ဘန်ကောက် - ထိုင်းနိုင်ငံ၏ အပန်းဖြေစခန်းတစ်ခုဖြစ်သည့် ပတ္တရာကမ်းခြေအလွန်၌
ကမ္ဘာလှည့်ခရီးသည်များ အပြည့် တင်လာသည့် ဖယ်ရီသင်္ဘော တစ်စင်း နိုဝင်ဘာလ ၃ ရက်က
နစ်မြုပ် ခဲ့ရာ နိုင်ငံခြားသားသုံးဦး အပါအဝင် ခရီးသည်ခြောက်ဦး သေဆုံးခဲ့သည်။
လူ ၁၅ ဦးမှာလည်း ဒဏ်ရာပြင်း ထန်စွာရခဲ့ကြောင်း ပတ္တရာ ရဲတပ်ဖွဲ့က ပြောသည်။ ပတ္တရာ
အပန်းဖြေစခန်း သည် ည ပွဲလမ်းသဘင်များကြောင့် နာမည်ကျော်ကြားသည့် မြိုကဖြစ်သည်။
ပတ္တရာ၏ နီယွန်မီးများ ထွန်းထား သည့် ကမ်းခြေတစ်လျှောက် ကြက်သေ သေပြီး လမ်းလျှောက်
လာကြသည့် ကမ္ဘာ လှည့်ခရီးသည်များကို သူနာပြုယာဉ် များက စောင့်ဆိုင်းခေါ်လျက်ရှိသည့်
မြင်ကွင်းကို ရုပ်မြင်သံကြားမှတစ်ဆင့် မြင်တွေ့ရသည်။
စောစောပိုင်းသတင်းများအရ နစ် မြုပ်နေသည့် သင်္ဘောအတွင်း၌ ခရီးသည် များ ပိတ်မိနေသည်
ဆိုခဲ့သော်လည်း ကျန်ရှိသည့်ခရီးသည် ၁၅၀ လောက်ကို ပင်လယ်ထဲမှ ဆယ်ယူခဲ့ကြောင်း ပတ္တ
ရာမြို့ ရဲတပ်ဖွဲ့အကြီးအကဲကပြောသည်။ နှစ်ထပ်ဖယ်ရီသင်္ဘောသည် ပတ္တရာအနီးရှိ ကိုလန်ကျွန်း
ကလေးအနီး နိုဝင် ဘာလ ၃ ရက် မွန်းလွဲအချိန်က နစ်မြုပ် ခဲ့ခြင်းဖြစ်သည်။
လူ ပြည့်လျှံအောင် တင်ထားသည့် ဖယ်ရီသင်္ဘော၏ စက်ချို့ယွင်းသွားရာ မှ ခရီးသည်များ
သင်္ဘောတစ်ဖက်တည်းသို့ စုပြံုပြေးသွားကြရာမှ သင်္ဘောစောင်း ပြီး နစ်သွားကြောင်း ဒေသခံ
မီဒီယာ သတင်းများက အပြစ်တင်ကြသည်။ ဖယ်ရီသင်္ဘော ခရီးသည်များ၏ ဆွေ မျိုးများက
ဒေသခံ အရေးပေါ်ဝန်ဆောင် မှုများကို ဒေသစံတော်ချိန် ညနေ ၅ နာရီ တွင် သတိပေးနှိုးဆာ်
ခဲ့ရာမှ ကယ်တင်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
ခရီးသည်တစ်ဝက်လောက်မှာ ရုရှား နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များ ဖြစ် ကြောင်း
ဘန်ကောက်မြို့ရှိ ရုရှားသံရုံး မှ အရာရှိတစ်ဦး၏ ပြောဆိုချက်ကို Ria Novosti သတင်းဌာန
ကဖော်ပြခဲ့သည်။
ဘန်ကောက်မြို့မှ မိုင် ၁၀၀ ခန့်ဝေး သည့်ပတ္တရာသည် ထိုင်းနိုင်ငံ၏ လူကြိုက် အများဆုံး အပန်း
ဖြေစခန်းတစ်ခု ဖြစ်ပြီး ရုရှားနိုင်ငံသားများအတွက် အားလပ်ရက်အတွင်း အဖွဲ့လိုက် လာ ရောက်
သည့် ဒေသတစ်ခုဖြစ်သည်။
မေလအတွင်းက ကမ္ဘာလှည့်ခရီးသည်များလာလေ့ရှိသည့် ဖူးခက်ကျွန်း အနီး ကြီးမားသည့် လှိုင်း
ရိုက်ခတ်မှု ကြောင့် ကမ္ဘလှည့်ခရီးသည်တင် ဖယ်ရီနစ်မြုပ်သွားခဲ့ရာ ခရီးသည် ၁၀၀ ကျော်ကို
ကယ်တင်လိုက်ရသည်။
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များနှင့်ပတ်သက်သည့် လူသတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့်
တရုတ်နိုင်ငံနျင့် ဥရောပသမဂ္ဂမှ သံတမန်များက စိုးရိမ် မှုများကိုပြောဆိုခဲ့သည်။
(အေအက်ဖ်ပီ)

















