ဒါကာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အထည် ချုပ်အလုပ်သမားများ၏ အနည်းဆုံး လုပ်အားခကို
ရ၆ ရာခိုင်နှုန်းတိုးမြှင့် ပြီး ၆၇ ဒေါ်လာပေးရန် ကိစ္စအတွက် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့က
နိုဝင်ဘာလ ၄ ရက်နေ့၌ ထောက်ခံ အဆိုပြုလိုက်သည်။ ထိုသို့တိုးမြှင့်ပေး သော လုပ်အားခမှာ
ကမ္ဘာပေါ်တွင် အနည်းဆုံးဖြစ်ပြီး အလုပ်သမားသမဂ္ဂ များ လိုချင်သည်ထက် များစွာနည်းနေ
သေးကြောင်း သိရသည်။
အစိုးရတာဝန်ရှိသူများ၊ အထည်ချုပ်လုပ်ငန်းရှင်များနျင့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များ
ပါ၀င်သော ဘုတ်အဖွဲ့ က နိုင်ငံ၏ အထည်ချုပ်အလုပ်သမား လေးသန်းအတွက် လုပ်အားခ
တစ်လ လျှင် လက်ရှိ တာကာ ၃,၀၀၀ (၃၈ ဒေါ်လာ) မှ တာကာ ၅,၃၀၀ (၆၇ ဒေါ်လာ) သို့
တိုးမြှင့်ပေးရန် အကြံပြုခဲ့ သည်။
ဧပြီလတွင် 'ရာနာပလာဇာ' အထည်ချုပ်စက်ရုံပြိုကျပြီး လူ ၁,၁၃၅ ဦး သေဆုံးပြီးနောက်ပိုင်း၌
ယင်းသို့ အကြံပြုခဲ့ခြင်းဖြစ်သည်။ ဘုတ်အဖွဲ့တွင် သဘောကွဲလွဲမှုများ ရှိရာ အများစုက ၆၇ ဒေါ်
လာကို အကြံ ပြုပြီး စက်ရုံပိုင်ရှင်များက များလွန်း သည်ဟုဆိုသည်။ စက်တင်ဘာလ၌ သောင်း
ချီရှိ အလုပ် သမားများက လမ်းများတွင် ဆန္ဒပြကာ စက်ရုံများကို မီးရှို့ခြင်းနျင့် ရဲများနှင့် ရင်ဆိုင်
တိုက်ခိုက်မှုများဖြစ်ပြီး လစာ တိုးမြှင့်ပေးရန် တောင်းဆိုကြသည်။
၎င်း နောက် ဘုတ်အဖွဲ့၏ အကြံပြုချက်ကို အခြေခံ၍ အစိုးရက နိုဝင်ဘာလ၌ လုပ်အားခ တိုးမြှင့်
ပေးရန် ကတိပြုခဲ့ သည်။ ဘုတ်အဖွဲ့၏ သတ်မှတ်ချက်သည်ပင်လျှင် ကမ္ဘာပေါ်တွင် အနည်းဆုံး
ဖြစ် နေသေးပြီး သမဂ္ဂများက တောင်းဆို သည့် ၈,၁၁၄ တာကာ (၁၀၂ ဒေါ်လာ) ထက် နည်းနေ
သေးကြောင်း သမဂ္ဂ ခေါင်းဆောင်း ဆီရာဂျူးလ် အစ္စလမ် ရိုနီကပြောသည်။
ကမ္ဘောဒီးယားနှင့် အိန္ဒိယတို့တွင် လူတစ်ယောက် အနည်းဆုံးလစာမှာ ဒေါ်လာ ၈၀ ခန့်ဖြစ်ပြီး
ဗီယက်နမ်၊ ွှင်ဒိုနီးရှားနျင့် တရုတ်ပြည်တွင် ထိုထက် ပိုများသည်ဟု ဘုတ်အဖွဲ့ဝင်တစ်ဦးက ပြော
သည်။
လုပ်ငန်းရှင်များက ၅၆ ဒေါ်လာသာ ပေးနိုင်ကြောင်း ပြောသောကြောင့် ဘုတ်အဖွဲ့အနေဖြင့် မတိုး
သာမဆုတ် သာ အခြေအနေသို့ ရောက်ခဲ့သည်။ အလုပ်သမားများက အနိမ့်ဆုံးလစာ တာကာ
၅,၃၀၀ ကို လက်မခံသဖြင့် ဆန္ဒပြပွဲကို ထပ်မံပြုလုပ်သွားကြလိမ့် မည်ဟု သမဂ္ဂခေါင်းဆောင်
မွန်တူဂို့ချ် က ပြောသည်။
(အေအက်ဖ်ပီ)

















