တရုတ် ကိတ်မုန့်လုပ်ငန်းသူဌေး ရဲတိုက်များဆောက်

တရုတ် ကိတ်မုန့်လုပ်ငန်းသူဌေး ရဲတိုက်များဆောက်

ချုံကျင်း - တရုတ်နိုင်ငံ သမိုင်းတွင်မြို့ ကြီးများကို အဆောက်အအုံပုံစံ အမျိုး မျိုးဖြင့်
အရှိန်အဟုန်အကြီးမားဆုံး တိုးချဲ့ ပြုပြင်တည်ဆောက်နေသည့် ယနေ့ ခေတ်၌ ကိတ်မုန့်နှင့်
အစားအသောက် များ ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်တစ်ဦးသည် ဗိသုကာဆိုင်ရာ ရှုမြင်
ခံစားလိုသည့် အထုံဝါသနာကြောင့် ကြီးကျယ်ဆန်းပြားသည့် ရဲတိုက်ပုံစံ အဆောက်အအုံများကို
ငွေကြေးများစွာ အကုန်အကျခံ၍ တည်ဆောက်လျက်ရှိသည်။

"သစ်ပင်စိုက်တာနဲ့ ရဲတိုက်တွေဆောက်လုပ်တာကလွဲပြီး ကျွန်တော့် မှာ တခြား ဘာဝါသနာမှမပါ
ဘူး"ဟု လျူ ချုံဟွာက သူဆောက်လုပ်ထားသော ရဲတိုက်အဆောက်အအုံ ခြောက်ခု အနက်
အကြီးဆုံးပေါ်ရှိ ပြအိုးပေါ်တွင်မတ်တတ်ရပ်လျက် ပြောသည်။

သူ ကလေးဘဝက ဘုရင့်သမီးပုံပြင်နှင့်ရဲတိုက်ပုံပြင်များကို ကြားခဲ့ရကြောင်း၊ ကြီးပြင်းလာချိန်တွင်
နေ့စဉ် ၀မ်းဟောင်း လောင်းဖြင့် နေခဲ့ရပြီး နိုင်ငံရေးမတည် ငြိမ်သည့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း
မြောင်းများတူးပေးခဲ့ရကြောင်း အသက် ၅၉ နှစ်အရွယ် လျူက ပြောပြသည်။

လျူသည် သူ့စီးပွားဥစ္စာ အခိုင်အမာရရှိလာသည့်အခါ "ကျွန်တော့်စိတ်ကူးထဲက ရဲတိုက်တွေကို
တစ်ခုခုဖြစ်လာအောင်လည်း တကယ်လုပ်ဦးမယ်"ဟု ဆိုသည်။ လျူကား မိမိ၏ ချမ်းသာကြွယ်ဝမှု
ကို တစ်မူထူးခြားသည့် စီမံချက်လုပ်ငန်း များ ပုံအောလုပ်ကိုင်နေသော တရုတ် သန်းကြွယ်သူဌေး
လေးငါးယောက်ထဲတွင် ပါ၀င်နေသူဖြစ်သည်။


 

သို့သော် သူ့အဆောက်အအုံ ဒီဇိုင်း ပုံများကြောင့် အသက်ဘေး ကြံုရသည် အထိ ချုံကျင်းမြို့မှ
တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။ လျူတွင် ဥရောပဒေသမှ ရဲတိုက်များ ၏ ဓာတ်ပုံ
စာအုပ်ရှိနေရာ တည်ဆောက် ရန် အလွန်လွယ်ကူသော ဥရောပရဲတိုက် များ၏ ဗိသုကာ အငွေ့
အသက်များ ပါ၀င်နေသည်။

လျူချုံဟွာ ဆောက်လုပ်ခဲ့သည့် ရဲတိုက်ကြီးတစ်ခု။ ဓာတ်ပုံ - အေအက်ဖ်ပီ

ယင်းသို့ တိုင်းတစ်ပါး၏ ဒီဇိုင်းပုံကို အခြေခံထားသော အဆောက် အအုံများ တရုတ်မြေပေါ်တွင်
မရှိစေလိုသူတို့က ဆန့်ကျင်ကန့်ကွက်ကြသည်။ တရုတ်နိုင်ငံ၌ တည်ဆောက်မှု လုပ်ငန်းများ
လူ့သမိုင်းတွင် မရှိခဲ့ဖူးသည့်နှုန်းဖြင့် တိုးချဲ့ ဆောင်ရွက်လျက်ရှိ သည်။

တည်ဆောက်မှုနှင့်အတူမြို့ပြလူဦးရေလည်း ၁၀ နှစ်ကျော်ကာလ အတွင်း နှစ်စဉ်ပျမ်းမျှ သန်း ၂၀
ကျော် နှုန်းဖြင့် တိုးလျက်ရှိသည်။ မြို့ပြဒေသ ကျယ်ပြန့်လာ၍ လူသန်း ပေါင်းများစွာတို့၏ နေထိုင်
မှုအဆင့်အတန်းပါ မြင့်လာသည်။ သို့သော် မိမိ ကမူ တစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ် နေသော
လူနေ အဆောက်အအုံများတိုး ပွားလာခြင်းကို လက်မခံပါဟု ၎င်းက ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံမှာ ရဲတိုက်တွေရှိဖို့လို အပ်ပါတယ်။ မူမတူယှဉ်တွဲမှု လက်ခံတဲ့ ယဉ်ကျေးမှုကို တရုတ်
က လိုအပ်နေ တာကြောင့်ဖြစ်ပါတယ်။ အဖွဲ့အစည်း တစ်ခု ဖွံ့ဖြိုးလာဖို့ဆိုရင် မြို့တစ်မြို့မှာ စိတ်ကူး
ကောင်းရှိတဲ့ လူတွေရှိဖို့လိုအပ်တယ်" ဟုလည်း သူကဆိုသည်။ တစ်မျိုးတစ်စားတည်း ဆင်တူဖြစ်
နေသော တရုတ်မြို့ပြဝန်းကျင်အပေါ် လျူတစ်ဦးတည်းသာ ဘဝင်မကျဖြစ်နေသည်မဟုတ်။

