အင်ဒိုနီးရှားနိုင်ငံက ဩစတြေးလျနှင့် ပူးပေါင်းဆောင်ရွက်မှုကို သုံးသပ်နေ

အင်ဒိုနီးရှားနိုင်ငံက ဩစတြေးလျနှင့် ပူးပေါင်းဆောင်ရွက်မှုကို သုံးသပ်နေ

ဂျကာတာ - အင်ဒိုနီးရှား သမ္မတ၏ဖုန်း ကို ဩစတြေးလျနိုင်ငံက ခိုးနားထောင် ခဲ့သည်ဟု
ပြောဆိုသံများနှင့် ပတ်သက် ပြီး အင်ဒိုနီးရှားနိုင်ငံက ၎င်း၏သံအမတ်ကို ဩစတြေးလျနိုင်ငံမှ
ပြန်လည် ခေါ်ယူခဲ့ပြီး နောက်တစ်နေ့ နိုဝင်ဘာ လ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ က ဩစတြေး
လျနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်မှုကို ပြန်လည် သုံးသပ်လျက် ရှိကြောင်း သမ္မတ ဆူစီလိုဘမ်ဘန်း
ယူဒိုယိုနိုက ပြောကြားခဲ့သည်။

အမေရိကန် ထောက်လှမ်းရေး ဟောင်း၏ ဒုတိယအကြိမ် ဖွင့်ချမှု၌ပါရှိ သည့် ဩစတြေးလျ
ထောက်လှမ်းရေး အေဂျင်စီက အင်ဒိုနီးရှားသမ္မတ အပါ အဝင် သမ္မတ၏ဇနီးနှင့် ၀န်ကြီးများ၏
ဖုန်းပြောဆိုမှုများကို ခိုးနားထောင်ရန် ကြိုးစားခဲ့သည်ဟူသည့် ကိစ္စနှင့်ပတ် သက်ပြီး ဩစတြေး
လျနိုင်ငံက အပြစ် ရှိသည်ဟု ခံယူမထားသည့်အတွက် ဩစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့
ကို အင်ဒိုနီးရှား သမ္မတက ပြစ်တင် ပြောဆိုခဲ့သည်။

အဆိုပါဖွင့်ချမှုများက အစောပိုင်းက ထွက်ပေါ်ခဲ့သည့် ထောက်လှမ်းရေး ဆိုင်ရာ စွပ်စွဲချက်များနှင့် ဩစတြေးလျ နိုင်ငံသို့ ရောက်လာသော လှေစီးပြေးဒုက္ခသည်ကိစ္စတို့နှင့် ပတ်သက်ပြီး နှစ် နိုင်ငံကြား
တင်းမာမှုများ ရှိထားပြီဖြစ် သည့် အင်ဒိုနီးရှားနှင့် ဩစတြေးလျ နိုင်ငံတို့၏ နှစ်နိုင်ငံ ဆက်ဆံရေးတွင်
နောက်ထပ်တင်းမာမှုများကို ပေါ်ပေါက် စေခဲ့သည်။

"ဩစတြေးလျနိုင်ငံရဲ့ ထိခိုက်စေတဲ့ အပြုအမူကြောင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို အင်ဒိုနီးရှား
နိုင်ငံက ပြန်သုံးသပ်နေပါတယ်" ဟု အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒွပ်စနိုး ဒန်၏ ဩ
စတြေးလျနိုင်ငံနှင့် ပတ်သက်ပြီး ဖွင့်ချခဲ့သည့် အချက်အလက်များကို ရည်ညွှန်းကာ ယူဒိုယိုနိုက
တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

အင်ဒိုနီးရှားနှင့် ဩစတြေးလျနိုင်ငံတို့သည် မဟာဗျူဟာမြောက်အရေးပါ သည့်ကုန်သွယ်ဖက် နိုင်ငံ
များဖြစ်ကာ ခိုလှုံခွင့်တောင်းခံသူများကိစ္စနှင့် အကြမ်း ဖက်ဆန့်ကျင်ရေး ဆောင်ရွက်မှုများ အပါ
အဝင် ကိစ္စတော်တော်များများတွင် အတူအကွ ပူးပေါင်းဆောင်ရွက်မှုများ လည်းရှိသည်။

"အင်ဒိုနီးရှားနိုင်ငံမှာ ဖုန်းခိုးနားထောင်ခံရတဲ့ကိစ္စက တစ်စုံတစ်ရာအပြစ်ရှိတယ်လို့ ခံယူနေစရာ
မလိုလောက်အောင် အသေးအမွှားကိစ္စရပ် တစ်ခုဖြစ်ပါတယ်' လို့ ဖော်ပြထားတဲ့ ဩစတြေးလျ
၀န်ကြီးချုပ်ရဲ့ ကြေညာချက် ကို ကျွန်တော်ရှုတ်ချပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် နိုင်ငံကလည်း ဂျကာတာမြို့၌ရှိသည့် အမေရိကန်သံရုံးမှနေ၍ အင်ဒိုနီးရှားနိုင်ငံ
ကို ထောက် လှမ်းမှုများ ပြုလုပ်နေသည်ဆိုသည့်ပြောဆိုမှုများကို ရည်ညွှန်းပြီး အမေရိကန်နှင့် ဩ
စတြေးလျနိုင်ငံတို့၏ လုပ်ရပ် က ၎င်းတို့ မိတ်ဖက်နိုင်ငံများနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကို အလွန်ထိခိုက်
နစ်နာစေသည်ဟု ၎င်းကပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းချက်ပေးရန်၊ သို့မဟုတ် တောင်းပန်ရန်အတွက် သမ္မတ ယူဒိုယိုနို
ကိုတိုက် ရိုက်ဆက်သွယ်မည့် အစီအစဉ် ရှိမရှိကို ပြောကြားရန်ကိုမူ ဩစတြေးလျ ၀န်ကြီး ချုပ်
အက်ဘော့ နိုဝင်ဘာလ ၁၉ ရက် နေ့ကငြင်းပယ်ခဲ့သည်။

"ကျွန်တော်က အင်ဒိုနီးရှားနိုင်ငံနဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ နီးကပ် တဲ့ ဆက်ဆံရေးကို
ပျက်စီးစေနိုင်မယ့် ဘယ်လို အပြုအမူ ပြောဆိုမှုမျိုးကိုမှလုပ် မှာမဟုတ်ပါဘူး။ ထောက်လှမ်းရေး
လုပ်ငန်းနဲ့ပတ်သက်တဲ့ ဘယ်လိုကိစ္စမျိုးကိုမှလည်း ပြောမှာမဟုတ်ပါဘူး။ အမှန်တော့ အင်ဒိုနီး
ရှားနဲ့ ကျွန်တော်တို့ ရဲ့ဆက်ဆံရေးက အလွန်ကောင်းမွန်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)