသည်။ ၂၀၀၄ ခုနှစ်ကတည်းက နိုင်ငံရေး
ကန့်ကွက်ဆန္ဒပြမှုများ၌ ပါ၀င်ပတ်သက် ခဲ့သည့် လူများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမည့်အပြင်
ဤလွတ်ငြိမ်းချမ်းသာ ခွင့်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းပြီး နောက် တည်ထောင်ခဲ့သည့် အဖွဲ့
အစည်း များအပေါ် စွပ်စွဲထားသည့် ရာဇဝတ်မှုများကို အကျုံးဝင်မှာဖြစ်သည်။

သက်ဆင်သည် လက်ရှိ ဒူဘိုင်း နိုင်ငံ၌ နေထိုင်လျက်ရှိသည်။ ၂၀၀၈ ခုနှစ်က လာဘ်စားမှုဖြင့်
မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းမှ ရှောင်တိမ်းနေ ခြင်းဖြစ်သည်။ ဤ ထောင်ပြစ်ဒဏ်သည် နိုင်ငံ
ရေးကို အရင်းခံသည်ဟု သက်ဆင် ကပြောသည်။ ဤလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို
နိုဝင်ဘာ ၁၁ ရက်၌ ဘက်လိုက် ခြင်းမရှိသည့် ဆီးနိတ်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။

(အေအက်ဖ်ပီ)