ဖိလစ်ပိုင်အလုပ်သမားများက ဆော်ဒီတွင် အကြမ်းဖက်ရက်စက်ခံခဲ့ရဟု ပြောကြား

ဖိလစ်ပိုင်အလုပ်သမားများက ဆော်ဒီတွင် အကြမ်းဖက်ရက်စက်ခံခဲ့ရဟု ပြောကြား

မနီလာ - ဆော်ဒီအာရေဗျနိုင်ငံမှနှင်ထုတ်ခံရသည့် ဖိလစ်ပိုင် အလုပ်သမား ၃၀ သည်
နိုဝင်ဘာလ ၄ ရက်နေ့တွင် နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ ကြပြီး ယင်းနိုင်ငံတွင် တရားမဝင်
၀င် ရောက်နေထိုင်သူများကို နှိမ်နင်းမှုများ အတွင်း ၎င်းတို့သည် မတရားဆက်ဆံ ခြင်းခံခဲ့ရကြောင်း
စွပ်စွဲပြောခဲ့ကြသည်။

ရေနံကြွယ်ဝသည့် အရှေကအလယ်ပိုင်း ဘုရင့်နိုင်ငံတွင် စာရွက်စာတမ်း များမရှိ ကြသော နိုင်ငံ
ခြားသားများကို လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းဖြို ခွင်းခြင်းခံခဲ့ကြရာတွင် ဖိလစ်ပိုင်အလုပ်
သမား ခန့်မှန်းခြေ ၆,၇၀၀ ခန့် အားကိုး ရာမဲ့ ဖြစ်ခဲ့ကြသည့်ဖြစ်စဉ်တွင် ဖော်ပြ ပါအလုပ်သမား
၃၀ ပါ၀င်ခဲ့ကြသည်။

"သူတို့က ကျွန်မတို့ကို တိရစ္ဆာန် တွေလို ဆက်ဆံခဲ့ကြတယ်" ဟု အသက် ၄၆ နျစ်အရွယ် အိမ်
အကူအမော်ရိုဆက် က ခါးသီးသော အတွေ့အကြံုများ ကိုပြောဆိုလျက် ငိုကြွေးခဲ့သည်။ လူဝင်
မှုကြီးကြပ်ရေးဌာနမှ လေဆိပ် သို့ထွက်ခွာခြင်းမပြုမီ ၎င်းတို့ကို ဆော်ဒီ ရဲများက စုဝေးစေကာ
ကျပ်ညပ်နေသည့် အခန်းကျဉ်းလေး တစ်ခုထဲ၌ လေးရက်ကြာ ထားခဲ့ကြကြောင်း အဆို ပါ
အမျိုးသမီးက ပြောသည်။

"ကျွန်မတို့ခြေထောက်တွေကို သံကြိုး နဲ့ချည်ထားခဲ့ကြတယ်" ဟု အသက် ၃၂ နှစ်အရွယ်
အီဗွန်မွန်တီဖီယိုက ပြောသည်။ စွပ်စွဲပြောဆိုမှုများနှင့် စပ်လျဉ်း၍ မနီလာရှိ ဆော်ဒီအာရေဗျ
သံရုံးအရာရှိများက တစ်စုံတစ်ရာ မှတ်ချက်ပေးလိုခြင်း မရှိခဲ့ကြပေ။ ဖိလစ်ပိုင် ပြည်ပအလုပ်
သမားများ အတွက် အကူအညီပေးနေသည့်အဖွဲ့ တစ်ဖွဲ့ဖြစ်သော မိုက်ဂရန့် အင်တာနေ ရှင်
နယ်က စာရွက်စာတမ်းများပြုလုပ်ရန်အတွက် ဂျက်ဒါတွင် သောင်တင်ကာ စောင့်ဆိုင်းနေကြ
ဆဲဖြစ်သည့် အလုပ် သမား ၁,၇၀၀ ခန့် ရှိသေးကြောင်းနျင့် အခြား ၅,၀၀၀ ခန့်မှာလည်း ရီယာ့ဒ်၊
အယ်လ်ခိုဘာနျင့် ဒန်မန်မြိုကများတွင်ရှိနေကြပြီး ကောင်စစ်ဝန်၏ အကူအညီကိုလိုအပ်နေကြောင်း
ပြောသည်။

မိခင်နိုင်ငံသို့ ပြန်ရောက်လာသည့် ဖိလစ်ပိုင်အိမ်ဖော်တစ်ဦး။ အေအက်ဖ်ပီ

ဖိလစ်ပိုင်များသည် ဆော်ဒီအာဏာ ပိုင်များ၏ အကြမ်းဖက်ရက်စက်စွာဖြို ခွဲခြင်း၊ ဇမ်းဆီးခြင်းနှင့်
ထိန်းသိမ်းခြင်း များခံရမည့် အန္တရာယ်များရှိနေကြောင်း အဆိုပါအဖွဲ့က သတိပေးထားသည်။

ဖိလစ်ပိုင်များသည် နိုင်ငံတွင်းမှနှင် ထုတ်ခြင်းခံရရန် အရည်အချင်းမပြည့်ဝ သူ အာရှအလုပ်သမား
သောင်းပေါင်း များစွာတွင် ပါ၀င်ကြောင်း မိုက်ဂရန့် အင်တာနေရှင်နယ်အဖွဲ့က ပြောသည်။

သမ္မတ၏ ရွှေကပြောင်းလုပ်သားများ ရေးရာ အကြံပေးတစ်ဦးလည်းဖြစ်သူ ဒုတိယ သမ္မတဂျေဂျို
မာဘင်နေက "ထောင်ပေါင်းများစွာသည် ၎င်းတို့၏အလုပ်အကိုင် အနေအထားကို ပြုပြင် ရန်
မျှော်လင့်နေဆဲဖြစ်ကြောင်း" ဖော်ပြ လျက် ဆော်ဒီအစိုးရအား နောက်ဆုံး သတ်မှတ်ရက်ကို
တိုးပေးရန် မေတ္တာ ရပ်ခံခဲ့သည်။

(အေအက်ဖ်ပီ)