မဟာဗောဓိစေတီ ထိုင်း ဗုဒ္ဓ ဘာသာဝင်များ ၊ရွှေသင်္ကန်းကပ်

မဟာဗောဓိစေတီ ထိုင်း ဗုဒ္ဓ ဘာသာဝင်များ ၊ရွှေသင်္ကန်းကပ်

ပတ္တ - ဗုဒ္ဓဘာသာဝင်တို့၏ အမြင့် မြတ်ဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်သော အိန္ဒိယ
နိုင်ငံရှိ မဟာ ဗောဓိစေတီတော်ကို ထိုင်းဘုရင်မင်း မြတ်နှင့် ဗုဒ္ဓဘာသာဝင် ထိုင်းပြည်သူ လူထုက
လှူဒါန်းသော ရွှေကီလိုဂရမ် ၃၀၀ (ပေါင် ၆၆၀) ဖြင့် ရွှေပြားသင်္ကန်း များ ကပ်လှူမည်ဟု နိုဝင်ဘာလ
၁၄ ရက် တွင် တာဝန်ရှိသူများက ပြောကြားသည်။

တန်ဖိုးကြီးလှသည့် ရွှေစင်ရွှေပြားများ ကို ဘန်ကောက်မြို့မှ အထူးလေယာဉ် ဖြင့် နိုဝင်ဘာလ ၁
ရက်ညပိုင်းတွင် ယူ ဆောင်လာပြီး ဘီဟာပြည်နယ်မြို့တော် ပတ္တနာမှ ကီလိုမီတာ ၁၀၀ ခန့်ကွာဝေး
သော ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ထားရာ ဗုဒ္ဓဂယာတွင် လက်နက်ကိုင် အစောင့်အကြပ်များ
ဖြင့် ထားရှိသည်။

ထိုင်းနိုင်ငံမှ ကျွမ်းကျင်သူများနှင့် ကွန်မန်ဒိုတပ်ဖွဲ့ဝင် နှစ်ဒါဇင် အပါအဝင် အဖွဲ့ဝင် ၄၀ ပါ၀င်သော
အဖွဲ့သည် ရွှေစင် ရွှေပြားများထည့်ထားသော သေတ္တာ ၁၃ လုံးနှင့်အတူ ဗုဒ္ဓဂယာသို့ ရောက်ရှိ
လာကြောင်း ဘုရားဂေါပကအဖွဲ့ဝင် အာဗင်းကူမားဆင်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြား
သည်။

လှူဒါန်းမည့်ရွှေများသည် လက်ရှိ နိုင်ငံတကာ ဈေးနှုန်းအရ ဒေါ်လာ ၁၄ ဒသမ ၅ သန်းခန့်တန်ပြီး
ရွှေပြားကပ်လှူသည့်လုပ်ငန်းသည် တစ်လခန့်ကြာမည်ဟု သိရသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁,၅၀၀
ခန့်က တည်ထားကိုးကွယ်ခဲ့သော မဟာဗောဓိ စေတီသည် ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်း
၀င်ဖြစ်ပြီး ဘီစီ ၅၃၁ ခုနှစ် ၌ ဗုဒ္ဓမြတ်စွာ ဗောဓိပင်နှင့် ရွှေပလ္လင် တွင် သဗ္ဗညုတ ရွှေဉာဏ်တော်
ရရှိခဲ့သည့် နေရာဖြစ်သည်။

ထိုင်းဘုရင်က ကီလိုဂရမ် ၁၀၀ ရှိ ရွှေစင်ရွှေပြားများကိုလှူခဲ့ပြီး ကျန်သော ရွှေများကို ထိုင်း ဗုဒ္ဓဘာ
သာဝင်များက လှူဒါန်းကြောင်း မဟာဗောဓိစေတီ ဂေါပကအဖွဲ့၏အတွင်းရေးမှူး အင်ဒို ဂျီကပြောသည်။

ရွှေပြားကပ်လှူခြင်းလုပ်ငန်း၏ ပထမ အဆင့်အဖြစ် အဆောက်အအုံကို ဓာတုဗေဒနည်းဖြင့် လုပ်
ဆောင်ခြင်းသည် ဩဂုတ်လ၌ ပြီးစီးသွားပြီဖြစ်ကြောင်း နှင့် ၎င်းသည် ရွှေပြားများအတွက် အောက်ခံ
ဖြစ်ကြောင်း ၎င်းက အေ အက်ဖ်ပီသို့ ပြောကြားသည်။ ကျွမ်းကျင် ပညာရှင်များ ရွှေစင်ရွှေပြားများ
ကပ် လှူနိုင်ရန် စေတီတော်ပေါ်သို့ တက်နိုင် ရေးအတွက် ငြမ်းများဆင်ထားသည်။

ဇူလိုင်လ၌ ဗုံးငယ်ကိုးလုံး ၀တ္တကမြေပေါ်တွင် ပေါက်ကွဲခဲ့ပြီး ရဟန်းနှစ်ပါးထိခိုက်ခဲ့ရာ ယခု ရွှေပြား
ကပ်သည့် လုပ်ငန်း ချောမောစွာပြီးမြောက်နိုင်ရေးအတွက် လုံခြံုရေး နောက်ထပ်အရန်တပ်ဖွဲ့များချ
ထားသည်ဟု ဂယာခရိုင် ရာဇဝတ်တရားသူကြီး ဘာလာမူရူဂန်ဒီက ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)