ထိုစဉ်က ဆောက်လုပ်ရေး ဒုတိယဝန်ကြီးဟောင်း ကျူပေါင်ရှိန်း ကလည်း မြို့ပေါင်း ၁,၀၀၀ တစ်ဆင်
တည်းဖြစ်နေကြောင်း ၂၀၀၇ ခုနှစ်က ထုတ်ဖော်ဝေဖန်ခဲ့ဖူးသည်။ တရုတ်မြို့ပြဒေသ တိုးချဲ့ပြုပြင်
တည်ဆောက်ရေးပညာရှင် တွမ်မေလာက "တရုတ် ဘယ်မြို့ပဲဖြစ်ဖြစ် ခင်ဗျားကို လေထီးနဲ့ ပစ်ချ
လိုက်ရင် ခင်ဗျားက ဟိုဟိုဒီဒီကြည့်တဲ့အခါ ဒီဇိုင်းတစ်ခု တည်း တူနေတဲ့အိမ်တွေကို ခင်ဗျား မြင်ရ
မှာပဲ"ဟု ဆိုသည်။

အဆောက်အအုံများကို ယခုလောက် အလွန်အမင်း လျင်မြန်သော နှုန်းဖြင့် ဆောက်လုပ်ရသော
အခါ အနုပညာဆန်ခြင်းများ၊ အသေးစိတ် တိကျခြင်း များကို မထည့်သွင်းနိုင်တော့ကြောင်း ၎င်းက
ရှင်းပြသေးသည်။

အသွင်ထူးခြားသည့် ယခုအဆောက် အအုံများကို လျူက ယွမ်ငွေသန်း ၁၀၀ ကျော် (ဒေါ်လာ ၁၆
ဘီလျံ)သုံး၍ တည်ဆောက်ခဲ့သည်။ ငွေထဲမှအချို့ကို မိတ်ဆွေများထံမှ ချေးထားရသည်ဟု ဆိုသည်။

သူ့အဆောက်အအုံတိုင်း ကို လူတိုင်း အခမဲ့ ၀င်ရောက်ကြည့်ရှု နိုင်သည်။ လျူက အစာသွတ်မုန့်၊
ဘီစကွတ်နှင့် ိမနောူငုန ခေုန ဟု နာမည်ပေးထား သည့် ကိတ်မုန့်များကိုလည်း ထုတ်လုပ် ရောင်း
ချသည်။

"ရဲတိုက်တွေက သိပ်ကြည်နူးစရာကောင်းလိုက်တာ"ဟု အဖြူရောင်လက်ထပ်ဝတ်စုံဝတ်လျက်
ရဲတိုက် အပြင်ဘက်တွင် ဓာတ်ပုံအရိုက်ခံနေ သော ွသေ ဆိုသူ အမျိုးသမီးကပြော သည်။ လျူ၏
လုပ်ငန်းအခြေစိုက်ရုံးချုပ် ကို ဤရဲတိုက်နံဘေး၌ ဖွင့်ထားသည်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ရဲတိုက်
တစ်ခု ၏ ၁၆ မီတာမြင့်သည့် အဝင်ဂိတ်ကို ဒေသခံတာဝန်ရှိသူတို့က မြေတူးစက်များဖြင့် ဖြိုချလိုက်
၍ သူစိတ်အပျက်ကြီး ပျက်ခဲ့ရသည်ဟုဆိုသည်။ အစိုးရက သူ့ဆောင်ရွက်ချက်ကို မည်သည့်အခါ
မျှ အသိအမှတ်မပြု။ မိမိအား ကားဖြင့်ပင်တိုက်သတ်မည်ဟု တယ်လီဖုန်းဖြင့် ခြိမ်းခြောက်မှုများရှိ
နေသည်ဟုလည်း ဆိုသည်။

သို့သော် တရုတ် သန်းကြွယ်သူဌေး အချို့က လျူ ကုမ္ပဏီပိုင် မြေပေါ်တွင် အီဂျစ်၊ ဂျီဇာဒေသမှ
ပိရမစ်ကြီး၏ ပုံတူ နှင့် ပြင်သစ်မှ ဗာဆေးနန်းတော်ပုံတူ များ တည်ဆောက်ပေးရန်ရှိနေသည်။

လျူက "ကျွန်တော့်စိတ်ကူးတွေ တစ် ၀က်တော့ပြီးသွားပါပြီ"ဟု ဆိုသည်။ "လူ တွေအံ့ဩသွား
အောင် ပိုကောင်း၊ ပိုဆန်း ပြားတဲ့ ရဲတိုက်တွေ ဆက်လက်တည် ဆောက်သွားပါမယ်" "ဟိုးခပ်
ဝေးဝေးက တောင်ကမူကလေးပေါ်မှာ ဒီထက်ပိုကြီးတဲ့ ရဲတိုက် ကို ကျွန်တော်ဆောက်ဦးမှာပါ"ဟု
သစ် ရိပ်များလွှမ်းနေသော တောင်ကုန်း တစ်ခုဆီကိုညွှန်လျက် တသသကြည့် ရင်း သူ့စိတ်ကူးများ
ကို ပြောပြသည်။

 

(အေအက်ဖ်ပီ)